Huawei ရဲ့ mid range စမတ်ဖုန်းအသစ် nova 7i pre-order စတင်လက်ခံ

Huawei ကမလေးရှားနိုင်ငံမှာမိတ်ဆက်သွားတဲ့ mid range ဖုန်းအသစ် nova 7i ကိုမြန်မာနိုင်ငံတွင် pre-order စတင်လက်ခံနေပြီလို့သိရပါတယ်။ 6.4 inches အရွယ် IPS LCD Punch full display နဲ့ resolution ကတော့ 1080p အထိရရှိနိုင်ပြီး အနောက်ဖက်နဲ့ဘေး‌ဘောင်တွေကတော့ plastic တွေကိုအသုံးပြုပေးထားပါတယ်။ OS နဲ့ software ပိုင်းမှာတော့ နောက်ဆုံးပေါ် Android version 10 နဲ့ Huawei ရဲ့ကိုယ်ပိုင် UI ဖြစ်တဲ့ EMUI 10 ကိုသုံးရမှာပါ။

Performance ပိုင်းအတွက် chipset ကိုတော့ kirin ရဲ့ 7nm hisilicon 810 နဲ့ RAM ကတော့ 8GB နဲ့ storage ကတော့ 128Gb အထိလုံလုံလောက်လောက်အသုံးပြုနိုင်မှာပါ။ကင်မရာပိုင်းမှာတော့ 48MP wide main camera နဲ့ 8MP ultrawide,2MP macro နဲ့ 2MP depth ကင်မရာ စုစုပေါင်း ကင်မရာလေးလုံးကို နောက်ကျောဘက်မှာ rectangle inhouse ဒီဇီုင်းနဲ့တွေ့ရမှာပါ။Night selfie 2.0 နဲ့ AI နဲ့ 16MP selfie cameraပါဝင်ပါတယ်။ Battery 4500 mAh အတွက်အားသွင်းရာမှာမြန်ဆန်ဖို့ fast charging 40W ပါဝင်မှာဖြစ်ပါတယ်။အရောင်တွေကိုတော့ sakura pink, crush green နဲ့midnight black အရောင်သုံးမျိုးရွေးချယ်နိုင်ပြီးနိုင်ငံခြားမှာတော့ 240 EURဝန်းကျင် နဲ့ ရောင်းချနေပြီးမြန်မာနိုင်ငံမှာတော့စျေးနှုန်းအတိအကျမသိရသေးပါဘူး။‌

Author: Hein Htet ( Phase II )

Ref : GSMarena

Previous
Previous

Smartwatch နဲ့ Smartband တွေထုတ်သွားဖို့ရှိတဲ့ Realme

Next
Next

Sony ရဲ့စမတ်ဖုန်း line up အသစ် Xperia 1 II မှာ 5G ပါဝင်မည်။