Cut,copy,Paste တီထွင်ခဲ့သူ သူရဲကောင်းကြီးအသက် ၇၄ တွင်ကွယ်လွန်

ဒီနေ့ဆီလီကွန်ဗေလီမှာတော့ကျွန်တော်တို့ကွန်ပြူတာနယ်ပယ်မှာရောလူနေမှုဘဝမှာပါအကျိုးများစွာပြုခဲ့တဲ့ cut copy paste တီထွင်ခဲ့သူကွန်ပြူတာသိပ္ပံပညာရှင် Lawrence Tesler ကွယ်လွန်သွားပါတယ်။ Lawrence ဟာ စတန်းဖို့ တက္ကသိုလ်ကနေ Human-computer interaction အထူးပြုနဲ့ဘွဲ့ရခဲ့တာဖြစ်ပြီး Amazon,Apple,Yahoo နဲ့ Xerox Palo Alto Research Center တွေမှာလုပ်ကိုင်ခဲ့ပါတယ်။ ဟိုးအရင်တုန်းက စာရိုက်စာလုံးတွေကိုတစ်နေရာမှတစ်နေရာကိုဖြတ်ညပ်ကပ်ပြုလုပ်ခဲ့တဲ့အတိုင်း Cut နဲ့ Paste command တွေကိုတီထွင်ဖို့အိုင်ဒီယာရခဲ့တာပါ။ အဲ့ဒိ ရရှိလာတဲ့အိုင်ဒီယာကို Tesler က ကွန်ပြူတာသိပ္ပံပညာရပ်နဲ့ပေါင်းစပ်ခဲ့ပြီးလူတိုင်းအတွက်တီထွင်ခဲ့တာပါ။ Tesler ရဲ့တီထွင်မှုက Apple software ကို Lisa computer နဲ့ original Macintosh တို့မှာစတင်မိတ်ဆက်ခဲ့ပြီးနောက်နာမည်ကြီးလာတာပါ။Tesler က Apple မှာ ၁၇ နှစ်ကြာအောင် chief scientist အနေနဲ့လုပ်ကိုင်ခဲ့ပါတယ်။ 1997 မှာတော့ apple ကနေထွက်ခဲ့ပြီး  education startup နဲ့ user experience နည်းပညာပိုင်းကို  Amazon နဲ့ Yahoo တို့ မှာအထိုင်ချခဲ့ပါတယ်။ cut copy paste အပြင် find နဲ့ replace command တွေပါ တီထွင်ခဲ့တာပါ။ Lisa,Macintosh နဲ့  newton ( ယခု‌ရှေ့ပြေး iphone ) တွေရဲ့ user interface design တီထွင်မှုမှာများစွာပါဝင်ပက်သက်ခဲ့ပါတယ်။

Cut copy paste ကိုကျွန်တော်တို့ word excel powerpoint တွေသာမကအင်တာနက်မှာ file ကူးတာတွေ website တွေမှာ အလွယ်တကူတည်းဖြတ်တာတွေစတဲ့များစွာသောနေရာတွေမှာအသုံးတည့်တဲ့ command တစ်ခုပါ။

Tesler ရဲ့တီထွင်မှုဟာ ကျွန်တော်တို့တွေအားလုံးအတွက် နည်းပညာပိုင်းမှာသာမက လူနေမှုဘဝတွေအတွက်ပါများစွာအကျိုးပြုခဲ့ပြီးယခုသာမကနောင်နှစ်အဆက်ဆက်တွေအတွက်ပါများစွာအကျိုးပြုနေမဲ့ရိုးရှင်းပြီးအကျိုးရှိတဲ့တီထွင်မှုဖြစ်ပါတယ်။

Author : Hein Htet ( Phase II )

Ref : Gadgets360

Previous
Previous

BTS ရဲ့ ON သီချင်းအသစ်စက္ကန့်သုံးဆယ်စာကြောင့် crash ဖြစ်သွားခဲ့တဲ့ Tiktok platform

Next
Next

Grab နဲ့ Volocopter ပူးပေါင်းပြီး အရှေ့‌တောင်အာရှနိုင်ငံများတွင် air taxi ပြေးဆွဲရန်စမ်းသပ်