ဖုန်းတွေကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ ဘယ် OPPO ဖုန်းအမျိုးအစားတွေက သင့်အတွက်ဖြစ်မလဲ

OPPO Myanmar ကနေ ၂၀၁၉ ခုနှစ်ထဲမှာ mid-range နဲ့ upper mid-range Series တွေဖြစ်တဲ့ A Series၊ F Series နဲ့ Reno Series တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပေးခဲ့တဲ့ Series တွေက အသုံးပြုသူတွေကြားထဲမှာ တော်တော်လေး သဘောကျနှစ်ခြိုက်ခဲ့ရတဲ့ ဖုန်းတွေ ဖြစ်ခဲ့သလို တချို့သော limited edition စမတ်ဖုန်းတွေဖြစ်တဲ့ OPPO F11 Pro Avengers Limited Edition ဖုန်းတွေနဲ့ Reno 10x Zoom ဖုန်းတွေဟာလည်း Pre-Order ကာလမှာတင် ရောင်းကုန်သည်အထိ အောင်မြင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဖုန်းဝယ်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် OPPO ကနေ နောက်ဆုံးထွက်ရှိထားတဲ့ စမတ်ဖုန်းတွေ ဖြစ်တဲ့ OPPO A9 2020၊ A5 2020၊ Reno2 နဲ့ Reno2 F စမတ်ဖုန်းတွေကို ဘယ်စမတ်ဖုန်းက ဘယ်သူတွေနဲ့ ပိုသင့်တော်မလဲဆိုတာ Akhayar ပရိသတ်ကြီးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Entertainment ပိုင်းကြိုက်သူတွေအတွက် OPPO A5 2020
OPPO A5 2020 ကတော့ ဈေးသက်သက်သာသာနဲ့ အရည်အသွေးမြင့် ဖုန်းတစ်လုံးကို လိုချင်တဲ့သူ‌တွေအတွက် အသင့်တော်ဆုံး ဖုန်းလေးတစ်လုံးလို့ ညွှန်းဆိုပါရစေ။ အကောင်းဆုံး အသံထွက်တွေကိုပေးစွမ်းမယ့် Dolby Atmos® Dual Stereo Speakers ပါဝင်ထားတဲ့အတွက် ရုပ်ရှင်ကြည့်တာတွေ ဂိမ်းဆော့တာတွေမှာလည်း အသံထွက် အထူးကောင်းမွန်မှုကို ခံစားရမှာပါ။ Quad Camera တည်ဆောက်ပုံဖြစ်တဲ့ 12MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နဲ့ 2MP Portrait lens တို့ပါဝင်ထားတဲ့အပြင် 119° Ultra Wide Angle ကြောင့် သူငယ်ချင်းတွေနဲ့ ဓာတ်ပုံဘဲရိုက်ရိုက်၊ ရှုခင်းပုံတွေဘဲ ရိုက်ရိုက် ကျယ်ပြန့်တဲ့ အကောင်းဆုံးပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Ultra Night Mode 2.0 လည်း ထည့်သွင်းပေးထားတဲ့အတွက် ညအချိန်ပုံရိပ်များကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ OPPO A9 2020
OPPO A5 2020 နဲ့အတူ ထွက်ရှိထားတဲ့ A9 2020 စမတ်ဖုန်းမှာတော့  ထူးခြားတဲ့ Entertainment နဲ့ Gaming Experience တွေကို  ရရှိစေဖို့အတွက် ကောင်းမွန်တဲ့ Hardware နဲ့ Software တွေကို အသုံးပြုထားပါတယ်။ သင့်တင့်တဲ့ဈေးနှုန်းနဲ့  PUBGလိုဂိမ်းတွေကို ဆော့နိုင်ဖို့အတွက် 8 core 64-bit  Qualcomm Snapdragon 665 processor ကို အသုံးပြု ပေးထားသလို RAM 8GB ကိုလည်း ထောက်ပံ့ ပေးထားတဲ့အတွက် ဂိမ်းကစားရာမှာ ချောမွေ့ညင်သာမှုကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 5,000 mAh Batteryကို ထည့်သွင်းပေးထားတဲ့ အတွက်ကြောင့် ဂိမ်းပွဲတွေများများ ကစားချင်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အရောင်ပိုင်းအနေဖြင့် သုံးစွဲသူများအတွက် OPPO A5 2020 ကိုMirror Black နဲ့ Dazzling White ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရွေးချယ်နိုင်မှာဖြစ်ပြီး 3GB RAM + 64GB ROM version ကို မြန်မာငွေ (၂၅၉,၉၀၀) ကျပ်၊ 4GB RAM128GB ROM versionကို မြန်မာငွေ (၂၉၉,၉၀၀) ကျပ် နဲ့ ဝယ်ယူနိုင်မှာ ဖြစ်သလို Marine Green နဲ့ Space Purple ဆိုပြီး အရောင်နှစ်မျိုးအနေနဲ့ ဝယ်ယူနိုင်မယ့် OPPO A9 2020 ကို မြန်မာငွေ (၃၆၉,၉၀၀) ကျပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်A9 2020 Vanilla Mint (Limited Edition) အရောင်အသစ်လေးကိုလည်း မြန်မာငွေ (၃၇၉,၉၀၀) ကျပ်နဲ့အတူ OPPO ဖုန်းအရောင်းကောင်တာများမှာ ဝယ်ယူရရှိနေပြီ ဖြစ်ပါတယ်။

စတိုင်ကျတဲ့အမြင်နှင့် ဆန်းသစ်တဲ့ ဒီဇိုင်းကို လိုချင်တဲ့သူတွေအတွက် OPPO Reno2 F
ဖုန်းတစ်လုံးကို ရွေးချယ်ဝယ်ယူတော့မယ်ဆိုရင် ပထမဆုံး first impression အနေနဲ့ကြည့်ကြတာက ဒီဇိုင်းပိုင်းပါ။ နေ့စဉ်ကိုယ်နဲ့ အဓိကထိတွေ့နေရတဲ့ ဖုန်းတစ်လုံးရဲ့ build quality နဲ့ ဒီဇိုင်းပိုင်းက စတိုင်ကျလှပနေရုံအပြင် ကိုင်ရတဲ့ hand feeling ကလည်း ကောင်းဖို့လိုပါတယ်။ OPPO Reno2 F စမတ်ဖုန်းမှာတော့ အရှေ့ဘက်ရောအနောက်ဘက် design မှာပါ Corning Gorilla Glass 5 ကို သုံးပေးထားတဲ့အတွက် အကြမ်းခံတဲ့အပြင် အ‌နောက်ဘက် ဒီဇိုင်းမှာလည်း ကင်မရာတွေကို အတွင်းမှာမြှုပ်ပေးထားတဲ့ ဒီဇိုင်းက မြင်သူတိုင်းသဘောကျလောက်စရာ ဆန်းသစ်လှပါတယ်။ ကြွေထည်နဲ့လုပ်ထားတဲ့ O dot လေးကို အနောက်ဘက်မှာ မြှုပ်ထားတဲ့ ကင်မရာ (၄)လုံးကို ကာကွယ်ဖို့အတွက် ထည့်သွင်းပေးထားတဲ့ပုံစံကလည်း စတိုင်ကျလှပါတယ်။စတိုင်ကျတဲ့ အမြင်နဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းတွေ ကြောင့် ကိုင်ထားလိုက်တာနဲ့ လူကြားထဲမှာ ဝံ့ကြွားနိုင်မယ့် OPPO Reno2 F စမတ်ဖုန်းကို Sky White နဲ့ Lake Green အရောင်တွေအပြင် ရောင်ပြေးကာလာလေးဖြစ်တဲ့ Nebula Green (Limited Edition) အရောင်လေးကိုပါ ဝယ်ယူရရှိနိုင်ဦးမှာဖြစ်ပါတယ်။ Sky White အ‌ရောင်ကိုတော့  မြန်မာငွေ (၄၇၉,၉၀၀) ကျပ်၊ Lake Green အရောင်ကိုတော့ မြန်မာငွေ (၄၉၉,၉၀၀) ကျပ်နဲ့ ‌‌ရောင်းချပေးနေသလို Nebula Green (Limited Edition) အရောင်ကိုတော့ မြန်မာငွေ (၅၀၉,၉၀၀) ကျပ်နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ OPPO အရောင်းကောင်တာတိုင်းမှာ ရောင်းချပေးနေပါတယ်။

လူငယ်တိုင်းသဘောကျမယ့် ကင်မရာနဲ့ ဗီဒီယို function တွေပါဝင်တဲ့ OPPO Reno2
အခုခေတ် လူငယ်တော်တော်များများက ခရီးသွားတဲ့အခါမှာ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးတတ်ကြသလို video လေးတွေနဲ့ ကိုယ်သွားခဲ့တဲ့ ခရီးတစ်ခုရဲ့ အမှတ်တရလေးတွေကို သိမ်းဆည်းတတ်ကြပါတယ်။ OPPO Reno2 စမတ်ဖုန်းကတော့ လှုပ်ရှားနေရင်တောင် တည်ငြိမ်အောင် ရိုက်ကူးပေးနိုင်တဲ့ Ultra Steady Video Mode တွေနဲ့အတူ full focal length imaging system ကိုထောက်ပံ့ပေးမည့် ကင်မရာ (၄)လုံးကို တပ်ဆင်ထားတဲ့အတွက်ကြောင့် မတူညီတဲ့ ဓာတ်ပုံတွေကို အထာကျကျ ရိုက်ကူးနိုင်မှာပါ။ Reno2 ရဲ့ Ultra Dark Mode function ဟာဆိုရင်လည်း  AI noise reduction ဆိုတဲ့ hardware ထောက်ပံ့ထားတဲ့အတွက်ကြောင့် အလင်းရောင် အဆင့် 1 lux ထက်နည်းရင်တောင် သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ အရာတွေကိုပါ ရိုက်ကူးနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒီလိုမျိူး လူငယ်တိုင်းသဘောကျမယ့် ကင်မရာနဲ့ ဗီဒီယို functionတွေ ထောက်ပံ့ပေးထားတဲ့ OPPO Reno2 စမတ်ဖုန်းကိုတော့ အိပ်မက်ဆန်စွာ ကျောမော့လှပနေတဲ့ neonလို Luminous Black အရောင်နဲ့ နက်ရှိုင်းလှတဲ့ ပင်လယ်သမုဒ္ဒရာထဲက အလှတရားတွေကို ဖော်ကျူးထားတဲ့ Ocean Blue အ‌ရောင်တွေကို မြန်မာငွေ (၇၉၉,၉၀၀) ကျပ်နဲ့ ‌‌‌ OPPO အရောင်းကောင်တာတိုင်းမှာ ရွေးချယ်ဝယ်နိုင်မှာ ဖြစ်ပါတယ်။

Previous
Previous

တယ်လီနောမြန်မာ နှင့် OPPO Myanmar တို့အတူ ပူးပေါင်း၍ မြန်မာနိုင်ငံ ၏ Mobile Legends: Bang Bang Professional League Season 4 အား ကျင်းပ

Next
Next

ကိုယ့်ဖုန်းထဲကအကောင်းဆုံးပုံကိုရွေးပြီး Print ထုတ်ပေးမဲ့ service အသစ်ကို google စမ်းသပ်နေ