မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပုံရိပ်ယောင်နည်းပညာ (Virtual Reality - VR) အသုံးပြု ဂိမ်းစင်တာအား The Central Boulevard တွင် စတင်ဖွင့်လှစ်

ပိုမိုအဆင့်မြင့်မားသော ဂိမ်းနည်းပညာများ၊ ဂိမ်းကစားမှု အတွေ့အကြုံများအား ဖန်တီးပေးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် The Central Boulevard သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပုံရိပ်ယောင်နည်းပညာ အသုံးပြု ဂိမ်းစင်တာVirtual Reality (VR) Zone အား ယနေ့ စတင်ဖွင့်လှစ်ခဲ့သည်။ အဆင့်မြင့် နည်းပညာများ၊ ဒီဇိုင်းများ အသုံးပြုထားသည့် VR Zone တွင် ပါရှိသည့် ဂိမ်းများသည် လာရောက် ဆော့ကစားသူများအား ပြင်ပတွင် အမှန်တကယ် ဖြစ်ပေါ်နေသကဲ့သို့ ထင်မှတ်ရစေမည့် ခံစားချက်ကို ၃၆၀ ဒီဂရီ ပေးစွမ်းနိုင်မည် ဖြစ်သည့်အတွက် အံ့အားသင့်ဖွယ် ဂိမ်းကစားမှု အတွေ့အကြုံများအား ရရှိခံစား သွားနိုင်မည် ဖြစ်သည်။The Central Boulevard တွင် တည်ရှိသည့် ဤ ဂိမ်းစင်တာ အသစ်တွင် ဇုန် ၄ ခု ပါရှိမည် ဖြစ်ပြီး အရည်အသွေး အမြင့်မားဆုံးသော 1080 AMOLED, 2160 x 1200 pixels resolution အဆင့်ရှိ ခေါင်းစွပ်များဖြင့် ဆော့ကစားရမည် ဖြစ်သည့်အတွက် ပြင်ပတွင် အမှန်တကယ် ဖြစ်ပျက်နေသကဲ့သို့ ခံစားချက် ရရှိစေမှာပါ။VR Zone လို အပန်းဖြေ ဂိမ်းစင်တာတစ်ခု ပေါ်ပေါက်လာသည့်အတွက် လူကြီးလူငယ် မရွေး ဝင်ရောက် အပန်းဖြေနိုင်မည် ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့်မီ ဂိမ်းစနစ်နှင့် စိတ်လှုပ်ရှားဖွယ် ဂိမ်းအတွေ့အကြုံများအား ပေါင်းကူးတံတားသဖွယ် ဖန်တီးပေးနေခြင်းကို လာရောက် ဆော့ကစားသူများ အနေနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားသွားနိုင်မှာပါ။VR Zone တွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဆော့ကစားနိုင်မည့် ဂိမ်းများ ထည့်သွင်းပေးထားသည်။

လက်ရှိတွင် လာရောက်ကစားသူများ အနေနှင့် VR Rider, VR Shooting (၂ ခန်း) နှင့် The Evil: Haunted Table အစရှိသည့် ဂိမ်းဇုန်များအား ဝင်ရောက်ဆော့ကစားနိုင်မည် ဖြစ်ပြီး အခြားသော ဂိမ်းများကိုလည်း တဖြည်းဖြည်းချင်း ထပ်မံ ထည့်သွင်းသွားမည် ဖြစ်သည်။VR Rider ဇုန်သို့ လာရောက်သူများသည် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများ၊ လှုပ်ရှားသည့် ထိုင်ခုံများဖြင့် ဆော့ကစားရမည့် Rider, Horror, Trip နှင့် Kids စသည့် ဂိမ်းအမျိုးအစားပေါင်း ၂၂ မျိုးအထိ ဆော့ကစားနိုင်မည်ဖြစ်သည်။ ကစားသမား ၂ ဦး တစ်ချိန်တည်း အတူတူဆော့ကစားနိုင်ရန် ပြုလုပ်ပေးထားသည့် အဆိုပါဂိမ်းသည် မိသားစုများအား အခြားသောကမ္ဘာအသစ်များ၊ နိုင်ငံအသစ်များ ဆီသို့ ခေါ်ဆောင်ပေးသွားနိုင်သည့် ပျော်ရွှင်ဖွယ်ဂိမ်းတစ်ခုဖြစ်သည်။တောင်ကိုရီးယားနိုင်ငံတွင် စတင်အသုံးပြုခဲ့သည့် VR Zone သည် အခြားသော ဂိမ်းစင်တာများနှင့် အလုံးစုံ ကွဲပြားခြားနား၍ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာများ ထည့်သွင်းတပ်ဆင်ထားသည့် နေရာတစ်ခုဖြစ်သည်။ VR Zone အား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလလယ်မှ စတင်၍ လာရောက်လည်ပတ်နိုင် မည် ဖြစ်ပြီး သူငယ်ချင်းများ၊ မိသားစုများအနေနှင့် မည်သည့်အကြောင်းကြောင့် လာရောက်သည်ဖြစ်စေ၊ ကမ္ဘာအသစ်တစ်ခုဆီသို့ သွားရောက်လည်ပတ်သကဲ့သို့ ခံစားမှုရရှိစေမှာဖြစ်ပါတယ်။

Author: Hein Htet

Previous
Previous

Mobile Networks တွေထဲကို ခိုးဝင်နိုင်တယ်လို့ Huawei ကို Feds စွပ်စွဲ

Next
Next

Samsung ၏ နောက်ဆုံးပေါ် တန်ဖိုးသင့် Galaxy စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်