သိရသမျှ Samsung ရဲ့ S series model သစ်အကြောင်း
Samsung က smart phone တွေကိုမိတ်ဆက်ပေးရာမှာ flagship lineup ဖြစ်တဲ့ S နဲ့ Note series ကိုတစ်နှစ်တစ်ခါမိတ်ဆက်ပေးနေကျဖြစ်ပါတယ်။
အရင်နှစ်ထွက်ခဲ့တဲ့ S10 ရဲ့ဒီဇိုင်းနဲ့အောင်မြင်မှုကိုအမွေဆက်ခံမဲ့ Galaxy S ဖုန်းအသစ်ကတော့ ကတော့မကြာခင်အချိန်အတွင်းမှာထွက်ရှိတော့မှာပဲဖြစ်ပါတယ်။ ကျတော်တို့သိရသမျှဖုန်းအသစ်နဲ့ပတ်သတ်ပြီး rumor နဲ့ ဖြစ်နိုင်ချေတွေကိုခန့်မှန်းဖော်ပြလိုက်ပါတယ်။

Naming scheme and Model
နာမည်ကိုတော့ Samsung က ခေါ်လို့ကောင်းအောင် S20 လို့ပေးလာနိုင်ပါတယ်။ model အနေနဲ့ကတော့ မနှစ်က S10 ရဲ့တိုက်ရိုက်မျိုးဆက်ပုံမှန် S20 ရယ် S20 plus နဲ့ superior version S20 ultra ဆိုပြီးထွက်လာနိုင်ပါတယ်။
မနှစ်ကနဲ့မတူတဲ့ကြီးမားတဲ့ပြောင်းလဲမှု
တစ်နှစ်နဲ့တစ်နှစ်ပြောင်းလဲမှူလေးတွေမိတ်ဆက်ပေးခဲ့တဲ့Samsung ကဒီနှစ်မှာတော့ နာမည်ကြီး display နည်းပညာဖြစ်တဲ့ 120GHz,နောက်ကျောဘက် camera လေးလုံးနဲ့ အဆင့်မြင့်တင်ထားတဲ့ processor ကြောင့် 5G default ပါဝင်လာနိုင်ပါတယ်။
120GHz display ကတော့ ၂၀၂၀ ရဲ့ထုတ်လုပ်သူရောဝယ်ယူသူပါအကြိုက်အများဆုံးနည်းပညာဖြစ်လာနိုင်ပြီး Samsung ရဲ့နာမည်ကြီး display နဲ့ပေါင်းစပ်လိုက်ရင်အလိုက်ဖက်ဆုံးဖြစ်လာမှာပါ။ leak တွေအရတော့ 120 refresh rate ကို FHD+ resolution မှာပဲရရှိနိုင်ပြီး WQHD+ မှာတော့ပုံမှန် refresh rate ပဲရရှိမယ်လို့ထင်ပါတယ်။
နှစ်တိုင်းအဆင့်မြင့်တင်မှုအပိုင်းမှာမပါမဖြစ် camera ကတော့ S10 နဲ့ S10 plus မှာသုံးလုံးပါဝင်လာခဲ့ရာမှာ S20 မှာ camera ကို လေးထောင့်ပုံ ဒီဇိုင်းကွက်နဲ့ lens လေးခုပါဝင်လာနိုင်ပါတယ်။ 12 megapixel main camera lens , 64 megapixel telephoto lens, 12 megapixel ultra-wide lens တို့ဖြစ်ပြီး S20 Ultra မှာတော့ sensor နည်းပညာအသစ်ဖြစ်တဲ့ 3D TOF (time of flight) sensor တို့ပါဝင်လာနိုင်ပါတယ်။ 5G ကတော့ chipset အသစ်ကြောင့်ပုံမှန်အနေနဲ့ပါလာနိုင်ပေမဲ့ 5G version ကတော့သက်သက်ထွက်ကောင်းထွက်လာနိုင်ပါတယ်။
High refresh rate ကြောင့် battery ကိုလဲ မနှစ်က S10 model ထက်ကြီးမားတဲ့ battery ကိုသုံးပေးလာမှာတော့အသေအချာပါပဲ။ 4000 mAh အောက်ထစ်နဲ့ထွက်လာနိုင်ပြီး S20 နဲ့ S20 Ultra မှာတော့ 4500mAh ပါဝင်လာနိုင်ပါတယ်။

ဖုန်းတွေရဲ့အရွယ်အစားကတော့မနှစ်ကထက်ပိုကြီးလာမှာဖြစ်ပြီး S20 ultra ကတော့နာမည်အတိုင်း model တွေထဲမှာအကြီးဆုံးဖြစ်နိုင်ပြီး size ကတော့ မနှစ်က S10 plusထက်ပိုကြီးနိုင်ပါတယ်။ S20 Ultra မှာ Samsung က လပေါင်းများစွာအချိန်ပေးထားတဲ့ 108 megapixel lens ပါဝင်လာနိုင်ပြီး 48 megapixel telephoto lens,12 megapixel ultra-wide နဲ့ 3D ToF sensor ရှေ့ camera မှာတော့တခြား model တွေနဲ့မတူတဲ့ 40 megapixel sensor တို့သုံးပေးထားနိုင်ပါတယ်။ leak တွေ ကောလဟာလတွေအတိုင်းသာဆိုရင် S20 Ultra က Samsung ထုတ်ခဲ့သမျှစမတ်ဖုန်းတွေထဲမှာစွမ်းဆောင်ရည်အမြင့်မားဆုံးနဲ့အကြီးဆုံးဖုန်းဖြစ်လာမှာပါ။
Author: Hein Htet ( Phase II )
Ref: The verge