BTS ရဲ့ ON သီချင်းအသစ်စက္ကန့်သုံးဆယ်စာကြောင့် crash ဖြစ်သွားခဲ့တဲ့ Tiktok platform

Map of soul 7 album ကတော့ဒီနေ့မှာထွက်ရှိမှာဖြစ်ပြီး album မထွက်ခင်မှာတော့ On သီချင်းရဲ့ စက္ကန့်သုံးဆယ်စာကို tiktok ပေါ်မှာ မျှဝေခဲ့ပါတယ်။ သီချင်းထွက်ထွက်ပြီးချင်းမှာပဲ tiktok application တစ်ခုလုံး crash ဖြစ်သွားခဲ့ပြီးတစ်ချို့ region တွေမှာ မရရှိနိုင်တော့တဲ့အခြေအနေအထိဖြစ်သွားခဲ့တယ်လို့ Billboard website ရဲ့ ဖော်ပြချက်အရသိရပါတယ်။ ဒါပေမဲ့လဲ tiktok အနေနဲ့ ဒီအခြေအနေကိုအကောင်းဆုံးပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ON ရဲ့ အဓိပ္ပာယ်ကတော့စွမ်းအားပြည့်တဲ့ ဟစ်ဟော့ အဆိုတော် တစ်ယောက် သူရဲ့ 7နှစ်တာ စိတ်သဘောထားနဲ့ ယူဆချက်ကို ပြန်လည်ထင်ဟပ်ပြသထားတယ်လို့Big hit ကုမဏီရဲ့ press release မှာဖော်ပြထားပါတယ်။ map of the soul 7 album မှာ 7 က‌အဖွဲရဲ့ ခုနှစ်နှစ်တာသက်တမ်းနဲ့ member 7 ယောက်ကို ကိုယ်စားပြုတာပါ။ album မှာ သီချင်းအသစ် 15 ပုဒ်နဲ့ အရင်ကရေပန်းစားခဲ့တဲ့သီချင်း 5 ပုဒ်စုစုပေါင်း အပုဒ် 20 ပါဝင်မှာဖြစ်ပါတယ်။ ON သီချင်းမှာတော့ BTS only version နဲ့ သြစတေးလျ အဆိုတော် Sia နဲ့ collaboration လုပ်ထားတဲ့ version နှစ်မျိုးထွက်ရှိမှာဖြစ်ပြီးမတူညီတဲ့ခံစားချက်ကိုပေးစွမ်းနိုင်မှာပါလို့‌‌‌ဖော်ပြထားပါတယ်။ album ကတော့ ကိုရီးယားစံတော်ချိန် သောကြာနေ့ 6 နာရီမှာထွက်ရှိလာမှာဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ ၃ နာရီခွဲမှာထွက်ရှိမှာပဲဖြစ်ပါတယ်။

Album မှာပါဝင်မဲ့သီချင်း list အပြည့်အစုံကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

1. Intro : Persona

2. Boy With Luv (Feat. Halsey)

3. Make It Right

4. Jamais Vu

5. Dionysus

6. Interlude : Shadow

7. Black Swan

8. Filter

9. My Time

10. Louder than bombs

11. ON

12. UGH!

13. 00:00 (Zero O’Clock)

14. Inner Child

15. Friends

16. Moon

17. Respect

18. We are Bulletproof : the Eternal

19. Outro : Ego

20. ON (Feat. Sia)

Author : Hein Htet

Ref : billboard

Previous
Previous

realme က Triple Camera စနစ်ပါဝင်သည့် realme C3 ကို မိတ်ဆက်ပေးသွားရန်ရှိနေပြီး G70 Processor အသုံးပြုထားသည့် မြန်မာပြည်၏ပထမဆုံးစမတ်ဖုန်းဖြစ်လာမည်။

Next
Next

Cut,copy,Paste တီထွင်ခဲ့သူ သူရဲကောင်းကြီးအသက် ၇၄ တွင်ကွယ်လွန်