ကိုယ့်ဖုန်းထဲကအကောင်းဆုံးပုံကိုရွေးပြီး Print ထုတ်ပေးမဲ့ service အသစ်ကို google စမ်းသပ်နေ

တစ်လကို 8 ဒေါ်လာကျသင့်မဲ့ဒီဝန်ဆောင်မှုဟာကို့ယ့်ဖုန်းနဲ့လွန်ခဲ့တဲ့ရက်သုံးဆယ်ကရိုက်ထားတဲ့ပုံတွေထဲက အကောင်းဆုံး 4 ပေ 6 ပေပုံဆယ်ပုံကိုရွေး print ထုတ်ပြီးကိုယ့်ဆီကိုmail ပို့ပေးမှာပါ။ဒီ service ကိုတော့လက်ရှိUS မှာစတင်စမ်းသပ်နေပြီး google algorithms ကprint ထုတ်မဲ့ photo ကို အလိုအလျှောက်ရွေးထုတ်ပေးမှာဖြစ်လို့order တင်ပြီးစောင့်ဆိုင်းနေစရာမလိုပါဘူး။ 9to5Google ရဲ့ဖော်ပြချက်အရဒီ service က ကိုဦးစားပေးprint ထုတ်နိုင်မဲ့အမျိုးအစားကိုသတ်မှတ်နိုင်မှာဖြစ်ပြီး ( ဥပမာ လူ,တိရိစ္ဆာန်, ရူခင်း ) တစ်လချင်းစီ printမထုတ်ခင်မှာရွေးချယ်ထားတဲ့ပုံတွေကိုပြန်လည်ပြင်ဆင်နိုင်ဦးမှာပါ။ဒီရွေးချယ်မှုအတွက်တော့တစ်ပုံကို0.79 ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

print ပုံတွေအတွက် Walmart နဲ့ CVS တို့နဲ့လက်တွဲထားပြီးလက်ရှိ service ပေးနေတဲ့ google cloud print service ကတော့တစ်ပုံကို0.25 ဒေါ်လာပဲကျသင့်မှာဖြစ်ပါတယ်။ အပေါ်က အော်တို print ထုတ်ပေးတဲ့ service နဲ့ ဘာကွာသလဲဆိုတော့ကိုယ်တိုင်တစ်ပုံချင်းဆီရွေးချယ်စရာမလိုတော့တဲ့အတွက်အလုပ်ရှုပ်သက်သာပြီး ကိုယ်နောက်လ print ထွက်မဲ့အချိန်ကိုအဆင်သင့်စောင့်နေရုံပါပဲ။photographer တွေအတွက် print ထုတ်ဖို့ဆိုင်သွားပြီးတန်းစီစရာမလိုတော့လောက်ပါဘူး။ကိုယ့်အမှတ်တရတွေကို အပြင်မှာတစ်ကယ့်ဓာတ်ပုံအနေနဲ့သိမ်းထားချင်တဲ့ပုံတွေကို google photo ပေါ်တင်ထားလိုက်ရုံနဲ့လကုန်တာနဲ့အော်တိုကိုယ့်အိမ်တံခါးဝကိုရောက်နေမှာပါ။ဒါပေမယ့်လကုန်တာနဲ့ကိုယ့်ဆီက 8 ဒေါ်လာဖြတ်သွားမဲ့ feeling ကြီးကတော့ တစ်ချို့လူတွေအတွက်ကသိကအောက်နိုင်မှာပါ။

Author: Hein Htet ( Phase II )

Ref: 9to5google

Previous
Previous

ဖုန်းတွေကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ ဘယ် OPPO ဖုန်းအမျိုးအစားတွေက သင့်အတွက်ဖြစ်မလဲ

Next
Next

ကားသော့တွေနေရာမှာအစားဝင်လာမဲ့ Iphones နဲ့ apple watch များ