ဖိုက်ဘာ ကာဗာပုံနဲ့ပေါက်ကြားလာတဲ့ Google pixel 4A, နောက်ကျောဘက် လက်ဗွေဆင်ဆာနဲ့နားကြပ်ပေါက်ပါဝင်လာ
ယခုထွက်ရှိလာတဲ့ပုံရိပ်တွေကတော့ Google ရဲ့မကြေငြာရသေးတဲ့ Pixel 4A မနှစ်ကအလယ်အလတ်ဖုန်းဖြစ်တဲ့ 4A ရဲ့မျိုးဆက်ဖြစ်ပါတယ်။ယခုပုံတွေကိုတော့ တွစ်တာမှာ TechDroider တင်ခဲ့တဲ့ပုံတွေပဲဖြစ်ပြီးဒီဖုန်းဟာ Pixel 4 စတိုင်ဖြစ်ပြီးစတုရန်းပုံကင်မရာနဲ့ရှေ့ဘက်ဒီဇိုင်းမှာတော့ Hole Punch selfie camera နဲ့ဖြစ်ပါတယ်။ ဒီဖုန်းပုံကတော့ဖိုင်ဘာကာဗာတပ်ထားပုံပဲဖြစ်ပါတယ်။ Clean OS နဲ့နာမည်ကြီးတဲ့ Google ဖုန်းတွေကတော့ Midrange စျေးကွက်မှာဒီ့ထက်ပိုပြီးနေရာရလာမလားဆိုတာတော့ Pixel 4A ကြေငြာပီးနောက်ပိုင်းစောင့်ကြည့်ရဦးမှာပါ။

နောက်ထပ်ပုံတွေကတော့ကာဗာချွတ်ထားတဲ့ရှေ့ပြေးပုံစံတွေဖြစ်နိုင်ပါတယ်။ပုံတွေကတရားဝင်မဟုတ်သေးတော့ဘာမှတော့တပ်အပ်ပြောလို့မရသေးပါဘူး။ Pixel 3A မှာပါတဲ့ နောက်ကျောဘက် Fingerprint နဲ့နားကြပ်ပေါက်ကတော့ပြန်ပါလာပါတယ်။ဒါပေမဲ့ဒီဖုန်းက ကင်မရာထားတဲ့ပုံစံကတော့မနှစ်က Pixel 4 နဲ့ဆင်တူပါတယ်။ကင်မရာကိုအနီးကပ်သေချာကြည့်မယ်ဆိုရင်ကင်မရာတစ်လုံးနဲ့ flash မီးတစ်လုံးကိုထောင့်ဖြတ်ထည့်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Google ကတော့ဖုန်းနှစ်လုံးစလုံးရဲ့ ဖိုင်ဘာကာဗာတွေကိုစတင်ရောင်းချနေပြီဖြစ်ပါတယ်။ XDA-Developerတွေရဲ့ဖော်ပြချက်အရဒီဖုန်းက Snapdragon 730 processor နဲ့ 5G ပါဝင်လာဖို့ကတော့မသေချာတော့ပါဘူး။ ဒီဖုန်းရဲ့ Hardware specs အတိအကျနဲ့စျေးနှုန်းကတော့မသိရသေးပါဘူး။

အဲ့တော့ဒီဖုန်းကို Google ကဘယ်တော့ကြေငြာမလဲဆိုတာတော့သေချာမသိရသေးပါဘူး။ မနှစ်ကဖုန်းအသစ်ကိုချပြခဲ့တဲ့ I/O developer conference ကိုလဲဖျက်သိမ်းလိုက်တော့ Online ပေါ်ကပဲကြေငြာမလားဆိုတာတော့စောင့်ကြည့်ရဦးမှာပါ။
Author : Hein Htet ( Phase II )
Ref : the Verge