Swiss နာရီထုတ်လုပ်ရေး တစ်ခုလုံးရဲ့ ရောင်းအားကို နောက်ကောက်ချထားနိုင်ခဲ့တဲ့ Apple Watch
Apple Watch ဟာ Best-selling Smartwatch တစ်ခုဖြစ်ရုံမကပဲ Swiss Watch Industry တစ်ခုလုံးကို နောက်ကောက်ချပြီး ရောင်းအားအကောင်းဆုံးအဖြစ် နေရာယူထားပါတယ်။ဈေးကွက်ရောင်းအားကို သုတေသန လုပ်ထားတဲ့ စာတမ်းတွေအရ Apple ကနေ 2019 အတွင်း Apple Watch အလုံးရေ ၃၁ သန်းထက်မနည်း ရောင်းချခဲ့ပါတယ်။Swiss နိုင်ငံက နာမည်ကြီး Brand တွေဖြစ်တဲ့ Swatch,TAG Heuer တို့အပါအဝင် တစ်ခြား Brand တွေကတော့ အားလုံးပေါင်းမှ နာရီ အလုံး ၂၁ သန်းကျော်သာ ရောင်းချခဲ့ရပါတယ်။Apple Watch အနေနဲ့ ၃၆ ရာခိုင်နှုန်း ရောင်းအား တက်လာခဲ့တာဖြစ်ပြီး တစ်ခြား နာရီတွေကတော့ ၁၃ ရာခိုင်နှုန်း ရောင်းအားကျသွားခဲ့တာပါ။

Apple က ရောင်းချခဲ့တဲ့ Apple Watch အလုံးရေကို အတိအကျ မထုတ်ပြန်ခဲ့ပေမယ့် တစ်ဆင့်ပြန် ရောင်းတဲ့ဆိုင်တွေနဲ့ ကိုယ်စားလှယ်ဆိုင်တွေ ကနေတစ်ဆင့် ရတဲ့ Data တွေအရ ဒီစစ်တမ်းကိုကောက်ယူထားတာပါ။လူကြီးတွေအနေနဲ့ ပုံမှန်နာရီတွေကို သဘောကျနှစ်သက်ကြပေမယ့် လူငယ်တွေကတော့ Digital Smartwatch တွေကိုပဲ စိတ်ဝင်တစားနဲ့ ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။

ဒီစစ်တမ်းကို ပြုလုပ်သူ Steven Waltzer ကတော့ "သမာရိုးကျ Swiss နာရီရောင်းချတဲ့ Company တွေဖြစ်တဲ့ Swatch,Tissot တို့ဟာ Smartwatch War ထဲမှာ ကျရှုံးနေပါပြီ။နောက်ပိုင်းလူငယ် တော်တော်များများ ကတော့ Digital Smartwatch တွေကိုပဲ ဝတ်ဆင်လိုကြပြီး Swiss Brand သမာရိုးကျ နာရီရောင်းချသူတွေ အတွက်ကတော့ နောက်ပိုင်း ဈေးကွက်နည်းပါးလာနိုင်ပါတယ်။" လို့ဆိုပါတယ်။
Apple Watch အနေနဲ့ 2017 တုန်းကလည်း Swiss Watch Industry ရောင်းအားကို လပိုင်းလောက်ကျော်တက်သွားခဲ့ပြီး ခုလိုတစ်နှစ်လုံးစာ ရောင်းအားကျော်တက်တာကတော့ ဒါပထမဆုံးပါပဲ။နောက်ပိုင်းဆို Functions ပိုစုံလာတဲ့ Smartwatch တွေမြင်ရနိုင်တာမို့ Classical Watch တွေအနေနဲ့ ဘယ်လိုဖြစ်လာဦးမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : The Verge