တယ်လီနောမြန်မာ နှင့် OPPO Myanmar တို့အတူ ပူးပေါင်း၍ မြန်မာနိုင်ငံ ၏ Mobile Legends: Bang Bang Professional League Season 4 အား ကျင်းပ

Moonton မှ လူကြိုက်များ Mobile Legends: Bang Bang Professional League Myanmar Season 4 အား ယခုလတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်မည့် MPL-MM S4 သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကောင်းဆုံး Mobile Legends: Bang Bang အသင်းများအားတစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မည့်မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းလ် Esport ဂိမ်းပြိုင်ပွဲ တစ်ခု ဖြစ်လာမှာပါ။Mobile Legends: Bang Bang ၏ တီထွင်ဖန်တီးသူ Moonton၊ ပွဲစီစဉ် ဆောင်ရွက်သူ Game Cast Network Myanmar (GCN) နှင့် အဓိက စပွန်ဆာများဖြစ်သည့် Telenor Myanmar နှင့်  OPPO Myanmar တို့မှ ပူးပေါင်းကျင်းပသည့် MPL MM-S4 ၏ လက်ရည်စစ်ပွဲ ပထမအဆင့်အား မတ်လ ၂-၃ ရက်အတွင်းကျင်းပသွားမည်ဖြစ်ပြီး ၎င်း၏ ဒုတိယအဆင့်အား မတ်လ ၅-၈ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။ ထို့နောက် Regular Season အား မတ်လ ၂၈ရက်နေ့ မှ ဧပြီလ ၂၆ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲစဉ်နောက်ဆုံးအဆင့်အနေဖြင့် Grand Finals အား မေ ၁၀ ရက်နေ့  တွင် ကျင်းပသွားမည်ဖြစ်သည်။ပြီးခဲ့တဲ့ Season 3 ချန်ပီယံ Team Burmese Ghouls၊ ဒုတိယဆု ရရှိခဲ့သော Team Cyanide, တတိယဆု ရရှိသွားသော Claw Esports, စတုတ္တဆု ရရှိသွားသော Team Yangon Galacticos တို့သည် MPL-MM Season 4 ကို တိုက်ရိုက်၀င်ခွင့်ရရှိမည်ဖြစ်သည်။ ပဉ္စမဆု ရရှိခဲ့သော Outworld Esports နှင့် ဆဌမဆု ရရှိခဲ့သော Team Mega Myanmar တို့သည် လက်ရည်စစ်ပွဲစဥ် ဒုတိယအဆင့်သို့ တိုက်ရိုက်၀င်ခွင့်ရရှိမှာပါ။

MPL-MM S4 သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး Mobile Legends: Bang Bang Esports ဂိမ်းပြိုင်ပွဲဖြစ်ပြီး ပရောဖက်ရှင်နယ် ကစားသမားများအနေဖြင့်လည်း အဆိုပါပြိုင်ပွဲမှ တစ်ဆင့် ၎င်းတို့၏ ကျွမ်းကျင်မှုအား နိုင်ငံအဆင့်သို့ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။ အဆိုပါ လိဂ်ပြိုင်ပွဲတွင် ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅,၀၀၀ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်သွားမည်ဖြစ်ပြီး ချန်ပီယံဆု ရရှိသော အသင်းအား အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၉၅ သိန်းခန့်) နှင့် ဒုတိယ နှင့် တတိယ ရရှိသွားသော အသင်းများအား အမေရိကန်ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၈၅ သိန်းခန့်) နှင့် အမေရိကန် ၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၅ သိန်းခန့်) အသီးသီးပေးအပ်သွားမည် ဖြစ်သည်။ ငွေသားဆုကြေးအပြင် ပြိုင်ပွဲ၏ အကောင်းဆုံး အသင်း ၂ သင်းသည် Mobile Legends: Bang Bang ၏ ၂၀၂၀ ခုနှစ် အရှေ့တောင်အာရှ ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် နိုင်ငံတကာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘာဒီယား နှင့် လာအိုတို့မှ ထိပ်သီးအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။Mobile Legends: Bang Bang ဟာကမ္ဘာ့ Multi-player Online Battle Arena (MOBA) ဂိမ်းနယ်ပယ်တွင် ထင်ပေါ်ကျော်ကြားဆုံး ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါသည်။ လက်ရှိအချိန်တွင် လူသန်း ၅၀၀ ကျော် install လုပ်ထားပြီး လစဉ်ကစားသူပေါင်း ၇၅ သန်းကျော် ရှိပါသည်။ ဂိမ်းကစားသူဦးရေ အလျင်အမြန် တိုးတက်လာသောကြောင့် နိုင်ငံပေါင်း ၈ဝကျော်တွင် ဝင်ငွေအများဆုံး ထိပ်ဆုံး (၁၀) ခု စာရင်းထဲတွင်ပါဝင်ခဲ့ပါသည်။ Mobile Legends: Bang Bang သည် နိုင်ငံစုစုပေါင်း ၁၃၉ နိုင်ငံကို ရောက်ရှိခဲ့ပြီး ဘာသာစကား ၂၅ ခုဖြင့် ဘာသာပြန်ထုတ်လုပ်ထားကာ ဂိမ်းအား အထစ်အငေါ့မရှိပဲ အဆင်ပြေချောမွေ့စွာ ကစားနိုင်ရန် အတွက် Servers ၁,၂၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်လျက် ရှိပါသည်။တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတစ်ဝန်းတွင် သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုကို ပေးအပ်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် မြို့ကြီး ၃ မြို့ ၌ စတင်ခဲ့သော မိုဘိုင်းကွန်ရက်ကို မြန်မာနိုင်ငံတစ်လွှား မြို့ငယ်များနှင့် ကျေးလက်ဒေသများ သို့ပါ ဖြန့်ကျက် လျက်ရှိ ပါသည်။ တယ်လီနောမြန်မာသည် ဥရောပနှင့် အာရှရှိ အသုံးပြုသူ သန်း ၁၆၀ ကျော်ကို မိုဘိုင်း၀န်ဆောင်မှု ပေးနေသော ကမ္ဘာ့ထိပ်တန်းအော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောအုပ်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။စမတ်ဖုန်းထုတ်လုပ်သူများ၏ ရှေ့ဆောင်ဖြစ်သော OPPO သည် ကမ္ဘာပေါ်ရှိ လူငယ်များအတွက် အရည်အသွေး  ကောင်းမွန်သော ဓာတ်ပုံရိုက်ခြင်း အတွေ့အကြုံများကို သယ်ဆောင်လာခဲ့ပြီး ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူ ၄ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော OPPO သည် လူငယ်များ၏ အကန့်အသတ်မရှိသော အနုပညာလက်ရာမြောက်သည့် စွမ်းရည်များကို selfie နှင့် portrait-focused စမတ်ဖုန်းများဖြင့်  ထုတ်ဖော်ပြသခဲ့ ပြီးဖြစ်ပါသည်။ ကမ္ဘာအနှံ့ရှိ research centers ၆ခုနှင့် လန်ဒန်တွင်ရှိသော international design center အရ OPPO၏ F series, A series, Find နှင့် နောက်ထွက်ပေါ်လာသော Reno series တို့သည် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၄၀ တွင် ကျေနပ်နှစ်သက်မှုများစွာရရှိခဲ့ပါသည်။ စတိုင်ကျမှု၊ တန်းဝင်သော ကြော်ငြာ campaigns နှင့်  Designed for Reno ဟု အမည်ပေးထားသော ဆန်းသစ်သည့် ဒီဇိုင်းများနှင့်အတူ 20x zoom၊ Ultra Steady Video နှင့် Ultra Dark Mode တို့သည် စမတ်ဖုန်း အသုံးပြုသူများအတွက် ပြည့်စုံသော စမတ်ဖုန်းများအဖြစ် ပေးစွမ်းနိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ပါသည်။

Author: Hein Htet (Phase II)  

Previous
Previous

Samsung ၏ နောက်ဆုံးပေါ် တန်ဖိုးသင့် Galaxy စမတ်ဖုန်းများအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Next
Next

ဖုန်းတွေကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ ဘယ် OPPO ဖုန်းအမျိုးအစားတွေက သင့်အတွက်ဖြစ်မလဲ