Valentine Day မှာ Online ကနေပဲ မိတ်ဆက်သွားမယ့် Xiaomi Mi 10 နဲ့ Black Shark 3
Xiaomi Mi 10 Series ကိုမိတ်ဆက်မဲ့ရက် အတိအကျ မသိရသေးပေမယ့် Mi 10 ဆိုရင် J1J1,Mi 10 Pro အတွက် J1J2 ဆိုပြီး Code Name ထွက်ပြီးသားပါ။မူလတုန်းက February 7 မှာထွက်ဖို့ကြေငြာခဲ့ပေမယ့် Corona Virus ပြဿနာတွေရှိနေတဲ့အတွက် February 14 မှာ Online ကနေပဲမိတ်ဆက်သွားမယ်လို့ သိရပါတယ်။Mi 10 တစ်ခုတည်းတင်မဟုတ်ပဲ Black Shark 3 ကိုလည်း Online Launch Event လုပ်သွားမယ်လို့ Black Shark co-founder နဲ့ CEO ဖြစ်သူ Luo Yuzhou ကပြောကြားခဲ့ပါတယ်။

ဖုန်းတွေရောင်းချမဲ့ရက်နဲ့ ဈေးနှုန်းအတိအကျတွေကို ဒီပွဲကနေသိရမှာဖြစ်ပြီး ကောလဟာလတွေအရတော့ Mi 10 ကို မိတ််ဆက်ပွဲနဲ့အတူ တစ်ခါတည်းရောင်းပြီး Mi 10 Pro ကိုတော့ February 10 မှာ Pre-order လုပ်နိုင်မှာဖြစ်ပြီး February 18 မှာတော့ တစ်ကမ္ဘာလုံးကို Shipping လုပ်ပေးမှာပါ။

Mi 10 Series ဖုန်းတွေရဲ့ Hardware Specs တွေနဲ့ပတ်သတ်ပြီး မသိရသေးတဲ့အချက်တွေကတော့ ရှိနေသေးပါတယ်။ရိုးရိုး Version ရော၊ Pro Version ရော 108 Main Camera Sensor ပါလာမယ်ဆိုတာကတော့ သေချာနေပါတယ်။Mi 10 Pro မှာဆိုရင် 6.4-inch, FullHD+,120Hz OLED Panel, 16GB RAM ဆိုပြီး Specs တွေပေါက်ကြားထားပါတယ်။ဒါ့အပြင် 5,250 mAh Battery ကို 35 mins နဲ့ အားအပြည့်သွင်းနိုင်မယ့် 66W Fast Charging လည်းပါဝင်နေမှာဖြစ်လို့ စိတ်ဝင်တစား စောင့်ကြည့်ရပါမယ်။
Ref : GSMARENA