အနာဂတ်ကာလ နည်းပညာမှာ ခေါက်ဖုန်းတွေနဲ့‌‌ခေါက်မျက်နှာပြင်တွေပဲ‌လွှမ်းမိုးလာတော့မှာလား?

မျက်နှာပြင်တစ်ခုလုံးအပြည့်ဖြစ်လာတာတွေ, selfie cameraကဓာတ်ပုံရိုက်ခါနီးမှဖုန်းထဲကထွက်လာတွေနဲ့ နောက်ဆုံး OnePlus ရဲ့ Concept စမတ်ဖုန်းဆိုရင်နောက်ကင်မရာတွေကို screen အောက်မှာဖွက်ထားနိုင်တဲ့အထိဖြစ်လာပြီး ဒါဟာနောက်ပိုင်း ကင်မရာများလာတဲ့ဖုန်းတွေမှာကင်မရာတွေရှုပ်ရှက်ခတ်နေတာကိုမကြိုက်တဲ့လူတွေရဲ့အကြိုက်ဖြစ်လာနိုင်ပါတယ်။ကျွန်တော်တို့ဒီနေ့ခေတ် ၂၀၂၀ ဟာဆယ်စုနှစ်တခုရဲ့အဖွင့်ဖြစ်သလိုနည်းပညာလောကမှာလဲအပြောင်းအလဲများစွာကိုစာမျက်နှာသစ်ဖွင့်လှစ်ခဲ့ပါတယ်။စမတ်ဖုန်းထုတ်လုပ်သူတွေကလဲခေတ်အဆက်ဆက်ဖုန်းတွေကိုကြီးသထက်ကြီးမြန်သထက်မြန်အောင်ထုတ်လုပ်ခဲ့တာဟာဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပါပြီ။ဖုန်းတွေဟာပိုမိုမြန်ဆန်လာတဲ့အ‌လျှောက်နည်းပညာတွေကလဲမြင့်မားလာပြီးကျွန်တော်တို့အရင်ကမဖြစ်နိုင်ဘူးထင်ခဲ့တဲ့နည်းပညာတွေဟာလဲလက်တွေ့ဖြစ်လာပါပြီ။

အဲ့နည်းပညာတွေထဲမှာတစ်ချိန်ကခေတ်စားခဲ့တဲ့ ခေါက်ဖုန်းတွေကို reference ယူထားတဲ့ ဖုန်းတွေကလဲတော်တော်အောင်မြင်လာပါပြီ။ယခင်တုန်းကတော့မှန်ကိုချိုးထားတဲ့ဖုန်းတွေဟာ Concept အဆင့်သာရှိခဲ့ပြီးယခုမှာတော့သုံးလို့ရတဲ့အဆင့်ကိုရောက်ရှိလာပါပြီ။ ပလတ်စတစ်တောင်မဟုတ်ဘဲမှန်ကိုကွေးနိုင်တဲ့အနေအထားမှာ Samsung ရဲ့ Galaxy Z Flip ကထိပ်ဆုံးမှာဦးဆောင်နေပါတယ်။ ဒေါင်လိုက်ချိုးနိုင်တဲ့ဖုန်းတွေထဲမှာ Samsung နဲ့အပြိုင်ထွက်ထားတဲ့ဖုန်းကတော့ Moto Razr ပဲဖြစ်ပါတယ်။ ဖုန်းတွေကိုကြီးအောင်ထုတ်လာနိုင်တဲ့အချိန်မှာအရင်တုန်းကဖုန်းတလုံးကိုအလွယ်တကူသယ်ဆောင်နိုင်တဲ့ခေတ်ကိုတစ်ပတ်ပြန်နေပြီလို့လဲပြောလို့ရပါတယ်။အရင်တုန်းကမျက်နှာပြင်နှစ်ခုနဲ့ထုတ်ခဲ့တဲ့ထုတ်ကုန်ဟာ Nintendo DS ပဲဖြစ်ပါတယ်။အစတုန်းကတော့တစ်မျိုးကြီးဖြစ်နေပေမဲ့ယခုမှာတော့အဲ့အိုင်ဒီယာကို Micorsoft တို့ Dell နဲ့ Lenovo တို့ကမျက်နှာပြင်နှစ်ခုနဲ့ Laptop တွေမှာအသုံးချနေပြီဖြစ်ပါတယ်။နောက်ဆို Smart watch တွေမှာပါကွေးနိုင်တဲ့မျက်နှာပြင်နဲ့ထွက်ရှိလာမလားဆိုတာစိတ်ဝင်စားစရာပါပဲ။

ဒါပေမယ့်စျေးအရမ်းကြီးတာတွေကိုတော့ဘယ်သူမှအနားသိပ်ကပ်နိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့်ကွေးညွှတ်နိုင်တဲ့မျက်နှာပြင်နဲ့နာရီတွေကိုလက်မှာပတ်ထားနိုင်တယ်ဆိုတာကတော့နည်းပညာရဲ့နောက်ထပ်ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ Lenovo ရဲ့ ကွေးညွှတ်နိုင်တဲ့မျက်နှာပြင်နဲ့လက်မှာပတ်ထားနိုင်တဲ့ဖုန်းဆိုရင်လဲတော်တော်လေးကိုအိုင်ဒီယာသစ်ဆန်းပါတယ်။အဲ့‌တော့နောက်ထပ်ခေတ်စားလာမဲ့နည်းပညာတွေကတော့ခေါက်ဖုန်းတွေနဲ့အပြိုင်မျက်နှာပြင်နှစ်ခုနည်းပညာပဲဖြစ်မလား။ကင်မရာတွေကိုမျက်လှည့်ပြသလိုဖျောက်ထားနိုင်တဲ့နည်းပညာပဲဖြစ်မလားကတော့စိတ်ဝင်စားစရာပါပဲ။
Author :Hein Htet ( Phase II )

Ref : Cnet

Photo crd : Cnet

Previous
Previous

ဖိုက်ဘာ ကာဗာပုံနဲ့ပေါက်ကြားလာတဲ့ Google pixel 4A, နောက်ကျောဘက် လက်ဗွေဆင်ဆာနဲ့နားကြပ်ပေါက်ပါဝင်လာ

Next
Next

ပိုမိုကြည်လင်ပြတ်သားသော မြင်ကွင်းရိုက်ချက် လုပ်ဆောင်မှုများ ပါဝင်လာမည့် OPPO Reno3 | Reno3 Pro တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာတော့မည်