Camera ပိုင်းဆိုင်ရာတွေကို Software Update နဲ့အဆင့်မြှင့်တင်ပေးမယ့် Oneplus

Oneplus ဆိုတာနဲ့  Mid-Premium ဖုန်းတွေထဲမှာ ဆရာတစ်ဆူဆိုတာ အားလုံးသိကြပါတယ်။Flagship Killer ကြီးလို့လည်း ခေါ်ကြပါသေးတယ်။နောက်ဆုံးပေါ် SOC၊ Smooth ဖြစ်ပြီး Optimized ဖြစ်တဲ့ Oxygen Os စတာတွေနဲ့ နာမည်ကြီးပါတယ်။Oneplus နဲ့ပတ်သတ်ပြီး အသုံးပြုသူတွေ မကြိုက်ဆုံးအချက်ကတော့ Camera ပိုင်းဆိုင်ရာပါပဲ။ပြီးခဲ့တဲ့ လတုန်းက Oneplus ကနေ Open Ears Forum ဆိုပြီး New York မှာပြုလုပ်ခဲ့ရာ Oneplus Users တော်တော်များများ တက်ရောက်ပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။ အားလုံးရဲ့ Camera ပိုင်းဆိုင်ရာ မှတ်ချက်တွေကြောင့်  Oneplus အနေနဲ့  Oxygen Os Update တွေနဲ့ Camera ပိုင်းနဲ့ Video ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ပြင်ဆင်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။အောက်မှာ Company ကအဓိက အသားပေး ပြင်ဆင်မယ့် အချက်တွေပါ။

၁.အလင်းအမှောင် ကာလာချိန်ညှိခြင်း

Oneplus ဖုန်းတွေမှာ Primary Sensor နဲ့  တစ်ခြား Sensor တွေ ကာလာ၊အလင်းအမှောင် မညီတာတွေကို ပြင်ဆင်မယ်လို့ ကတိပေးထားပါတယ်။

၂.AutoFocus ပိုကောင်းအောင်လုပ်မယ်။

နောက်ထွက်မဲ့ဖုန်းတွေမှာ Hardware+Software, ထွက်ရှိပြီးသားဖုန်းတွေမှာ Software Update နဲ့အတူတူ Autofocus ပိုကောင်းအောင် ပြုလုပ်ပေးမှာပါ။

၃.Skin Tone Improvements

Oneplus 6T အသုံးပြုသူတစ်ချို့အနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာတွေကို မလိုအပ်ပဲ အများကြီး ချော့မွေ့သွားတယ်လို့ သိရတဲ့အတွက် Skin Tone Consistency ကိုပြင်ဆင်ပေးမှာပါ။

၄.Super Stabilization

Oneplus အနေနဲ့  နောက်ထွက်မဲ့ Smartphones တွေမှာ 4K Resolution + Super Stabilization ကိုပါဝင်အောင် ထည့်သွင်းပေးမှာပါ။

၅.Video HDR

Dynamic Range မညီတဲ့ ပြဿနာတွေအတွက် Video HDR နည်းပညာကို မိတ်ဆက်ပေးသွားမှာပါ။

၆.ပိုမြန်လာမယ့် Shutter Speed

Oneplus အနေနဲ့ 2020 Camera Update လုပ်မယ့် ဦးစားပေးကတော့ Shutter Speed ပိုပြီးမြန်မြန်ရဖို့ဖြစ်ပါတယ်။Panning လှလှလေးတွေ ရိုက်ဖို့ပြင်ထားကြပါ။

Oneplus အနေနဲ့ နောက်ထွက်မဲ့ Oxygen OS Update တွေမှာ Camera Improvements တွေတစ်ပုံကြီး ပါဝင်မှာမို့ Oneplus  ပိုင်ရှင် ဓာတ်ပုံရိုက် ဝါသနာပါသူတွေအတွက်တော့  ရင်ခုန်စရာ နှစ်တစ်ခုပါ။

Ref : FOSSBYTES

Previous
Previous

ချစ်သူများနေ့မှာ ထွက်လာမယ့် Huawei Nova 7i

Next
Next

66W Fast Charging ပါဝင်လာမယ့် Mi 10 Pro