Sony ရဲ့စမတ်ဖုန်း line up အသစ် Xperia 1 II မှာ 5G ပါဝင်မည်။

Xperia 1 ကိုမိတ်ဆက်ပြီး တစ်နှစ်အကြာမှာ sony အနေနဲ့ Xperia 1 II ကို specification အသစ်တွေနဲ့ 5G ကိုပါမိတ်ဆက်ပေးလိုက်ပါတယ်။ ဥရောပမှာ 5G ရရှိတဲ့ sony ရဲ့ပထမဆုံးဖုန်းဖြစ်လာမှာပါ။ sony အနေနဲ့ စမတ်ဖုန်းမှာ ဓာတ်ပုံနည်းပညာကိုအသားပေးထားပြီးဖုန်းမှာ 3.5mm headphone jack နဲ့ wireless charging တွေပါဝင်လာမှာပါ။ mid-range ဖုန်းတစ်မျိုးဖြစ်တဲ့ Xperia 10 II ကိုလဲမိတ်ဆက်ခဲ့ပြီး flagship ဖြစ်တဲ့ 1 II ကတော့ US မှာ 4G အနေနဲ့ရနိုင်မှာဖြစ်ပြီး 5G ရရှိနိုင်မဲ့ဖုန်းကတော့ Xperia pro လို့ sony ကနာမည်ပေးထားပါတယ်။ 108 megapixel lens တွေဖောချင်းသောချင်းသုံးနေတဲ့ခေတ်ကြီးထဲမှာ sony ကတော့ 12 megapixel lens ကိုသုံးလုံးတွဲပြီးထွက်ရှိလာပါပြီ။ 12 megapixel ပဲသုံးပေးထားတယ်ဆိုတာ sony အနေနဲ့ risk တအားယူတယ်လို့ပြောလို့ရပေမဲ့ 108 megapixel ဆိုတာလဲစာရွက်ပေါ်က specification တစ်ခုပါ။ camera hardware မှာတော့ 12 megapixel camera သုံးလုံးကို focus ဖြတ်ရာမှာသုံးဖို့ 3D iToF sensor ပါဝင်မှာဖြစ်ပြီး camera သုံးလုံးစလုံးရဲ့ feature တွေကတော့ iphone 11 pro နဲ့ခပ်ဆင်ဆင်ပါပဲ။ရှေ့ဘက်မှာတော့ 8 megapixel selfie camera ပါဝင်မှာဖြစ်ပြီးဘေးဘက်မှာတော့ ဓာတ်ပုံရိုက်တဲ့အခါမှာသုံးဖို့ကင်မရာခလုတ်တစ်ခုပါဝင်မှာဖြစ်ပါတယ်။ ဗီဒီယိုတွေရိုက်တဲ့အခါမှာ‌တော့ 4k recording ကို 60 FPS နဲ့ရိုက်ကူးနိုင်မှာဖြစ်ပြီး 2k recording မှာတော့ 120 FPS အထိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

အရင်နှစ်က Xperia 1 လိုမျိုး body ရှည်လမြောပုံစံနဲ့ထွက်ရှိလာပြီး processor ကိုတော့နောက်ဆုံးပေါ် snapdragon ရဲ့ 865 နဲ့ RAM 8 GB နဲ့ onboard storage 256 GB တို့ပါဝင်မှာဖြစ်ပါတယ်။ ဥရောပက 5G ကွန်ရက်ချိတ်ဆက်မှုအတွက် Qualcomm ရဲ့ X55 modem ကိုအသုံးပြုမှာပါ။ fingerprint ကိုတော့ဘေးဘက်မှာတပ်ဆင်ထားပြီးရေနဲ့ဖုန်တွေအတွက် IP65 နဲ့ IP68 အသိအမှတ်ပြုရရှိထားပါတယ်။ sony ကတော့ဒီဖုန်းကို ဥရောပမှာ မေလလောက်ဖြန့်ချီဖို့စီစဥ်ထားပြီး US မှာဖြန့်ချီဖို့ကိုတော့အတိအကျမသိရသေးပါဘူး။

Author : Hein Htet ( Phase II )

Ref : the verge

Previous
Previous

Huawei ရဲ့ mid range စမတ်ဖုန်းအသစ် nova 7i pre-order စတင်လက်ခံ

Next
Next

photoshop ရဲ့နှစ်သုံးဆယ်ပြည့်မွေးနေ့မှာ Features အသစ်တွေသယ်ဆောင်လာပေးမဲ့ Adobe