Samsung ရဲ Galaxy Z Flip ဖန်သားခေါက်ချိုးမျက်နှာပြင်ဟာနောင် smartphone လောကမှာတွင်ကျယ်လာမဲ့နည်းပညာတစ်ခုလား?

Smartphone တွေဟာအရွယ်အစားသေးရာကနေကြီးလာကြတဲ့အချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့အရင်ကလိုလက်တစ်ဖက်နဲ့အဆင်ပြေပြေကိုင်လို့ရပြီးအရွယ်အစားကြီးကြီးထုတ်လိုကြပါပြီ။ ဝယ်ယူသူတွေအနေနဲ့လဲ Lite versionတွေ SE ‌မော်ဒယ်တွေလို compact စမတ်ဖုန်းတွေကိုပိုမိုတောင်းတလာကြပါတယ်။

Samsung ရဲ့ မိတ်ကပ်ဗူးခေါက်ချိုးဒီဇိုင်းနဲ့ထွက်ရှိလာတဲ့ Samsung Galaxy Z flipမှာလက်တစ်ဖက်တည်းနဲ့လဲအဆင်ပြေပြေကိုင်လို့ရပြီးမျက်နှာပြင်လဲအနေတော်အရွယ်အစားမှာရှိပါတယ်။

flex mode လို့ခေါ်တဲ့ screen ကို လေးလက်မမျက်နှာပြင်နှစ်ခုခွဲထုတ်နိုင်ပြီးမတူညီတဲ့ applicationတွေကိုပါတပြိုင်တည်းသုံးစွဲနိုင်ပါတယ်။ မျက်နှာပြင်ကိုတော့ အလွန်ပါးလွှာတဲ့ခေါက်ချိုးဖန်သားနဲ့ပြုလုပ်ထားတာပါ။ အဲ့အတွက်လက်နဲ့အရာဝတ္ထူတွေရဲ့ ခြစ်ရာတွေပါခံနိုင်ရည်ရှိမှာပါ။ဖုန်းကိုပိတ်လျက်သားအနေနဲ့ပါဝါခလုတ်ကိုနှစ်ချက်နိုပ်လိုက်ရင် ဖုန်းနောက်ကျောက ကင်မရာပွင့်လာမှာြဖစ်ပြီး ကင်မရာဘေးက screen သေးသေးလေးကနေ selfie ရိုက်နိုင်မဲ့အပြင် Notificationတွေကိုပါပြသပေးမှာပါ။ ဖုန်းရဲ့ခေါက်ချိုးနေရာမှာ Galaxy Fold တုန်းကသိသိသာသာခေါက်ရာကြီးမြင်ခဲ့ရပေမဲ့ ယခု Z flip မှာတော့ မသိသာတော့ပါဘူး။ အဲ့တာကလဲ ခေါက်ချိုးနိုင်တဲ့ ဖန်သားနည်းပညာကြောင့်ပါ။ Samsung ကတော့ဖုန်းရဲ့မျက်နှာပြင်ခေါက်နေရာလေးမှာ ဖုန်တွေမဝင်အောင်Brush လေးထဲ့ပေးထားတယ်လို့ဆိုပါတယ်။

ဖုန်းကလဲ flagship level စွမ်းဆောင်ရည်ရှိပါတယ်။ Snapdragon 855 plus chipset နဲ့ RAM 8 GB, storage ကတော့ 256 GB အထိပါဝင်ပြီး ခေါက်ချိုးဖုန်းတွေမှာမတွေ့ရတဲ့ wireless charging နည်းပညာပါဝင်မှာဖြစ်ပါတယ်။ Battery ကတော့ 3300 mAh ပါဝင်မှာဖြစ်ပြီး ဘက်ထရီကိုခေါက်ချိုးမျက်နှာပြင်နှစ်ခုမှာ တစ်ခြမ်းဆီခွဲပြီးထည့်ထားပါတယ်။ ကင်မရာမှာတော့ ဖုန်းနောက်ကျောမှာ 12 megapixel ကင်မရာနှစ်ခုပါဝင်မှာဖြစ်ပြီးတစ်ခုကတော့ Ultra wide ပါ။ ရှေ့ကင်မရာကတော့ 10 megapixel ပါဝင်မှာဖြစ်ပြီး holepunch design နဲ့ပါ။ တခြား Flagship ဖုန်းတွေလို headphone jack မပါဝင်ပါဘူး။စျေးနှုန်းကတော့ US dollar 1380 ကျသင့်မှာဖြစ်ပြီး Feb 14 မှာစတင်ရောင်းချမှာပါ။ စျေးနှုန်းအနေနဲ့ကတော့ Galaxy Fold ထက်ပိုကောင်းပြီး ပိုလဲနည်းတဲ့စျေးနဲ့မို့ကျစ်ကျစ်လစ်လစ်နဲ့ စွမ်း‌ဆောင်ရည်မြင့်တဲ့ဖုန်းလိုချင်တဲ့လူတွေအတွက်အဆင်ပြေပါတယ်။

Author : Hein Htet ( Phase II )

Ref : the Verge

Previous
Previous

Samsung unpack event မှာမိတ်ဆက်သွားတဲ့ S20 နဲ့ galaxy Buds plus

Next
Next

Apple ဆီက ၂၀၂၀ မှာကျွန်တော်တို့ဘာတွေမျှော်လင့်လို့ရမလဲ