Phone 99 လုံးနဲ့ google map ကိုအရူးလုပ်ခဲ့တဲ့ ဂျာမနီကအနုပညာရှင်
Google map ဆိုတာကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးလမ်းညွှန် app တစ်ခုဖြစ်ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ်ကိုယ်သွားချင်တဲ့နေရာကို click လေးသုံးလေးချက်နိုပ်ရှာလိုက်တာနဲ့ကိုယ်သွားချင်တဲ့နေရာကိုအမြန်ဆုံးသွားနိုင်မဲ့လမ်းကြောင်းကိုပါတစ်ခါတည်းပြပေးပါတယ်။
ကားမောင်းသွားတဲ့လူတွေအတွက်တော့ Google map က တခြား Map user တွေရဲ့ data ကိုစုဆောင်းပြီး google algorithms ကအချိန်နဲ့တစ်ပြေးညီအမြန်ဆုံးလမ်းကြောင်းနဲ့ကားအရှင်းဆုံးလမ်းကိုပြန်ပြပေးပါတယ်။

Google map မှာကားပိတ်တဲ့လမ်းကြောင်းကိုအနီရောင်နဲ့ကိုယ်စားပြုပြီးapp ကကားပိတ်တဲ့လမ်းကြောင်းကိုရှောင်ပြီးသွားနိုင်မဲ့လမ်းကိုသုံးဖို့ပြပါတယ်၊၊ ဒီနည်းပညာရဲ့အလုပ်လုပ်ပုံကိုသဘောပေါက်တဲ့ အနုပညာရှင် ဆိုင်မွန်ကတော့ google map သုံးနေတဲ့ ဖုန်း 99 လုံးကိုတွန်းလှည်းထဲမှာထဲ့ထားပြီးသွားရင်ဘာဖြစ်မလဲလို့ရှာဖွေခဲ့ပါတယ်။

ဖုန်း 99 လုံးကိုငှားတွန်းလှည်းထဲမှာထဲ့ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ကလမ်းတွေပေါ်မှာလျှောက်သွားခဲ့ပါတယ်။ရလဒ်ကတော့ ကားလမ်းပိတ်နေတဲ့လမ်းကြောင်းအတုတွေပေါ်ထွက်လာခဲ့ပြီး algorithms ကိုအရူးလုပ်နိုင်ခဲ့ပါတယ်။ Maps ကတစ်ချိန်ထဲမှာလမ်းပေါ်မှာသွားနေတဲ့ကားတွေကို traffic jams ရှောင်ဖို့တခြားလမ်ကြောင်းတွေကိုပြခဲ့ပါတယ်။သူရှိနေတဲ့လမ်းကြောင်းကတော့သူရယ်လက်တွန်းလှည်းရယ်ကလွဲရင်ကားတစ်စီးမှမရှိပါဘူး။ ဆိုင်မွန်တစ်ယောက် ဘာလင်ရဲစခန်းရှေ့ကိုဖြတ်လျှောက်ပဲမနေနိုင်လို့လျှောက်ခဲ့ပြီး Mapမှာကားတွေပိတ်ပြီးရဲစခန်းရှေ့သွားမရအောင်ဖြစ်ခဲ့ပါတယ်။
Author: Hein Htet (Phase II)
ref:gadgets360