Mobile Networks တွေထဲကို ခိုးဝင်နိုင်တယ်လို့ Huawei ကို Feds စွပ်စွဲ

US ဘက်က တရားဝင်စာစောင်တွေအရ Huawei အနေနဲ့ ကမ္ဘာတစ်ဝှမ်းက Telecom Network တွေထဲကို ဝင်ရောက်နိုင်ဖို့ Backdoors တွေရှိတယ်လို့ စွပ်စွဲခံထားရတာပါ။

အနောက်နိုင်ငံက Tech Company အနေနဲ့ Huawei နဲ့နည်းပညာပိုင်း တွဲဖက်လုပ်ကိုင်မယ်ဆို လုံခြုံရေးစိုးရိမ်စရာတွေဖြစ်လာနိင်တယ်လို့ သိရပါတယ်။၂၀၀၉ တုန်းက Huawei ကရောင်းချခဲ့တဲ့ 4G Devices တွေမှာ Backdoors တွေပါတယ်လို့ စွပ်စွဲခံခဲ့ရတာတွေလည်းရှိပါတယ်။US ဘက်ကတော့ Hardware သက်သေတွေ ခိုင်ခိုင်မာမာနဲ့ သေသေချာချာသက်သေပြနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။တစ်ချို့သက်သေတွေဆိုရင် နိုင်ငံရဲ့ အမျိုးသားရေး လုံခြုံရေးကိုပါ ထိပါးနိုင်တဲ့အထိ လုံခြုံရေး ကျိုးပေါက်သွားနိုင်တယ်လို့ သိရပါတယ်။

နိုင်ငံလုံးဆိုင်ရာ ဆိုင်ဘာလုံခြုံရေး အကြံပေး Robert O'Brien က " Huawei အနေနဲ့  သူတို့ရောင်းချတဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေတိုင်းမှာ သုံးစွဲသူရဲ့  Sensitive Data တွေကို ဝင်ကြည့်နိုင်တဲ့ Backdoor တွေပါဝင်ပါတယ်။ဒါကို ကျွန်တော်တို့ သက်သေပြနိုင်ပါတယ်" လို့သတင်းသမားတွေကို ပြောကြားခဲ့ပါတယ်။

ဒီ Backdoors တွေတစ်ကယ်ရှိမရှိနဲ့ တစ်ကယ်ဒီ  Backdoors တွေကိုသုံးပြီး လုံခြုံရေးချိုးဖောက်မှုတွေ ရှိမရှိဆိုတာတော့ သေသေချာချာ မသိရသေးပေမယ့်  Huawei ရဲ့ဆက်သွယ်ရေး Hardware တွေကိုဝယ်ယူသုံးစွဲနေတဲ့ Telecom Company တွေကတော့ Huawei ရဲ့ Data တွေ ဘယ်အဆင့်အထိ Access လုပ်နိုင်လဲဆိုတာ မသိပဲသုံးနေကြတယ်လို့ ဆိုပါတယ်။

Huawei ရဲ့ Chief Security Andy Purdy ကတော့ စွပ်စွဲချက်တွေကို ငြင်းခဲ့ပါတယ်။"ကျွန်တော်တို့ အနေနဲ့ ခုလို Backdoor တွေရှိနေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။Huawei အနေနဲ့ ခုလိုလုပ်နိုင်စွမ်းမရှိပါဘူး။ဒါ့အပြင် Huawei အနေနဲ့ ဘယ်တုန်းကမှ သုံးစွဲသူတွေရဲ့  Data တွေကို အလွဲသုံးစားမလုပ်ဖူးပါဘူး။" လို့ပြောကြားခဲ့ပါတယ်။

ဒီ Backdoor ရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို UK အနေနဲ့ Huawei ဆီကနေ Netwoork နဲ့ဆိုင်တဲ့ Hardware တွေဝယ်မယ်လို့ ဆုံးဖြတ်ချက်ထွက်ပြီး မရှေးမနောင်းမှာပဲ US ကနေထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကို သဘောမကျလို့ လုပ်တာလားဆိုတာကိုတော့ သံသရဖြစ်ဖွယ်ပါပဲ။

ကမ္ဘာနိုင်ငံတွေအနေနဲ့ ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေးနဲ့ပတ်သတ်ပြီး အရမ်းဂရုစိုက်နေကြပြီး ခုလုပ်ရပ်ဟာလည်း US အနေနဲ့ Huawei ရဲ့ အနောက်နိုင်ငံတွေဘက်ကို ဈေးကွက်ချဲ့ထွင်လာခြင်းရဲ့ နောက်ကွယ်က လုပ်ရပ်လားဆိုတာ ချင့်ချိန်စဥ်းစားရမှာပါ။

Ref : The Verge

Previous
Previous

Apple ဆီက ၂၀၂၀ မှာကျွန်တော်တို့ဘာတွေမျှော်လင့်လို့ရမလဲ

Next
Next

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပုံရိပ်ယောင်နည်းပညာ (Virtual Reality - VR) အသုံးပြု ဂိမ်းစင်တာအား The Central Boulevard တွင် စတင်ဖွင့်လှစ်