Samsung ၏ နောက်ဆုံးပေါ် တန်ဖိုးသင့် Galaxy စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Samsung Electronicsမှ၎င်း၏နောက်ဆုံးပေါ်Galaxy A Seriesစမတ်ဖုန်းမော်ဒယ်များ ဖြစ်သည့်A51၊A71၊A01တို့နှင့်အတူ အခြားသော စမတ်ဖုန်း အမျိုးအစား အသစ်တစ်ခု ဖြစ်သည့်Galaxy Note 10 Liteတို့အား ရန်ကုန်မြို့၊Junction Square Outdoor Area၌ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။ ယခုအသစ်ထွက်ရှိလာသောGalaxy A Seriesစမတ်ဖုန်းများသည်အဆင့်မြင့်စမတ်ဖုန်းလုပ်ဆောင်ချက်များအားသင့်တင့်သောဈေးနှုန်းဖြင့်ရယူအသုံးပြုလိုသည့်သုံးစွဲသူများအတွက်အသင့်တော်ဆုံးရွေးချယ်မှုတစ်ခုဖြစ်လာမှာပါ။

Galaxy Note 10 Lite

Galaxy Note Series များအနက် နောက်ဆုံးပေါ် မော်ဒယ်တစ်ခု ဖြစ်သည့်  Galaxy Note 10 Lite စမတ်ဖုန်း အသစ်တွင် အဆင့်မြင့် လုပ်ဆောင်ချက်များ ဖြစ်သည့် နောက်ဆုံးပေါ် ကင်မရာနည်းပညာ၊ Note Series ၏ အမှတ်  S-pen၊ လှပကျော့ရှင်းသော မျက်နှာပြင်ပုံစံ နှင့် တာရှည်ခံ ဘက်ထရီများ ထည့်သွင်းထားပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ ဤစမတ်ဖုန်းတွင် အဆင်မြင့် နောက်ဆုံးပေါ် ကင်မရာ လုပ်ဆောင်ချက်များ အပြင် ကြည်လင်ပြတ်သားသော ပုံရိပ်များကို ပိုမိုလွယ်ကူစွာ ရိုက်ကူးစေနိုင်မည့် Air Command လုပ်ဆောင်ချက်ကိုလည်း S-pen တွင် ထည့်သွင်းပေးထားသည်။ Galaxy Note 10 Lite စမတ်ဖုန်းတွင် မျက်နှာပြင်အကျယ် ၆.၇ လက်မ ရှိသည့် super AMOLED edge-to-edge infinity-O display ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် ၎င်းတို့ နှစ်သက်ရာ ရုပ်ရှင်များအား ကြည့်ရှုရာတွင် ဖြစ်စေ၊ ဂိမ်းကစားရာတွင် ဖြစ်စေ အကောင်းမွန်ဆုံးသော အတွေ့အကြုံများအား ရရှိနိုင်စေမည် ဖြစ်သည်။ အလားတူပင် Galaxy Note 10 Lite စမတ်ဖုန်းတွင် 4,500mAh ဘက်ထရီ ထည့်သွင်းပေးထားပြီး Super-fast charging နည်းပညာဖြင့် ပံ့ပိုးပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် ကြိုက်နှစ်သက်ရာ လုပ်ဆောင်ချက်များအား စိတ်ကြိုက်လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ဤစမတ်ဖုန်းတွင် နိုင်ငံတကာအဆင့်မီ အလွန်မြင့်မားသော လုံခြုံရေးစနစ် Samsung Knox ကိုလည်း ထည့်သွင်းပေးထားသည်။

Galaxy A51

Galaxy A51စမတ်ဖုန်းတွင်အဆင့်မြင့်၆.၅” SUPER AMOLEDမျက်နှာပြင်နှင့်တြိဂံထောင့်ချိုးပုံစံကျောဖက်ဒီဇိုင်းထည့်သွင်းပေးထားသည့်အတွက်သုံးစွဲသူများအနေနှင့်၎င်းတို့၏အကြိုက်နှစ်သက်ဆုံးတီဗီအစီအစဉ်များအားကြည့်ရှုရာတွင်ဖြစ်စေ၊သူငယ်ချင်းများ၊မိသားစုများနှင့်ဆက်သွယ်ပြောဆိုရာတွင်ဖြစ်စေအဆင်ပြေလွယ်ကူမှုအပြည့်အဝရရှိစေမည်ဖြစ်သည်။32MPအရည်အသွေးရှိကင်မရာကိုလည်းGalaxy A51စမတ်ဖုန်း၏Infinity Oမျက်နှာပြင်တွင်တပ်ဆင်ပေးထားသည့်အတွက်အရည်အသွေးမြင့်ပုံရိပ်များအားစိတ်တိုင်းကျရိုက်ကူးသွားနိုင်မည်ဖြစ်သည့်နည်းတူဗီဒီယိုများကြည့်ရှုရာတွင်နှင့်ဂိမ်းကစားရာတွင်လည်းအဆင်ပြေလွယ်ကူမှုအပြည့်အဝရရှိစေမည်ဖြစ်သည်။Samsungသည်Galaxy A Seriesစမတ်ဖုန်းများတွင်ပထမဆုံးအဖြစ်5MP (Macro) + 5MP (Depth) + 48MP (Wide) + 12MP (Ultra-wide)ကင်မရာ၄လုံးကိုတစ်ပြိုင်နက်တည်းတပ်ဆင်ပေးထားသည့် အတွက်ကြည်လင်ပြတ်သားသောဗီဒီယိုများကိုနေရာဒေသမရွေး၊အချိန်မရွေးရိုက်ကူးသွားနိုင်မည်ဖြစ်သည်။Galaxy A 51စမတ်ဖုန်းတွင်ပါဝင်သည့်macroကင်မရာသည်အရာဝတ္တုများ၊ပုံရိပ်များအားအသေးစိတ်ကျကျကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်စေရန်ထောက်ပံ့ပေးနိုင်မည့်အပြင်Depthကင်မရာသည်လည်းမိမိအသားပေးရိုက်ကူးလိုသည့်ဝတ္တုများအားပိုမိုကြည်လင်ထင်ရှားစွာရိုက်ကူးနိုင်စေရန်Live Focusနည်းပညာအသုံးပြု၍လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ထို့အပြင်Galaxy A51စမတ်ဖုန်းတွင်4,000mAhဘက်ထရီတပ်ဆင်ပေးထားသည့်အတွက်အမှတ်တရဖြစ်ဖွယ်အခိုက်အတန့်များအားစိတ်တိုင်းကျရိုက်ကူးသွားနိုင်မည်ဖြစ်သည်။

Galaxy A71

သုံးစွဲသူများစိတ်ကျေနပ်မှုအပြည့်အဝရရှိစေမည့်ကင်မရာ၊ဗီဒီယိုနှင့်ဘက်ထရီစွမ်းဆောင်ရည်များထည့်သွင်းပေးထားသည့်Galaxy A71စမတ်ဖုန်းသည်သာမန်mid-rangeဖုန်းများထက်ပိုမိုကောင်းမွန်သောအရည်အသွေးကိုပေးစွမ်းနိုင်မည်ဖြစ်သည်။Galaxy A71စမတ်ဖုန်းတွင်အဆင့်မြင့်ကျောဖက်ကင်မရာ၄လုံးပါဝင်ပြီး5MP (Macro) + 5MP (Depth) + 64 MP + 12 MP (Ultrawide)lensများလည်းတပ်ဆင်ပေးထားသည့်အတွက်အမှတ်ရဖွယ်အခိုက်အတန့်များအားလုံးကိုမလွတ်တမ်းကြည်လင်ပြတ်သားစွာရိုက်ကူးသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။စမတ်ဖုန်းတွင်ပါရှိသည့်Ultrawideကင်မရာလုပ်ဆောင်ချက်သည်၁၂၃ဒီဂရီအထိကျယ်ပြန့်သောပုံရိပ်များကိုရိုက်ကူးသွားနိုင်မည်ဖြစ်သည့်အပြင်4,500mAhဘက်ထရီနှင့်25 W super-fast chargingအားသွင်းစနစ်လည်းပါရှိသည့်အတွက်ပုံရိပ်များအားအဆင်ပြေလွယ်ကူစွာစိတ်ကြိုက်ရိုက်ကူးသွားနိုင်မည်ဖြစ်သည်။ထို့အပြင်၆.၇”Super AMOLEDInfinity Oမျက်နှာပြင်တပ်ဆင်ပေးထားသည့်အတွက်သုံးစွဲသူများသည်Full HD+အရည်အသွေးရှိဗီဒီယိုများရိုက်ကူးခြင်း၊ကြည့်ရှုခြင်းနှင့်ဂိမ်းကစားခြင်းများအားအနှောင့်အယှက်ကင်းကင်းဖြင့်အဆင်ပြေလွယ်ကူစွာလုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။လုံခြုံရေးစနစ်အနေနှင့်လည်းGalaxy A71စမတ်ဖုန်းများတွင်on-screen    finger print        scanner(လက်ဗွေရာလုံခြုံရေးစနစ်)နှင့်face recognitionစနစ်များတပ်ဆင်ပေးထားသည့်အတွက်သုံးစွဲသူများအတွက်ပိုမိုအဆင်ပြေလုံခြုံမှုရရှိစေမှာပါ။

Galaxy A01

မျက်နှာပြင် အကျယ် ၅.၇ လက်မ ရှိပြီး  စတိုင်ကျကျဒီဇိုင်း HD+ Infinity V display ဖြင့် ထွက်ရှိလာသော Galaxy A01 သည် အရည်အသွေးမြင့် လုပ်ဆောင်ချက်များအား အသင့်တော်ဆုံး နှုန်းထားဖြင့် ရယူအသုံးပြုလိုသူများ အတွက် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံးပင် ဖြစ်သည်။ ဤ Galaxy A01 စမတ်ဖုန်းတွင် 3,000mAh ဘက်ထရီ၊ 2GB RAM နှင့် 16GB internal storage ထည့်သွင်းထားသည့် အပြင် အရည်အသွေးမြင့် ကင်မရာ စွမ်းဆောင်ချက်များနှင့် နောက်ဆုံးပေါ်  gesture functions (လက်ဟန်အမူအရာ လုပ်ဆောင်ချက်များ) လည်း ပါဝင်သောကြောင့် သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော အတွေ့အကြုံများအား ပေးစွမ်းသွားနိုင်မည် ဖြစ်သည်။

Galaxy A71, Galaxy A01 နှင့် Galaxy Note 10 Lite စမတ်ဖုန်းများကိုလည်း မြန်မာနိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ရောင်းချပေးသွားမည် ဖြစ်သည်။ အထူးအစီအစဉ်တစ်ရပ် အနေနှင့် Galaxy A71 နှင့် Galaxy Note 10 Lite စမတ်ဖုန်းများအား ဦးဆုံးဝယ်ယူသူများ အနေနှင့် Galaxy Fit e လက်ပတ်နာရီနှင့် 10,000mAh Power Bank၊ Galaxy A 01 စမတ်ဖုန်းအား ဝယ်ယူသူများ အနေနှင့် Earphone များအား ပစ္စည်းလက်ကျန် ရှိသည်အထိ မေတ္တာလက်ဆောင် ရရှိသွားမည် ဖြစ်သည်။ Galaxy A71 စမတ်ဖုန်းအား မြန်မာငွေကျပ် ၆၆၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး အရောင်အားဖြင့် အနက်ရောင်၊ ငွေရောင်၊ အပြာ‌ရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ အလားတူပင် Galaxy A01 စမတ်ဖုန်းကိုလည်း  အပြာရောင်၊ အနက်ရောင်၊ အနီရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး ဈေးနှုန်းအားဖြင့် မြန်မာငွေကျပ် ၁၇၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

8GB RAM၊ 128GB internal storage နှင့် 64-bit Octa-core processor တို့အပါအဝင် သုံးစွဲသူများ နှစ်သက်သဘောကျ စေမည့် အဆင့်မြင့် လုပ်ဆောင်ချက်များစွာအား ထည့်သွင်းပေးထားသည့် Galaxy Note 10 Lite စမတ်ဖုန်းများအား Aura Glow၊ Aura Black နှင့် Aura Red ဟူ၍ အရောင်သုံးမျိုးဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပြီး မြန်မာငွေကျပ် ၈၅၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

Author: Hein Htet ( Phase II )

Previous
Previous

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပုံရိပ်ယောင်နည်းပညာ (Virtual Reality - VR) အသုံးပြု ဂိမ်းစင်တာအား The Central Boulevard တွင် စတင်ဖွင့်လှစ်

Next
Next

တယ်လီနောမြန်မာ နှင့် OPPO Myanmar တို့အတူ ပူးပေါင်း၍ မြန်မာနိုင်ငံ ၏ Mobile Legends: Bang Bang Professional League Season 4 အား ကျင်းပ