2020 အတွက် 4K နဲ့ 8K QLED မျက်နှာပြင်နဲ့ TV line up ကိုမိတ်ဆက်လိုက်တဲ့ Samsung
မတ်လ 5 ရက်နေ့တုန်းကSamsung က 2020 အတွက် TV line up ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်။ မနှစ်ကထက် 8K modelတွေပိုများလာပြီး Flagship level ဖြစ်တဲ့ Q950TS မော်ဒယ်မှာလုံးဝကိုဘောင်မရှိတော့ပါဘူး။ Samsung ကတော့ သုံးစွဲသူတွေအနေနဲ့ TV နဲ့အကွာအဝေး ၁၀ ပေကနေ ၁၅ ပေမှကြည့်ရင်ဘေးဘောင်တွေဟာလုံးဝကိုပျောက်သွားမှာဖြစ်ပြီး TV ကိုလေထဲဝဲနေသရောင်သက်ရောက်မှုမျိုးကိုပေးစွမ်းနိုင်မယ်လို့ဆိုပါတယ်။ Xbox series X နဲ့ PlayStation 5 ကိုဝယ်ယူဖို့စဉ်းစားနေတဲ့သူတွေကတော့ 4K မော်ဒယ်ကိုပိုပြီးမျက်စိကျနေကြပါတယ်။
Refresh rate ကိုအမျိုးမျိုးအလိုက်သင့်ပြောင်းလဲပေးတဲ့လုပ်ဆောင်ချက်ကိုတော့ Samsung က Q60T မှာ Real Game Enhancer Plus လို့ခေါ်ဆိုပြောင်းလဲလိုက်ပါတယ်။အဲ့ဒိလုပ်ဆောင်ချက်နဲ့အတူရုပ်ပုံတွေရဲ့ချိန်ညှိချက်တွေကိုအခန်းရဲ့အလင်းကိုလိုက်ပြီးပြောင်းလဲပေးတဲ့ adaptive picture လဲပါဝင်လာပါတယ်။

TV အများစုရဲ့အသံပိုင်းဆိုင်ရာလုပ်ဆောင်ချက်ကအလယ်အလတ်အဆင့်မှာပဲရှိတဲ့အတွက်ဒီနှစ် TV line up မှာ Samsung ကအသံပိုင်းဆိုင်ရာကိုအဓိကအာရုံစူးစိုက်ထားပါတယ်။ယခု TV အသစ်မှာ active voice amplifier ပါဝင်လာပြီးစကားပြောအသံတွေကိုမလွတ်သွားအောင်အနည်းငယ်ကျယ်ပေးလိုက်တာပါ။ Q80 မော်ဒယ်မှာတော့အပေါ်နဲ့အောက် စပီကာတွေကိုအသုံးပြုပြီး 3D sound effects နဲ့ နှစ်လိုဖွယ်အသံပိုင်းအတွေ့အကြုံတွေပေးစွမ်းနိုင်ဖို့ object tracking sound လုပ်ဆောင်ချက်တွေပါဝင်လာပါတယ်။ နံရံကပ် TV တွေအတွက်နံရံနဲ့မျက်နှာပြင်ကိုတသားတဲ့ကျနေစေမဲ့လုပ်ဆောင်ချက်လဲပြန်လည်ပါဝင်လာပါတယ်။ဂိမ်းကစားနေရင်းနဲ့သီချင်းနားထောင်ချင်သူနဲ့ YouTube ကြည့်ချင်သူတွေအတွက် Application နှစ်ခုတပြိုင်တည်းသုံးနိုင်မဲ့ Multiwindowလုပ်ဆောင်ချက်လဲထဲ့သွင်းပေးထားပါတယ်။

8K နဲ့ 4K မော်ဒယ်အချိုရဲ့စျေးနှုန်းကတော့အောက်ပါအတိုင်းပါ။
8K
Q800T: 65 ($3,500), 75 ($5,000), 82 ($7,000) inches
4K
Q90T: 55, 65 ($2,500), 75, 85 inches
Q80T: 49 ($1,100), 55 ($1,300), 65 ($1,800), 75 ($2,800), 85 ($4,000) inches
Q70T: 55 ($1,000), 65 ($1,300), 75 ($2,200), 82, 85 ($3,300) inches
Q60T: 43, 50, 55, 58, 65, 75, 85 inches
Author : Hein Htet
Ref: theverge
Photo Crd: Engadget