2020 မှာ စောင့်ကြည့်ရမဲ့စိတ်ဝင်စားစရာနည်းပညာများ

- အသိညဏ်တု (Artificial intelligence)
AI တွေကတော့တွင်ကျယ်သထက်ကျယ်လာပါပီ။နည်းပညာကုမဏီကြီးတွေသာမက အလတ်စားနဲ့အသေးစားကုမဏီတွေပါတွင်ကျယ်စွာအသုံးပြုလာကျပါပြီ။ AI ဆိုတာလူလိုစဉ်းစားနိုင်ပြီးအခက်အခဲတွေကိုကျော်ဖြတ်နိုင်တာပါ။စက်ရုပ်တွေ အာကာသယဉ်တွေမှာသုံးတာမှ AI မဟုတ်ပါဘူး။ ဖုန်းထဲမှာရှိတဲ့ speech recognition ကလဲ AI ပါပဲ။ ordinary software ပုံစံတွေကနေခွဲထွက်နေတဲ့ AI ကအနာဂတ်မှာအလားအလာအရှိဆုံးနည်းပညာတစ်ခုဟုတ်ပါတယ်။Machine learning တိုးတက်လာတာနဲ့အမျှ AI တွေဟာပိုတိုးတက်လာမှာဖြစ်ပြီးနည်းပညာအသစ်တွေပါထွက်ပေါ်လာမှာဖြစ်ပါတယ်။ AI ကိုဖျော်ဖြေရေးတွေသာမကပဲ ရောဂါကုသမှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေမှာပါတွင်ကျယ်စွာသုံးလာကြပါပြီ။နောက်အနာဂတ်ကမ္ဘာကြီးမှာတော့ AI ကိုနေရာတိုင်းမှာတွေ့ရမှာပဲဖြစ်ပါတယ်။

စူပါကွန်ပြူတာ (Quantum computing)
Quantum ဆိုတဲ့စကားလုံးကို 2019 မှာတော်တော်ကြားခဲ့ရမှာပါ။ ရုပ်ရှင်တွေမှာတွင်တွင်ကျယ်အောင်သုံးခဲ့ကြပေမဲ့ ဒီနည်းပညာကို သိပ္ပံပညာရှင်တွေ research လုပ်နေတာနှစ်ပေါင်းများစွာဆယ်စုနှစ်တစ်ခုစာမကတော့ပါဘူး။ IBM အနေနဲ့ပထမဆုံး Quantum computer ကိုတည်ဆောက်နိုင်ခဲ့တာကြာပါပြီ။ quantum နည်းပညာရဲ့ unit ကတော့ qubit ဖြစ်ပါတယ်။

Internet of things (IOT)
နည်းပညာသမားတွေကြားမှာသာမကသာမန်လူတွေကြားမှာပါရေပန်းစားအသုံးများလာတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုရတဲ့ Gadgets, ဆော့ဖ်ဝဲ, ကွန်ပြူတာ, services မှန်သမျှကို IOT လို့ခေါ်ပါတယ်။ လူရဲ့ထိတွေ့မှုမလိုအပ်ပဲစက်ချင်းချင်းဆက်သွယ်အလုပ်လုပ်နိုင်တာတွေကလဲ IOT ရဲ့စွမ်းအားတွေပါ။

Cloud technology
Organization တွေတော်တော်များများသုံးလာကြပါပြီ။ ကုမဏီတွေအနေနဲ့ Data သိမ်းဆည်းဖို့ IT department တစ်ခုမထားချင်တဲ့အခါမှာ Cloud services ကိုဝယ်သုံးပြီးအလွယ်တကူဖြေရှင်းလိုက်လို့ရပါတယ်။သုံးသလောက်ရှင်းပုံစံနဲ့ဖြစ်တဲ့အတွက်အလုပ်ရှပ်လဲသက်သာပါတယ်။အမြဲတမ်း availableဖြစ်သလို Storageပိုင်းမှမဟုတ်ပါဘူး ကို့ယ့်အဖွဲ့အစည်း လုပ်ငန်း အတွက်လိုအပ်တဲ့ Computing power ကိုလဲဝယ်သုံးလို့ရတဲ့အတွက် application တွေ services တွေ အမြဲတမ်း run ဖို့အတွက် CPU ဖိုးတွေ Memory (RAM) ဖိုးတွေကိုလျှော့ချနိုင်မှာဖြစ်တဲ့အတွက်ပြုပြင်ထိန်းသိမ်းခတွေကိုပါလျှော့ချနိုင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ Microsoft AZURE, AWS cloud service တွေကိုဝယ်သုံးလို့ရပါပြီ။

Blockchain technology
ကျွန်တော်တို့နိုင်ငံမှာတော့လူသိနဲသေးတဲ့နည်းပညာတစ်ခုဖြစ်ပေမယ့်အနာဂတ်မှာစုပေါင်းလုပ်ဆောင်နိုင်မဲ့အလုပ်တွေအတွက်တော်တော်တွင်ကျယ်လာမှာဖြစ်ပါတယ်။ Data တွေကိုလုံခြုံစွာသိမ်းဆည်းဖို့ လူတိုင်းအလွယ်တကူသုံးနိုင်ဖို့နဲ့တစ်ဉီးတစ်ယောက်တည်းကထိန်းသိမ်းဖို့ခက်ခဲတဲ့ data နဲ့ network တွေကိုလွယ်ကူစွာကိုင်တွယ်နိုင်ဖို့ရည်ရွယ်ပါတယ်။
Author : Hein Htet ( Phase II )