လူဆိုးတွေကိုသူတို့ iPhone တွေ ပေးမသုံးတဲ့ Apple

Knives Out ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာ Rian Johnson အနေနဲ့ သူ့ရဲ့ဇာတ်ကားထဲမှာ iPhone အသုံးပြုပုံနဲ့ပတ်သက်ပြီးတော့ အခုလိုပဲရင်ဖွင့်လာပါတယ်။ ဒါကရယ်စရာတော့ကောင်းပါတယ် apple အနေနဲ့သူတို့ iPhone တွေကိုဇာတ်ကားထဲမှာပေးသုံးပါတယ်။ ဒါပေမဲ့ဒါကသင့်အနေနဲ့ mystery movie တွေကိုကြည့်ရင်အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ Apple ကသူ့ iPhone တွေကိုကင်မရာရှေ့မှာလူဆိုးတွေဆိုပေးမကိုင်ပါဘူး။အဲ့တော့ ရုပ်ရှင်ထုတ်လုပ်သူတိုင်းသူတို့ဇာတ်ကားထဲမှာပါတဲ့လျို့ဝှက်ချက်ဖြစ်နေတဲ့လူဆိုးတွေအကုန်အခုလောက်ဆိုကျွန်တော့်ကိုလုပ်ကြံချင်နေလောက်ပါပြီ။ဒါရိုက်တာ Johnson ကတော့ knives out အပြင် Star Wars the last jediကိုပါရိုက်ကူးခဲ့တာပါ။

Appleအနေနဲ့သူတို့ဖုန်းတွေကိုရုပ်ရှင်ထဲထည့်ရိုက်တာနဲ့ပတ်သက်ပြီးတင်းကြပ်တဲ့စည်းကမ်းတွေလမ်းညွှန်ချက်တွေရှိပါတယ်။ လမ်းညွှန်ချက်ထဲမှာပါဝင်တဲ့အစိတ်အပိုင်းတွေကတော့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့မူပိုင်ခွင့်ဆိုင်ရာပတ်သက်ပြီး ဥပမာ appleကုမဏီရဲ့ပုံရိပ်ကိုထင်ဟပ်စေမဲ့အကောင်းဆုံးအလင်းအမှောင်နဲ့အကောင်းဆုံးအပြုအမူတွေမှာပဲအသုံးပြုဖို့သူတို့ရဲ့ထုတ်ကုန်တွေကိုခွင့်ပြုပါတယ်။ forum member တွေရဲ့အရင်တုန်းကထောက်ပြခဲ့တဲ့အချက်တွေအရဇာတ်လမ်းတွဲတွေထဲကလူကောင်းတွေပဲapple ထုတ်ကုန်တွေကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

Joel Surnow နဲ့ Robert Cochran ရဲ့ 24 ဇာတ်လမ်းတွဲလွင့်တုန်းကလဲဇာတ်လမ်းထဲမှာလူကောင်းတွေပဲ Mac ကိုအသုံးပြုခဲ့ပြီးလူဆိုးတွေကတော့ PC ကိုအသုံးပြုခဲ့တယ်လို့ fan theory တွေအရသိရပါတယ်။ ဒါကြောင့် ဒါရိုက်တာ Johnson ရဲ့ ဇာတ်ကားထဲမှာ လူတွေကတော့ apple product တွေကိုသေချာအာရုံစိုက်ကြည့်ကြတော့မယ်ထင်ပါတယ်။

Author: Hein Htet ( Phase II )

Ref : the verge,Vanityfair

Previous
Previous

Gaming PC တွေထက်ပိုမြန်လာမဲ့ Xbox series X

Next
Next

Corona Virus နဲ့ပတ်သတ်တဲ့ သတင်းအမှားတွေကို ဖြတ်ချသွားမယ့် Facebook