Find X2 series ကို OPPO မှတရားဝင်မိတ်ဆက်

Find X2 series မှာ120 MHz နဲ့ အတူ AMOLED display ကို 240 Hz touch-sensing တို့ပါဝင်လာတာပဲဖြစ်ပါတယ်။Processor အနေနဲ့ Snapdragon 865 ကို RAM 12GB နဲ့တွဲဖက်ပါဝင်လာတာပဲဖြစ်ပါတယ်။ Find X2 မှာ ထူးခြားချက်အနေနဲ့ intelligent brightness နဲ့ Ultra drakmode တို့ပါဝင်ပြီး Sound System အတွက်တော့ Stereo speaker ကို Dolby atmos နဲ့တွဲဖက်ပြီးအကောင်းဆုံးအသံပိုင်းအတွေ့အကြုံကိုပေးစွမ်းနိုင်မယ်လို့သိရပါတယ်။ Video ပိုင်းအတွက်လဲ HDR video Enhancement လဲပါဝင်လာပြီး OPPO ကတော့အကောင်းဆုံးနဲ့ immersive အဖြစ်ဆုံးအတွေ့အကြုံကိုပေးစွမ်းနိုင်မယ်လို့ကြွားထားပါတယ်။

Camera ပိုင်းအတွက် Specification တွေကတော့ 48MP Ultra wide camera, 48MP wide-angle Camera. 13MP Periscope telephoto တို့ပဲဖြစ်ပြီး ဆယ်ဆကနေ အဆခြောက်ဆယ်အထိ digital zoom ဆွဲနိုင်မည်လို့လဲပြောထားပါတယ်။ Dual tone flash လဲထောက်ပံ့ပေးထားပါတယ်။ selfie camera ကတော့ 32MP ရှိပါမယ်။ DXOMARK နဲ့ပူးပေါင်းပြီး sensor ကိုတော့ Sony sensor ကိုသုံးပေးထားပါတယ်။

ကင်မရာအကြောင်းအသေးစိတ်ကတော့တကယ်ရိုက်ကြည့်မှပဲသိရမှာပါ။ ကျွန်တော်တို့ Battery ကိုတော့ findX2 pro မှာ 4260 mAh နဲ့ findX2 မှာတော့ 4200 mAh တို့ပါဝင်မှာဖြစ်ပါတယ်။ charging အတွက် နာမည်ကြီး super vooc 2.0 ကိုသုံးရမှာဖြစ်ပါတယ်။ Softwareပိုင်းမှာ‌တော့ Android 10 နဲ့အတူ Custom OS ဖြစ်တဲ့ Color OS 7.1 တို့အဆင်သင့်သုံးရမှာပဲဖြစ်ပါတယ်။ Fingerprint ကတော့ flagship ဖုန်းတွေရဲ့ထုံးစံအတိုင်း under-display fingerprint ဖြစ်ပါတယ်။ FindX pro ကိုတော့ လက်ရှိပေါက်စျေးနဲ့ဆိုရင် 1190 EURO မြန်မာငွေ ၁၈သိန်းဝန်းကျင်နဲ့ Find X2 ကိုတော့ 999 EUROS မြန်မာငွေ ၁၅သိန်းဝန်းကျင်လောက်တော့ရှိပါမယ်။

Author : Hein Htet ( Phase II )

Ref : OPPO

Previous
Previous

Samsung A01 review, One UI 2.0 ကဒီဖုန်းကိုဝယ်ဖို့လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်သွားပြီလား?

Next
Next

တတိယမျိုးဆက် iPad တွေမှာ Blank screen ပြဿနာကိုအလကားပြင်ပေးသွားမဲ့ Apple