Gaming PC တွေထက်ပိုမြန်လာမဲ့ Xbox series X
PC gamer တွေအနေနဲ့သူတို့ရဲ့ PCကိုအမြဲနောက်ဆုံးထွက်ဂိမ်းတွေကို resolution အမြင့်တွေ performance အမြင့်တွေမှာ run နိုင်အောင်အမြဲ update လုပ်နေရပါတယ်။ graphic card တွေကလဲဒေါ်လာစျေးတွေတက်တဲ့ကြားထဲစျေးတွေလဲတော်တော်လေးမြောက်ပါတယ်။ Console gamer တွေကတော့အဲ့လိုမျိုးတွေ Hardware upgrade ပိုင်းမှာစိတ်ပူစရာမလိုဘဲ console တစ်ခုတစ်ခါ ဝယ်ထားလိုက်တာနဲ့consoleအတွက်ထွက်တဲ့ကြိုက်တဲ့ဂိမ်းမှန်သမျှနောက်ငါးနှစ်လောက်အေးဆေးဆော့နိုင်ပါတယ်။ ယခုအသစ်ထွက်ရှိမဲ့ Xbox series X ကတော့ GPU ရဲ့ compute performance ကို 12 teraflops လို့အတည်ပြုလိုက်ပါတယ်။ အရင်ထွက်ခဲ့တဲ့ Xbox generation ထက်အများကြီးပိုမြန်ပြီး GPU performance ပိုင်းမှာ Xbox One X ထက်နှစ်ဆ PlayStation 4 ထက်သုံးဆပိုမြန်ပါတယ်။

12 teraflops ကိုအတည်ပြုထားတာကတော့ Xbox ရဲ့အကြီးအကဲ Phil Spencer ပဲဖြစ်ပါတယ်။ အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ compute power ကိုအကြမ်းအားဖြင့်ယှဥ်လိုက်ရင် console ကပိုသာနေတာကိုတွေ့ရမှာပါ။ ဒီအတိုင်းသာဆို 13.4 teraflops ရှိတဲ့ Nvidia ရဲ့ RTX 2080 Ti တစ်ခုတည်းသာ Xbox series X ကိုယှဥ်နိုင်မှာပါ။ ဒါပေမယ့်ဒီ နံပါတ်ကိုလိုချင်ရင် graphic card တစ်ခုထဲကိုအနဲဆုံး ဒေါ်လာတစ်ထောင်လောက်ပေးရမှာပါ။ RTX 2080 Ti ကဒ်တွေကအနဲဆုံး 1200 လောက်ရှိပါတယ်။ ဒါတွေကတခြား CPU ဖိုးတွေ Ram တွေ Motherboard တွေမပါသေးပါဘူး။ ဒါပေမဲ့ PC gamer အများဆုံးက စျေးသက်သာတဲ့ရွေးချယ်မှုကိုရွေးချယ်ကြပါတယ်။ ray-tracing နည်းပညာကိုထောက်ပံတာလဲ RTX မော်ဒယ်တွေပဲရှိပါတယ်။နာမည်အကြီးဆုံး ကဒ်ကိုရွေးပါဆိုရင် GTX 1060 မော်ဒယ်ပါ။

၂၀၁၆ ကထွက်ရှိခဲ့တဲ့ဒီမော်ဒယ်က compute performance ကို 4.4 teraflops ထိ boast လုပ်နိုင်မှာပါ။ထို့အတူပဲ AMD ကလဲ သူတို့ရဲ့ နာမည်ကြီး RX 580 ဟာလဲ 6.2 teraflops ထိစွမ်းဆောင်ရည်ရရှိပါတယ်။ RX 580 ကတော့ ဒေါ်လာ 230 ကျသင့်မှာဖြစ်ပြီး RX 5600XT ကတော့ ဒေါ်လာ 280လောက်ရှိပါမယ်။ Radeon ကဒ်တွေကိုအခုမှစသုံးမဲ့လူတွေအတွက်တော့ RX 580 ကရွေးချယ်သင့်တဲ့ထဲမှာပါပါတယ်။
Author: Hein Htet
Ref : Degitaltrends