တတိယမျိုးဆက် iPad တွေမှာ Blank screen ပြဿနာကိုအလကားပြင်ပေးသွားမဲ့ Apple

Apple မှ တတိယမျိုးဆက် iPad တွေအတွက် screen မှာ Blank ဖြစ်သွားတဲ့ပြဿနာကိုအလကားပြုပြင်ပေးသွားမဲ့အစီအစဉ်ကိုကြေငြာလိုက်ပါတယ်။စကရင်မှာ Flicker နဲ့ Flash ထတဲ့ Tablet ပိုင်ရှင်တွေအတွက်ဖြစ်ပြီး Apple ကတော့ဒီပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာကိုမရှင်းပြထားသလိုဘယ်နှလုံးဖြစ်သလဲဆိုတာလဲမပြောပြထားပါဘူး။ Apple ကတော့ဒီပြဿနာဟာမတ်လ ၂၀၁၉ နဲ့ အောက်တိုဘာ ၂၀၁၉ မှာထုတ်တဲ့ တတိယမျိုးဆက်သစ် iPad Air မှာဖြစ်တယ်လိုတော့ဆိုပါတယ်။ဒီပြဿနာတွေနဲ့သာကိုက်ညီမှုရှိတယ်ဆိုရင် Apple ရဲ့တရားဝင်အပြင်ဆိုင်တွေမှာအခမဲ့ပြင်ဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။ iPad ပိုင်ရှင်တွေအနေနဲ့ Apple ရဲ့တရားဝင်အရောင်းဆိုင်တွေမှာဖြစ်ဖြစ်အပြင်ဆိုင်တွေမှာဖြစ်ဖြစ်ဒီအစီအစဉ်မှာအကျုံးဝင်လားဆိုတာကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

စကရင်မှာ Flicker နဲ့ Flash ထတဲ့ Tablet ပိုင်ရှင်တွေအတွက်ဖြစ်ပြီး Apple ကတော့ဒီပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာကိုမရှင်းပြထားသလိုဘယ်နှလုံးဖြစ်သလဲဆိုတာလဲမပြောပြထားပါဘူး။ Apple ကတော့ဒီပြဿနာဟာမတ်လ ၂၀၁၉ နဲ့ အောက်တိုဘာ ၂၀၁၉ မှာထုတ်တဲ့ တတိယမျိုးဆက်သစ် iPad Air မှာဖြစ်တယ်လိုတော့ဆိုပါတယ်။ဒီပြဿနာတွေနဲ့သာကိုက်ညီမှုရှိတယ်ဆိုရင် Apple ရဲ့တရားဝင်အပြင်ဆိုင်တွေမှာအခမဲ့ပြင်ဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။ iPad ပိုင်ရှင်တွေအနေနဲ့ Apple ရဲ့တရားဝင်အရောင်းဆိုင်တွေမှာဖြစ်ဖြစ်အပြင်ဆိုင်တွေမှာဖြစ်ဖြစ်ဒီအစီအစဉ်မှာအကျုံးဝင်လားဆိုတာကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်ပိုင်ရှင်တွေအနေနဲ့ Apple Support ကိုဖုန်းဆက်ပြီး mail-in service နဲ့ Apple repair center တွေကိုပေးပို့ပြီးပြင်ဆင်လို့လဲရပါတယ်။ ဒါပေမယ့်အဲ့လိုမပို့ခင် iPad Air ပိုင်ရှင်တွေအနေနဲ့မိမိတို့ရဲ့ iPad ထဲမှကိုယ်ရေးကိုယ်တာအချက်အလက်တွေကို iCloud ဒါမှမဟုတ် ကွန်ပြုတာထဲပြောင်းရွေ့ထားဖို့တော့လိုပါလိမ့်မယ်။

Apple မှ Original iPad ကိုလွန်ခဲ့တဲ့ဆယ်နှစ်က Steve Jobs ကိုယ်တိုင်ကြေငြာခဲ့တာဖြစ်ပြီး screen ကြီးကရိယာတွေအတွက်စာမျက်နှာသစ်ဖွင့်လှစ်ခဲ့ပါတယ်။ Original iPad မှာတော့ မျက်နှာပြင်အရွယ်အစား ၉,၇ လက်မ ရုပ်ထွက်အရည်အသွေးကတော့ 1024x768 နဲ့အကြီးဆုံးမျက်နှာပြင်နဲ့ရုပ်ထွက်အကောင်းဆုံး Tablet ဖြစ်ခဲ့ပြီးစျေးနှုန်းအနေနဲ့ 499 ဒေါ်လာကနေစတင်ရောင်းချခဲ့ပါတယ်။

Author : Hein Htet ( Phase II )

Ref: digital trends

Photo Crd : MacRumors,TechRader,Yahoonews

Previous
Previous

Find X2 series ကို OPPO မှတရားဝင်မိတ်ဆက်

Next
Next

ဖိုက်ဘာ ကာဗာပုံနဲ့ပေါက်ကြားလာတဲ့ Google pixel 4A, နောက်ကျောဘက် လက်ဗွေဆင်ဆာနဲ့နားကြပ်ပေါက်ပါဝင်လာ