Samsung unpack event မှာမိတ်ဆက်သွားတဲ့ S20 နဲ့ galaxy Buds plus
Samsung ကတော့ galaxy unpack event မှာ ၎င်းကောင်းတို့ရဲ့ S line up အသစ်ကို S20,S20 plus နဲ့ S20 Ultra ဆိုပြီးမော်ဒယ်သုံးမျိုးနဲ့မိတ်ဆက်သွားပါတယ်။ အသေးဆုံးမော်ဒယ် S20 ကနေစပြီးတော့မော်ဒယ်အားလုံးမှာ 8k resolution video capture နဲ့ 120 Hz refresh rate ပါဝင်လာမှာြဖစ်ပါတယ်။ ဖုန်းသုံးမျိုးလုံးမှာ single take feature နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး scene တစ်ခုတည်းကိုပဲမတူညီတဲ့ရူထောင့်တွေကနေ AI နဲ့ ကင်မရာလေးလုံးပေါင်းပြီး တစ်ပုံထဲမှာကို ဆယ်စက္ကန့်စာပုံအမျိုးမျိုးနဲ့ video တွေရရှိမှာပါ။ S20 နဲ့ S20 Plus မှာတော့ 64 megapixel lens နဲ့ S20 ultra မှာတော့ 108 megapixel lens အထိပါဝင်လာပါပြီ။
AI နဲ့ 108 megapixel ရဲ့ပေါင်းစပ်မှုကတော့ကျွန်တော်တို့နေ့စဉ်မြင်တွေနေကျစမတ်ဖုန်းတွေနဲ့တော့ကွဲပြားနေမှာပါ။
S20 နဲ့ S20 plus မှာ RAM 12GB နဲ့ S20 ultra မှာတော့ 512 GB storage ကိုဝယ်မယ်ဆိုရင် RAM 16 GB အထိရွေးချယ်နိုင်ပြီး RAM တွေကတော့ Samsung ရဲ့ LPDDR5 နည်းပညာဖြစ်ပါတယ်။ Snapdragon 865 နဲ့ ပထမဆုံးဖုန်းဖြစ်လာပြီး 12O Hz refresh rate ပေါင်းစပ်လိုက်ရင်လုံးဝ smooth ဖြစ်တဲ့ experience ကိုရရှိမှာပါ။ Battery ကတော့ S20 မှာ 4000 mAh, S20 plus မှာ 4500 mAh နဲ့ S20 ultra မှာတော့ 5000 mAh အထိပါဝင်မှာဖြစ်ပြီး Samsung က 120 Hz refresh rate ကိုသုံးမယ်ဆိုရင် Battery ရဲ့ 10% လောက်ကိုပိုစားမယ်လိုဆိုပါတယ်၊၊ software ကတော့ Android 10 နဲ့ One UI 2.0 ပါဝင်မှာဖြစ်ပြီး Galaxy ဖုန်းတွေအတွက် direct share ပါဝင်လာမှာဖြစ်ပြီး အဲ့ဒိ service ကတစ်နေ့ကို file တွေ 5 GB အထိတင်နိုင်မှာဖြစ်ပြီး link လေးကို shareလိုက်တာနဲ့ တခြား galaxy ဖုန်းတွေဆီကို လွယ်လင့်တကူ မျှဝေနိုင်မှာဖြစ်ပါတယ်။ နောက်လာမည့် One UI update တွေမှာပါဝင်လာမှာဖြစ်ပါတယ်။ Spec တွေကလဲထိပ်တန်းတွေဖြစ်လို့ စျေးနှုန်းကလဲမသေးပါဘူး အနိမ့်ဆုံး 999 ဒေါ်လာကနေစပြီး March 6 မှာဝယ်လို့ရပါပြီ။
နောက်ထပ်မိတ်ဆက်ပေးခဲ့တဲ့ Product အသစ်ကတော့ wireless earphone ဖြစ်တဲ့ Galaxy Buds plus ပါ
Buds plus မှာ speaker နှစ်ခုပါဝင်ပြီး tweeter speaker ကတော့ high note တွေအတွက်ဖြစ်ပြီးတစ်ခုကတော့ woofer ကတော့ bass သံတွေအတွက်ဖြစ်ပါတယ်။ speaker တွေကအရင်ကထက် 40% ပိုမိုကျယ်လာပြီး ပိုကောင်းတဲ့အသံတွေကိုပေးနိုင်တယ်လို့ Samsung ကပြောထားပါတယ်။ Mic ကလဲသုံးလုံးပါဝင်လာတဲ့အတွက် လူကြားထဲမှာအော်ပြောစရာမလိုပါဘူး။ ambient sound ကိုလဲ enhance လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင်ကိုသတိထားရမဲ့အခြေအနေမျိုးတွေမှာအသံကိုအလိုလိုချိန်ညှိပေးမှာပါ။
IOS device တွေနဲ့ပါအဆင်ပြေပြေချိတ်ဆက်နိုင်မှာဖြစ်ပြီး Bud plus တွေဟာအားအပြည့်သွင်းထားရင် ၁၁ နာရီထိအသုံးခံမှာဖြစ်ပြီး Charging case တွေအားပြည့်နေရင် စုစုပေါင်း ၂၂ နာရီအထိသုံးနိုင်မှာပါ။ spotify နဲ့လဲပူးပေါင်းထားတဲ့အတွက် long press ဖိထားရုံနဲ့ Music history ပေါ်မူတည်ပြီး ကိုယ့်အကြိုက်သီချင်းတွေကိုအလိုလိုဖွင့်ပေးမှာပါ။ စျေးနှုန်းကတော့ ၁၄၉ ဒေါ်လာနဲ့ Feb 14 ရက်နေ့မှာစတင်ဝယ်ယူနိုင်ပါပြီ။
Author : Hein Htet ( Phase II )
Ref : theverge