Apple ဆီက ၂၀၂၀ မှာကျွန်တော်တို့ဘာတွေမျှော်လင့်လို့ရမလဲ
Apple က Iphone 11 series ကိုမိတ်ဆက်ထားတာ ၄ လပဲရှိသေးပေမယ့်နောက်လာမယ့် Apple Eventတွေမှာဘာတွေမျှော်လင့်လို့ရမလဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။

Budget Iphone အသစ်
အားလုံးစိတ်ဝင်စားနေကြတာတော့ rumor တွေပလူပျံအောင်ထွက်ရှိနေတဲ့ Apple ရဲ့ Budget Phone အသစ်ပါ။ Apple အနေနဲ့ Budget iphone ကိုနောက်ဆုံးမိတ်ဆက်ပေးခဲ့တာ SE model ဖြစ်ပြီး လွန်ခဲ့တဲ့ 5 နှစ်ကပါ။ အခုနာမည်ကြီးနေတဲ့ rumor ကတော့ နောက် budget phone အသစ်က SE မျိုးဆက်သစ် SE 2 ဖြစ်နိုင်ပြီး Apple ကတမင်သက်သက်ကျော်ချခဲ့တဲ့ iphone 9 လဲဖြစ်နိုင်ပါတယ်။ screen size ကတော့ Iphone 8 အရွယ်ဖြစ်နိုင်ပြီး Processor က A 13 bionic chip iphone 11 series နဲ့အတူတူဖြစ်နိုင်ပြီး ကျစ်ကျစ်လစ်လစ်နဲ့ စွမ်းဆောင်ရည်မြင့်မြင့် အရင် Iphone တွေကိုပြန်လည်အမှတ်ရစေမှာပါ။ ဒီဖုန်းကတော့ notch မကြိုက်တဲ့ လက်ရှိ 6, 6s မော်ဒယ်အသုံးပြုနေတဲ့လူတွေကိုပစ်မှတ်ထားလာနိုင်ပါတယ်။စျေးနှုန်းကလဲ SE ထွက်ရှိခဲ့တဲ့ စျေးနှုန်းအတိုင်းပဲ အနိမ့်ဆုံး မော်ဒယ်ကို ဒေါ်လာ ၃၉၉ နဲ့ အမြင့်ဆုံးကို ၇၉၉ ဒေါ်လာနဲ့ရရှိမယ်််််််ဆိုရင်တော့ မြန်မာငွေ ၆သိန်းဝင်ကျင်ကနေစပြီး iphone အသစ်ကိုကိုင်နိုင်မှာပါ၊၊

Iphone 12
Apple အနေနဲ့ iphone 12 model လေးမျိုးခွဲပြီး မိတ်ဆက်လာနိုင်ပါတယ်။ လေးမျိုးမှာ အမြင်သာဆုံးကွာခြားချက်ကတော့ display size တွေဖြစ်လာနိုင်ပြီး 5.4 inches မော်ဒယ်, 6.1 inches မော်ဒယ်နှစ်လုံးနဲ့ အကြီးဆုံး 6.7 inches မော်ဒယ်တို့လာနိုင်ပါတယ်။ 5.4 inches နဲ့ 6.1 inches မော်ဒယ်တွေကတော့ 12 series မှာ low end ဖြစ်နိုင်ပြီး ကျန်နှစ်လုံးကတော့ high-end အပြင် 5G ပါရလာနိုင်ပါတယ်။ စျေးအကြီးဆုံးကတော့ 12 pro နဲ့ 12 pro max ဆိုပြီးအသီးသီးထွက်ရှိလာနိုင်ပါတယ်။
High refresh rate နဲ့ mini LED နည်းပညာ
90 Hz refresh rate နည်းပညာကို Android ဖုန်းတွေမှာပါလာတာတော့တော်တော်ကြာပါပြီ။ Apple အနေနဲ့မသုံးသေးတာနည်းပညာပိုင်းအဆင်သင့်မဖြစ်သေးလို့လား ဒါမှမဟုတ် နောက်ဖုန်းတွေအတွက်ချန်ထားတာလားတော့ဘယ်သူမှရေရေရာရာမသိပါဘူး။ မလိုအပ်သေးလို့တမင်မသုံးတာလဲဖြစ်နိုင်ပါတယ်။iphone တွေမှာလက်ရှိသုံးနေတဲ့ refresh rate ကတော့ 60 Hz ပါ။ Apple ကစမတ်ဖုန်းနည်းပညာကိုဦးဆောင်နေတဲ့ ကုမဏီတစ်ခုပါ နည်းပညာပိုင်းအဆင့်သင့်မဖြစ်သေးဘူးဆိုတာတော့ဖြစ်နိုင်ချေတော်တော်နည်းပါတယ်။ ပုံမှန် LCD နည်းပညာတွေကနေအဆင့်မြင့်လာတဲ့ screen နည်းပညာတစ်ခုကတော့ Mini LED screen ပါ။ ဒီနည်းပညာကတော့ LED panel ကနေအလင်းထုတ်လွှတ်တာကို Liquid crystal အလွှာကနေတစ်ဆင့်ဖြတ်ပြီး video တွေ ပုံရိပ်တွေကိုပြသပေးမှာပါ။ နောက်ထွက်လာမဲ့ 16 inches Mac book proမှာပါလာနိုင်ပါတယ်။

User interface အသစ်နဲ့ IOS 14 ကိုလဲမြင်ရမှာပါ။ Icon အသစ်,control center နဲ့ notification center လဲပုံစံအသစ်ဖြစ်လာနိုင်ပါတယ်။ Animoji filters ကိုလဲ camera app ထဲမှာ တစ်ခါတည်းပါလာနိုင်ပြီး siri ကိုလဲ enhancements တွေအများကြီးလုပ်ပေးလာမှာပါ။IOS 13 Bug တွေကိုလဲပြင်ဆင်လာနိုင်ပြီး apple ကလဲဒါကိုသိပါတယ်။IOS 14 နဲ့ပတ်သက်လို့ IOS 14 ဟာ အရင် IOS 13 ရရှိခဲ့တဲ့ devices တွေပဲ ပြန်လည်ရရှိနိုင်တယ်ဆိုပြီး နာမည်ကြီးနေပါတယ်။ Mac OS 10.16 နဲ့ Ipad OS 14 ကိုပါမျှော်လင့်လို့ရပါတယ်။ apple watch series 6 နဲ့ apple arcade အတွက် ဂိမ်းအသစ်တွေပါမြင်ရလာနိုင်ပါတယ်။
Author : Hein Htet ( Phase II )
ref : Macworld, Macrumor, Cnet