Smartwatch နဲ့ Smartband တွေထုတ်သွားဖို့ရှိတဲ့ Realme
Realme X50 Pro 5G ကိုမိတ်ဆက်ပြီးမကြာခင်မှာပဲ Realme အနေနဲ့ IoT နယ်ပယ်ထဲကို ခြေချဖို့စတင်ခဲ့ပါတယ်။Smart Devices တွေခေတ််စားလာတဲ့ခေတ်မှာ Smartwach တစ်ခုကိုစတင်မိတ်ဆက်ခဲ့ပါတယ်။
IoT ပစ္စည်းတွေကို Personal,Home,Travel ဆိုပြီး ခေါင်းစဉ် ၃ မျိုးနဲ့ ခွဲခြားပြီး ထုတ်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။Personal Category အောက်မှာ Active Noise Cancelling (ANC) နားကြပ်တွေ၊ Smartwatch တွေ၊ Smartband တွေထုတ်လုပ်မှာ ဖြစ်တဲ့အပြင် Wireless Earbuds တွေ၊ ရိုးရိုးနားကြပ်တွေ ပါဝင်မှာဖြစ်ပါတယ်။


Home Category အောက်မှာတော့ Smart TVs တွေ၊Smart Speakers တွေ၊ Soundbars တွေ၊ သန့်ရှင်းရေးလုပ်တဲ့ စက်ရုပ်တွေပါဝင်မယ်လို့သိရပါတယ်။ဒီ Product တွေကိုတော့ India Q2 ပွဲမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။အဝတ်အစားပိုင်းဆိုင်ရာနဲ့ နေ့စဥ်အသုံးအဆောင်တွေ၊ လွယ်အိပ်တွေလည်း ရောင်းချသွားမယ်လို့ သိထားပါသေးတယ်။
Realme အနေနဲ့ Mobile မှာတင်မကပဲ အဖက်ဖက်ကနေ ဈေးကွက်ထဲကို ဝင်ဖို့ကြိုးစားနေတာဖြစ်ပြီး Mobile နယ်ပယ်ထဲမှာလည်း အချိန်တိုနဲ့ အမာခံပရိသတ်တွေရရှိထားပါတယ်။
Ref : GSMARENA