ဒီနှစ်ကုန်လောက်မှာ iPad တွေအတွက် Keyboard မှာ track pad ထည့်သွင်းဖို့ရှိတဲ့ Apple
Apple ကဒီနှစ်ထဲမှာ iPadအတွက်ကီးဘုတ်ကာဗာအသစ်မှာ track pad ထည့်သွင်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ဒီ ကီးဘုတ်အသစ်ကိုနောက်ထပ် မိတ်ဆက်မဲ့ iPad pro အသစ်နဲ့အတူမိတ်ဆက်သွားဖို့ရှိနေတယ်လို့ The information’s ရဲ့ website အရသိရပါတယ်။ ကီးဘုတ်နဲ့အတူtrack pad တွေပါထည့်သွင်းလာရခြင်းဟာapple အနေနဲ့ ကုမဏီရဲ့ နာမည်ကြီး tablet တွေကို laptop နဲ့သက်ဆိုင်တဲ့လုပ်ဆောင်ချက်တွေကိုသုံးစေချင်တဲ့ချဉ်းကပ်မှုတစ်ခုလဲဖြစ်ပါတယ်။ iPad OS မှာ မောက်စ် ရဲ့ လုပ်ဆောင်ချက်ပါဝင်ပြီးသားဖြစ်ပါတယ်။ အဲ့ဒိလုပ်ဆောင်ချက်ဟာလဲ iPad ရဲ့ iPad ရဲ့ assistive touch ရဲ့ထပ်တိုးလုပ်ဆောင်ချက်ပဲဖြစ်ပြီးသုံးချင်တယ်ဆိုရင်တော့ iPad ရဲ့ accessibility menu ကိုကလိရပါလိမ့်မယ်။

ဒါပေမဲ့ မောက်စ်ရဲ့ pointer ကတော့သင်မြင်နေကျအမည်းရောင်မြှားလေးဖြစ်နေမှာမဟုတ်ဘဲအလည်မှာအမည်းစက်နဲ့စက်ဝိုင်းပုံကြီးပဲဖြစ်ပါတယ်။ ယခုအနေနဲ့တော့ Apple က iPad မှာမောက်စ်လုပ်ဆောင်ချက်ကိုအတင်းမသုံးခိုင်းသေးပါဘူး။ဒါပေမဲ့ တကယ်ကြီးသာ iPad ကီးဘုတ်ကိုကုမဏီအနေနဲ့ track pad နဲ့သာမိတ်ဆက်ခဲ့ရင် မောက်စ်ရဲ့လုပ်ဆောင်ချက်ကိုအထောက်အပံပေးမဲ့ iPad OS ကိုနောက်လာမဲ့ဆော့ဖ်ဝဲ အဆင့်မြင့်တင်မှုတွေမှာမြင်ရတော့မှာပါ။

မနေ့ကလေးတင် ကုမဏီရဲ့ ရှယ်ယာရှင်များအစည်းအဝေးမှာ Apple ရဲ့ ဆော့ဖ်ဝဲခေါင်းဆောင် Craig Federighi က “တစ်ကယ်လို့သာ iPad OS မှာဘာတွေလုပ်နေသလဲဆိုတာသိချင်ရင်စောင့်ကြည့်ကြပါကျွန်တော်တို့တောက်လျှောက်ကြိုးစားနေပါတယ်”လို့ပြောခဲ့ပါတယ်။အဲ့တော့ ကျွန်တော်တို့အနေနဲ့ နောက်လာမဲ့ iPad OS အသစ်မှာ iPad အတွက် screen နှစ်ခုတွေဘာတွေမြင်ရနိုင်ပါတယ်။ Apple အနေနဲ့ မောက်စ်လုပ်ဆောင်ချက်အသစ်နဲ့ပတ်သက်ပြီး မီးစိမ်းပြလိုက်သလိုလဲဖြစ်နိုင်ပါတယ်။ iPad OS အသစ်မှာကီးဘုတ်နဲ့မောက်စ် လုပ်ဆောင်ချက်ထဲ့ပေးလာနိုင်ပြီး ပြောင်းပြန်အနေနဲ့ Mac မှာ iPhone တွေမှာလို touch screen ထည့်ပေးလာနိုင်ပါတယ်။
Author : Hein Htet ( Phase II )
Ref : theverge,appleinsider,9to5mac