Grab နဲ့ Volocopter ပူးပေါင်းပြီး အရှေ့တောင်အာရှနိုင်ငံများတွင် air taxi ပြေးဆွဲရန်စမ်းသပ်
ဂျာမနီအခြေစိုက် Start up လေကြောင်းကုမဏီတစ်ခုဖြစ်တဲ့ Volocopter က Grab နဲ့ ပူးပေါင်းပြီးမြင်သာထင်သာရှိတဲ့ အငှားရဟတ်ယဉ် စမ်းသပ်မှုကိုအရှေ့တောင်အာရှမှာပြေးဆွဲဖို့ application ရေးနေပါပြီ။ သင့်တော်တဲ့ မြို့ကိုရွေးချယ်ပီး အငှားရဟတ်ယာဉ်အတွက်လမ်ကြောင်းရှာပြီး တစ်ကယ်အသုံးဝင်တဲ့ အခြေအနေကိုဖန်တီးနိုင်ဖို့အတွက် ကုမဏီနှစ်ခုသဘောတူလက်မှတ်ထိုးခဲ့ကြတာပါ။
Volocopter ကုမဏီကသူ့ရဲ့ လျှပ်စစ်စွမ်းအင်သုံး အသေးစားလေကြောင်းသယ်ယူပို့ဆောင်ရေးယာဉ်ကိုစင်ကာပူမှာကျင်းပခဲ့တဲ့နည်းပညာပြပွဲမှာလက့်ပြသခဲ့ပါတယ်။ Volocopter 2X ရဟတ်ယာဉ်ဟာသေးငယ်ပြီး ဘဲဥပုံ ကိုယ်ထည်ဒီဇိုင်းအပေါ်မှာ ဒလတ် ၁၈ ခုပါဝင်ပါတယ်။ အဆိုပါအငှားရဟတ်ယာဉ်က တစ်ကြိမ်မှာ passenger တစ်ယောက်ပဲစီးလို့ရပြီးကားပိတ်တာနဲ့လမ်းကြပ်တဲ့ဒဏ်တွေကိုဖြေရှင်းဖို့အဓိကဦးတည်ထားတာပါ။ မြို့တစ်မြို့နဲ့တစ်မြို့ပြေးဆွဲဖို့ထက် ကို့ရဲ့မြို့အတွင်းမှာပဲ Voloportလေးတွေထားရှိပြီး voloport နဲ့အနီးဆုံးနေရာထိငှားရမ်းအသုံးပြုနိုင်မှာပါ။

ကုမဏီအနေနဲ့ 2035 မှာ ဒါဇင်နဲ့ချီတဲ့ Voloport တွေထားရှိဖို့စီစဉ်နေပြီးတရက်ကို passenger တစ်သောင်းနဲ့အထက်ပို့ဆောင်နိုင်ဖို့စီစဉ်ထားတယ်လို့လဲသိရပါတယ်။ Grab နဲ့ partnership လုပ်ထားကာ စင်ကာပူမှာ ရုံးချုပ်အခြေစိုက်ပြီး မလေး,အင်ဒို,ဖိလစ်ပိုင်,ဗီယက်နမ်,ထိုင်း,မြန်မာ,ကမ္ဘောဒီးယားနဲ့ဂျပန်စျေးကွက်တွေကိုအဓိကပစ်မှတ်ထားနေတယ်လို့လဲသိရပါတယ်။ ယခုလို အသေးစားအငှားရဟတ်ယာဉ်ဝန်ဆောင်မှုကိုအကောင်အထည်ဖော်နေတာ Grab တစ်ခုထဲတော့မဟုတ်ပါဘူး။ uber ကလဲ 2023 မှာ အငှားရဟတ်ယာဉ်ဝန်ဆောင်မှုကိုစတင်အကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ ယခုအချိန်မှာအငှားရဟတ်ယာဉ်ဟာပတ်ဝန်းကျင်နဲ့လိုက်လျှောညီထွေဖြစ်အောင်လျှပ်စစ်ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် power ပြသာနာရှိနေပါတယ်။ တစ်ကယ်တမ်းလက်တွေ့ဖြစ်လာရင်တော့ ၁၉၉၀ လောက်က ကားပျံအိမ်မက်ကမဝေးတော့တဲ့အနာဂတ်မှာအမှန်တကယ်ဖြစ်လာတော့မှာပါ။
Author: Hein Htet
Ref : the verge