Dating app of 2020 ( 2020 ရဲ့အကောင်းဆုံးonlineချိန်းတွေ့မှုapplicationများ)
၂၀၂၀ မှာ ချိန်းတွေ့ဖို့အတွက် messenger ကိုအားကိုးနေရတုန်းပဲလား Valentine day လဲနီးလာပြီဆိုတော့ single လေးတွေအတွက် dating app 5 ခုကိုဖော်ပြလိုက်ပါတယ်။

- Tinder
Tinder ကိုဒီနိုင်ငံမှာတော်တော်များများသုံးကြပါတယ်။ ကိုယ်က like လုပ်နှစ်ဉီးနှစ်ဖက် အပြန်အလှန် like လုပ်ကြရင် match ဖြစ်သွားပြီး စတင် chat လို့ရပါပြီ။ profile တွေကတော့ random ပေါ်လာမှာဖြစ်ပြီးကိုယ့်အကြိုက်မတွေ့မချင်း swipe လုပ်သွားလို့ရပါတယ်။

2. Okcupid
ဒီ app ကိုမသုံးခင်မေးခွန်းလေးတွေဖြေရပါတယ်။မေးခွန်းတွေဖြေပြီးရင်ကိုယ်နဲ့ကိုယ်နဲ့ကိုက်ညီလောက်မဲ့လူကိုပြပေးပါတယ်။ အပြန်အလှန် like လုပ်ရင်တော့ match ဖြစ်သွားပြီးစ chat လို့ရပါပြီ။ မေးခွန်းတွေထဲမှာတော့ကိုယ်လိုချင်တဲ့ relationship ပုံစံကိုပါဖြေလို့ရပါတယ်။

3. Happn
Happn ကတော့ကို့နဲ့နေရာချင်းအနီးစပ်ဆုံးလူတွေကိုပေးတွေ့ပေးပါတယ်။သဘာဝကျကျနည်းလမ်းနဲ့တွေ့ချင်သူတွေအတွက်ပိုအဆင်ပြေအောင်ကူညီပေးပါတယ်။ Facebook နဲ့ပါတစ်ခါတည်းချိတ်ထားလို့ရတဲ့အတွက် profile setup လုပ်ရတာပိုမြန်ပါတယ်။

4. Hinge
The app design to delete ဆိုတဲ့စာသားနဲ့ ဒီ app ဟာ ပုံမှန်ဆက်ဆံရေးနဲ့ Facebook ပေါ်ကဖြစ်နိုင်ချေရှိတဲ့သူငယ်ချင်းနဲ့ချိတ်ဆက်ပေးပါတယ်။ကိုယ်ရဲ့အကြိုက်နဲ့ ကိုယ်ယုံကြည်ရာ ကိုယ့်ခံယူချက်အစရှိတာကို profile မှာပြထားလို့ရတဲ့အတွက် engage ဖြစ်ဖို့ပိုမြန်ပါတယ်။

5. Bumble
ဒီ app လေးကတော့ Tinder ရဲ့မိန်းကလေး version နဲ့တူပါတယ်။ မိန်းကလေးဘက်ကစလှုပ်ရှားချင်တဲ့လူတွေအတွက်ရွေးချယ်သင့်ပြီး ကောင်မလေးဘက်ကအရင်စာပို့ရတာပါ။ကောင်လေးဘက်က 24 နာရီအတွင်းစာမပြန်ခဲဘူးဆိုရင်တော့ ကောင်လေးအတွက် match ဖြစ်ဖို့အခွင့်အရေးကိုဆုံးရှုံးသွားမှာပါ။ ရှက်တက်တဲ့ညီကိုတွေအတွက်အဆင်ပြေပါတယ်။
Dating app တွေဟာ သမီးရည်းစာဖြစ်ဖို့ချိန်းတွေဖို့အတွက်ပဲမဟုတ်ပါဘူး။ သူငယ်ချင်းအသစ်ရှာနေတဲ့လူတွေ ကိုယ့်ရဲ့အသိမိတ်ဆွေပတ်ဝန်းကျင်ပြန့်ပွားဖို့အတွက်ပါအသုံးဝင်စေမှာပါ။
Author : Hein Htet ( Phase II )
Ref: Cnet