ချစ်သူများနေ့မှာ ထွက်လာမယ့် Huawei Nova 7i
Huawei အနေနဲ့ Nova 7i ဖုန်းကို နောက်လ February 14 ချစ်သူများနေ့မှာ စတင်ရောင်းချမယ်လို့ ကြေငြာထားပါတယ်။Huawei Nova 7i ဟာ ဖုန်းအသစ်မဟုတ်ပဲ Huawei Nova 6 SE ကိုပြန်လည် Re-brand လုပ်ထားတာဖြစ်ပါတယ်။

Huawei Nova 7i မှာ Kirin 810 SoC ပါဝင်ပြီး 8GB RAM 128 Storage ပါဝင်ပါတယ်။Os အနေနဲ့ Android 10 Based EMUI 10 ကိုထည့်သွင်းပေးထားခဲ့ပေမယ့် Us က စီးပွားရေးပိတ်ပင်မှုတွေကြောင့် Google Services တွေတော့ ပါဝင်လာမှာ မဟုတ်ပါဘူး။6.4" FHD+ LCD Display ကို ဘယ်ဖက်ထောင့်မှာ Punch Hole Selfie Camera နဲ့ပါ။နောက်ကျောမှာတော့ ကင်မရာလေးလုံး ပါဝင်နေတာကို မြင်ရမှာပါ။48MP main, 8MP ultrawide, 2MP macro, 2MP depth sensor ဆိုပြီး Camera Line Up ဖွင့်ထားပါတယ်။
Fingerprint Sensor ကိုတော့ ဘေးဘောင်မှာ ထည့်သွင်းပေးထားပြီး 4.200mAh Battery လည်း ထည့်သွင်း ပေးထားပါသေးတယ်။ဒီ Battery ပမာဏကို အားသွင်းဖို့အတွက် 44W Fast Charging လည်းပါဝင်နေပါတယ်။0% ကနေ 70% ကို ၃၀ မိနစ်အတွင်း အားသွင်းပေးနိုင်မှာပါ။
ဈေးနှုန်းကိုတော့ ခုထိသေချာ မသိရသေးပဲ ချစ်သူများနေ့မှပဲ Surprise ဈေးနှုန်းနဲ့လာမလားဆိုတာ ရင်ခုန်စွာစောင့်ကြည့်ရပါမယ်။တရုတ်မှာတော့ US $ 320(မြန်မာငွေ ၄သိန်း ၇သောင်း ဝန်းကျင်) နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
Ref : GSMARENA