realme က Triple Camera စနစ်ပါဝင်သည့် realme C3 ကို မိတ်ဆက်ပေးသွားရန်ရှိနေပြီး G70 Processor အသုံးပြုထားသည့်စမတ်ဖုန်းဖြစ်လာမည်။

realme Myanmar က မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက်realme C3 ကို ရန်ကုန်မြို့ရှိ Lotte Hotel တွင် စတင်မိတ်ဆက် ကြေညာပေးလိုက်ပြီဖြစ်သည်။realme C3 ( RAM 2GB + 32GB ROM) ကို ၁၆၉,၉ဝဝ ကျပ်၊ (RAM 3GB + 32GB ROM) ကို ၁၉၉,၉ဝ၀ ကျပ်ဖြင့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။TripleCamera GamerMonster ဆိုသည့်အတိုင်း realme C3 ၏ ကင်မရာသုံးစွဲမှုအပိုင်းအတွက်အဆင့်မြှင့်တင်မှုများနှင့်အတူ ယနေ့ခေတ်လူငယ်များပိုမိုတောင်းဆိုလာကြသည့် Gaming အတွေ့အကြုံကောင်းများအတွက် စွမ်းဆောင်ရည်အထူးကောင်းမွန်သော MediaTek ၏ Budget Level Helio G70 Processor ကို ပထမဆုံးတပ်ဆင်အသုံးပြုပေးထားခြင်းဖြစ်သည်။

Gaming လိုအပ်ချက်ကိုတွဲဖက်ဖြည့်ဆည်းပေးနိုင်စေရန်အတွက်လည်း ကြီးမားကြာရှည်ခံစေမည့် 5000 mAh battery ကိုသုံးပြုပေးထားသည်။ဖုန်း၏မျက်နှာပြင်အရွယ် အစားမှာလည်း Multimedia စနစ်ကို ပိုမိုအသုံးပြုနိုင်စေမည့် HD+ IPS LCD အမျိုးအစား ၆.၅လက်မအရွယ်အစားရှိ Display ကိုထိတွေ့အသုံးပြုရမည်ဖြစ်သည်။ realme C3 အတွက် နောက်ထပ်ထူးခြားချက်မှာ realme ၏ ကိုယ်ပိုင် UI (User Interface) ကို တစ်ပါတည်း pre-installed ထည့်သွင်းပေးထားသည့် ပထမဆုံးဖုန်းဖြစ်သလို ထူးခြားသည့် UI အတွေ့အကြုံကောင်းများကိုပါ အသုံးပြုနိုင်စေမည်ဖြစ်သည်။ realme C3 အတွက် လူငယ်များပိုမိုအကြိုက်တွေ့နှစ်သက်စေမည့် Blazing Red နှင့် Frozen Blue အရောင် ၂မျိုးကို ထုတ်လုပ်ပေးထားပြီး RAM+ROM တွဲဖက်မှုအတွက် version ၂မျိုးဖြစ်သော 2+32 နှင့် 3+32 တို့ကို ရောင်းချပေးသွားမည်ဖြစ်သည်။ realme C3 ကို ဈေးကွက်ထဲတွင် လာမည့် ဖေဖော်ဝါရီလ ၂၉ရက်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းချပေးသွားရန်စီစဉ်ထားသည်။ realme C3 တွင် ယခင် C series များနှင့်မတူဘဲ ထူးခြားသည့်  TripleCamera စနစ်နှင့် Fingerprint တို့ကိုပါပထမဆုံး ထည့်သွင်းပေးထားသည့်စမတ်ဖုန်းတစ်လုံးပါရပ်တည်ထားသည်။Triple AI Camera
realme C3 တွင် 12MP+2MP+2MP စသည့် ကင်မရာ ၃လုံးစနစ်ကိုတပ်ဆင်ပေးထားပြီး ပင်မ 12MP ကင်မရာမှာ အလင်းဝင်ပေါက် F/1.8 နှင့် ပိုမိုကြီးမားသော pixel အရွယ်အစား 1.25um တို့သုံးပေးထားခြင်း ကြောင့် အလင်းရောင်နည်းပါးသည့်အခြေအနေများတွင်ပါ ကြည်လင်ပြတ်သားသည့်ပုံရိပ်များကို ရယူနိုင် စေမည်ဖြစ်သည်။ ထို့အပြင် realme C3 တွင် မြင်ကွင်းချဲ့ယူမှု Zoom ပမာဏကို ၄ဆအထိရယူနိုင်ပြီး ပိုမိုမြန်ဆန်သည့် PDAF autofocus စနစ်ကိုပါ ပံ့ပိုးပေးထားသည်။ 4CM Super Macro Lens ကင်မရာက ၄စင်တီမီတာအကွာက ပုံရိပ်များကို အနုစိတ်သဘောအဖြစ်ဖမ်းယူသိမ်းဆည်နိုင်မည်ဖြစ်သည်။ ယခု Triple AI Camera တွင် hardware စနစ် Bokeh effect ပါဝင်သည့် Portrait အလှပုံများကိုပါ ရိုက်ယူနိုင်စေမည်ဖြစ်သည်။ realme C3 တွင် ကင်မရာပါအသုံးပြုမှုအတွက် အခြားလုပ်ဆောင်မှုများဖြစ်သည့် Chroma Boost, Slow-mo Video recording များကိုပါအသုံးပြုနိုင်စေပြီး ကင်မရာသုံးစွဲမှုအတွေ့အကြုံကို သူ့ဈေးနှုန်းနှင့်နှိုင်းယှဉ်များပါ ပိုမိုထူးခြားစွာထိတွေ့သုံးစွဲနိုင်စေမည်ဖြစ်သည်။ Automatic HDR mode စနစ်ကိုလည်း realme C3 တွင် ရယူအသုံးပြုနိုင်စေပြီး ပိုမိုကောင်းမွန်ပြတ်သားသည့် ရုပ်ကြွပုံရိပ်များကိုပါဖမ်းယူနိုင်မည်ဖြစ်သည်။ realme C3 ၏ကင်မရာစနစ်မှာ FullHD Video များကိုပါ 120fps ဖြင့်ရိုက်ကူးဖမ်တီးနိုင်မည်ဖြစ်သည်။

Stylish Design & Display
Realme C3 တွင် ယခင် dewdrop ဒီဇိုင်းထက် မျက်နှာပြင်နေရာယူမှု 30.9% ပိုမိုသေးငယ်သော mini drop display ကိုရယူအသုံးပြုထားပြီး မျက်နှာပြင်အရွယ်အစားမှာ  HD+ ရုပ်ထွက်အရည်အသွေးရှိ ၆.၅ လက်မရှိမည်ဖြစ်သည်။Screen to body အချိုးအစားမှာလည်း 89.8% အဖြစ် အမြင့်ဆုံးအကျယ်ဆုံးဖြစ်အောင်ဒီဇိုင်းပိုင်းဖြင့်ပေါင်းစပ်ရယူပေးထားသည်။ မျက်နှာပြင်အရွယ်အစားကြီးမားသည့်အားသာချက်ကြောင့် YouTube အသုံးပြုခြင်း၊ Movie ကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် social media အသုံးပြုခြင်းများတွင် ပိုမိုပြည့်ဝသည့် မြင်ကွင်းကျယ်ပြန့်မှု ကိုရရှိခံစားနိုင်မည်ဖြစ်သည်။

Best-in-class Performance
Realme C3 တွင် သူ့ဈေးတန်းအနေအထားတွင် အကောင်းဆုံးဟုဆိုနိုင်သည့် MediaTek Helio G70 Processor ကိုတွဲဖက်အသုံးပြုထားသည့် ကမ္ဘာပထမဆုံးဖုန်းတစ်လုံးဖြစ်လာခဲ့သလို MediaTek Gaming Technology ကြောင့် ကွန်ရက်နှေးကွေးမှုအပိုင်းများကိုပါ အမြင့်ဆုံးချိန်ညှိပေးနိုင်စေမည်ဖြစ်သည်။ 12nm အခြေပြု 8-core Processor မှာ 2.0 GHz မြန်နှုန်းအထိမောင်းနှင်ပေးနိုင်ပြီး သူ့အမျိုး အစားထဲတွင် အမြန်ဆုံးနှင့် နောက်ဆုံးထုတ်အဖြစ်ပါ ရပ်တည်ထားနိုင်သည်။

ဖုန်းမြန်နှုန်းချိတ်ဆက်မှုများအတွက်Dual Wi-Fi စနစ်ပါဝင်ပြီး ပိုမိုမြန်ဆန်သွက်လက်သည့် ချိတ်ဆက်မှုကို ချေမွေ့ပြေပြစ်စွာလုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ ထို့အပြင် realme C3 တွင် MediaTek Helio G70 Processor ၏အားသာချက်ကြောင့် Display Latency မျက်နှာပြင်တုံ့ပြန်မှုနှေးကွေးခြင်းကိုပါ အနည်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးထားသည့်အတွက ်TouchScreenအပိုင်းတွင် ပိုမိုမြန်ဆန်မှုအတွေ့အကြုံ ကိုရရှိစေမည်ဖြစ်သည်။ Helio G70 တွင် စစ်မှန်သည့်အရောင်အသွေးထုတ်ပေးမှု True Color ကိုပါ ထောက်ပံ့ပေးထားသော Premium Picture Quality ပါဝင်ထားပြီးဖြစ်သည်။

Massive Battery
realme C3 ၏ Battery မှာ ကြီးမားကြာရှည်ခံစေမည့် 5000 mAh အမျိုးအစားကို အသုံးပြုပေးထားခြင်းကြောင့် ဖျော်ဖြေမှုဆိုင်ရာများ ကြည့်ရှုခံစားခြင်းကို အဆက်မပြတ်  အသုံးပြုနိုင်စေမည် ဖြစ်သည်။ ဖုန်းပြောဆိုခြင်း၊ YouTube ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဂိမ်းကစားခြင်းများကို အချိန်ကြာမြှင့်စွာအထိ ဆက်တိုက်အသုံးပြုနိုင်မည်ဖြစ်သည်။ realme C3 တွင် Reverse Charging စနစ်ကိုပါထောက်ပံ့ ထားခြင်းကြောင့် Phone Accessory နှင့် Power Bank တို့ကဲ့သို့ device များကို အားပြန်သွင်းပေးနိုင်ဦး မည်ဖြစ်သည်။

realme C3 with realme UI update
realme C3 မှာ Android 10 version ကိုအခြေခံထားပြီး realme UI ကို တစ်ပါတည်းထည့်သွင်းပေးထားသည့် ပထမဆုံး realme smartphone တစ်လုံးဖြစ်လာမည်ဖြစ်သည်။ realme UI တွင် Stock Android အတွေ့အကြုံကိုအနီးဆုံးပေးစွမ်းစေနေိုင်မည့် အဆင့်မြှင့်တင်ထားသောထိတွေ့သုံးစွဲမှု အတွေ့အကြုံကောင်း များကိုပါ ပေးစွမ်းစေနိုင်မည်ဖြစ်သည်။ အထူးသဖြင့် system colours, icons, wallpapers နှင့် animations အပိုင်းများတွင် လုံးဝထူးခြားပြောင်းလဲသွားသည့် အသွင်းပုံစံများကို မြင်တွေ့အသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် Personal Information Protectionအချက်အလက်လုံခြုံစိတ်ချစေရန် ကာကွယ်မှုအပိုင်းတွင်လည်း realme UI က များစွာအဆင်မြှင့်တင်ပေးထားသည်။ မြန်ဆန်သွက်လက်ပြီး battery အားသက်သာစေမည့် လုပ်ဆောင်မှုနှင့် ခေတ်နှင့်လိုက်ဖက်ညီစေမည့် function များစွာကိုပါထည့်သွင်းပေးထားခြင်းကြောင့် ညက်ညောပြေပြစ်ခြင်း၊ ပါဝါစားသက်သာခြင်းနှင့် စွမ်းဆောင်ရည်အပိုင်းကောင်းမွန်ခြင်းများကို ထိတွေ့ခံစားရစေမည်ဖြစ်သည်။

Previous
Previous

ဒီနှစ်ကုန်လောက်မှာ iPad တွေအတွက် Keyboard မှာ track pad ထည့်သွင်းဖို့ရှိတဲ့ Apple

Next
Next

Gaming PC တွေထက်ပိုမြန်လာမဲ့ Xbox series X