Facial Recognition Tech ကို ခွင့်မပြုဘဲ သုံးမိတဲ့အတွက် Facebook အနေနဲ့ ဒဏ်ကြေး $550 Millions ဆောင်ရဖွယ်ရှိ
Facebook အနေနဲ့ Facebook အသုံးပြုသူတွေရဲ့ မျက်နှာနဲ့ဆိုင်တဲ့ Data တွေကို အခွင့်မရှိပဲ သုံးမိတဲ့အတွက် လျော်ကြေး ဒေါ်လာ သန်း ၅၅၀ ပေးဆောင်ရမယ်လို့ NY Times သတင်းစာကို ပြောကြားခဲ့ပါတယ်။
ဒီအမှုဟာ ၂၀၁၅ ကတည်းက စတင်ဖြစ်ပွားနေတာဖြစ်ပြီး Facebook ဟာ User တွေ တင်သမျှပုံတွေ ကနေ မျက်နှာတွေကို Scan ဖတ်ပြီး Biometric Data တွေကို သိမ်းဆည်း နေတာဖြစ်ပါတယ်။ဒီလို အခွင့်မရှိပဲ ပြုလုပ်တာဟာ American Illinois ပြည်နယ် Biometric Information Privacy Act ကိုချိုးဖောက်ရာကျပါတယ်။ဒါ့ကြောင့် 2018 နောက်ပိုင်းမှာ သူ့ရဲ့ Facial Recognition စနစ်အကြောင်းကို အသုံးပြုသူတွေကို ပိုမိုနားလည်လာအောင် ရှင်းပြနေပါပြီ။တစ်ကယ်လို့ ကိုယ့်ပုံတွေကို Scan ဖတ်ပြီး မသိမ်းစေချင်ရင် မိမိအကောင့်ထဲက Setting ထဲမှာ ပိတ်ထားလို့ ရသွားပြီ ဖြစ်ပါတယ်။
Facebook ပေးဆောင်သွားမယ့် လျော်ကြေးတွေကို Facial Recognition Scan လုပ်ခံရတဲ့ Illinois ပြည်နယ်က Facebook User တွေကိုပြန်လည် ခွဲဝေးပေးမယ်လို့ Illinois ပြည်နယ်တရားရုံးက ကြေငြာထားပါတယ်။$550 Millions ဆိုတာ ပမာဏများပေမယ့် Facebook အတွက်ကတော့ အသေးသုံးစရိတ်ပဲရှိတယ်ဆိုတာ 2019 ပထမ လေးလပတ်အတွင်းမှာပဲ $21 Billions ဝင်ငွေရထားတဲ့ Facebook ဝင်ငွေပမာဏက သက်သေပါပဲ။
ဒါဟာ ပထမဆုံးအကြိမ် Illinois Biometric Information Privacy Act ကိုသုံးပြီး တရားခွင်မှာ အမှုဖွင့်ခြင်းဖြစ်ပြီး Google ကိုလည်း တရားလိုတစ်ယောက်က သူ့ပုံတွေကို အခွင့်မရှိပဲ Google Photos ပေါ်တင်ခဲ့ပြီး Scan ဖတ်မှုအတွက် တရားစွဲခဲ့ပါသေးတယ်။ဒါပေမယ့် တရားလိုအနေနဲ့ ဘာပုဂ္ဂိုလ်ရေးရာ ထိခိုက်မှုမှ မဖြစ်ခဲ့တဲ့အတွက် တရားရုံးက အမှုကိုပိတ်ပေးခဲ့ပါတယ်။Snapchat ဆိုရင်လည်း အလားတူပုံစံမျိုး တရားစွဲတာ ခံရဖူးပါတယ်။
Ref : The Verge