ကားသော့တွေနေရာမှာအစားဝင်လာမဲ့ Iphones နဲ့ apple watch များ

Smartphone တွေဟာ အလုပ်တော်တော်များများကိုလုပ်နိုင်လာတာနဲ့အမျှကျွန်တော်တို့လူနေမှုဘဝထဲမှာနေရာယူနိုင်စွမ်းတွေမြင့်မားလာကြပါပြီ။မကြာခင်အချိန်အတွင်းမှာ Iphone နဲ့ apple watch တွေဟာကားသော့တွေနေရာမှာပါအစားထိုးဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ကားတံခါးတွေကို လော့ချ ခြင်းနဲ့ လော့ဖွင့်ခြင်းတွေသာမကပဲကားစက်ပါနှိုးနိုင်တော့မှာပါ။ ဒီ စွမ်းဆောင်ရည်ကို IOS 13.4 beta developer version မှာတွေ့နိုင်ပါတယ်။ NFC စွမ်းဆောင်ရည်ပါဝင်တဲ့ကားတွေမှာ iphone နဲ့ apple watch user တွေအနေနဲ့ကားကိုဖုန်းနဲ့သော့တစ်ချောင်းလိုအဖွင့်အပိတ်လုပ်နိုင်တော့မှာပါ။ IOS 13.4 beta မှာ carkey function ကိုတွေ့ရှိခဲ့သူ 9to5mac အနေနဲ့ ကားနားရောက်ရင် Iphone နဲ့ apple watch တွေဟာ ကားသော့တစ်ချောင်းလိုပဲပြုမူမှာပါလို့လဲဆိုပါတယ်။ ဒီစွမ်းဆောင်ရည်ဟာ wallet app ထဲမှာလဲပါဝင်ပြီးပထမဆုံးတစ်ခါပဲ face ID လိုအပ်ပြီးနောက်တစ်ခါအသုံးပြုမယ်ဆိုရင်မလိုပါဘူး။အဲ့ဒိတော့ Carkey function က iphone နဲ့ apple watch batteryကုန်သွားမယ်ဆိုရင်တောင်ကားနားရောက်သွားတာနဲ့အလုပ်လုပ်မယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။

Carkey ကိုအသုံးပြုဖို့စိတ်ဝင်စားတဲ့လူတွေအတွက်လိုအပ်တာကတော့ မိမိကားက NFC support ဖြစ်ရပါမယ်။ ဖုန်းမှာလဲ ကားထုတ်လုပ်သူရဲ့ app ကို install လုပ်ထားဖို့လိုပါလိမ့်မယ်။ user က ကားရဲ့ NFC reader ပေါ်မှာတင်ပြီးပထမဆုံးတစ်ခေါက် setup ချရပါမယ်။ Carkey function က wallet app ထဲကိုရောက်သွားပါလိမ့်မယ်။ Iphone မှာ setup လုပ်ပြီးတာနဲ့ apple watch ထဲကိုထဲ့လို့ရပါပြီ။ Carkey ရဲ့နောက် function ကတော့ သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေကို wallet app ကနေတစ်ဆင့်ပါမျှသုံးနိုင်တာပါ။ invite ကို စာစောင်အနေနဲ့ဝင်လာမှာဖြစ်ပြီး ဥပမာ မောင်မောင်ကတော့ သင့်ကို Toyota ကားရဲ့ unlock access ပေးလိုက်ပါပြီဆိုပြီးမြင်ရမှာဖြစ်ပါတယ်။အဲ့တာဆိုရင်တော့သင်မှာ Iphone နဲ့ apple watch ရှိရင်ကားကို အဖွင့်အပိတ်အပြင်စက်နှိုးတာတွေပါလုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ IOS 13.4 beta version ကိုကြည့်ခြင်းအားဖြင့် Apple အနေနဲ့ကားထုတ်လုပ်သူတွေနဲ့ပူးပေါင်းပြီး Carkey function ကိုမိတ်ဆက်ဖို့ဆိုင်းပြင်နေလောက်ပါပြီ။ ဒါပေမယ့်တရားဝင်ကြေညာထားခြင်းမရှိသေးတော့ IOS 13.4 official version မှာပါဝင်လာဖို့တော့မျှော်လင့်လို့ရပါတယ်။

Author: Hein Htet ( Phase II )

Ref: 9to5mac

Previous
Previous

ကိုယ့်ဖုန်းထဲကအကောင်းဆုံးပုံကိုရွေးပြီး Print ထုတ်ပေးမဲ့ service အသစ်ကို google စမ်းသပ်နေ

Next
Next

Swiss နာရီထုတ်လုပ်ရေး တစ်ခုလုံးရဲ့ ရောင်းအားကို နောက်ကောက်ချထားနိုင်ခဲ့တဲ့ Apple Watch