2019 နှစ်ကုန်ပိုင်းစမတ်ဖုန်း စျေးကွက်ကိုဦးဆောင်ထားနိုင်တဲ့ Apple

2007 ခုနစ်ကနေစပြီးစမတ်ဖုန်းသမိုင်းကြောင်းကိုပြောင်းလဲပစ်ခဲ့တဲ့ Apple ကုမဏီဟာဆိုရင် iphone အသစ်တွေကိုနှစ်စဉ်မိတ်ဆက်ပေးခဲ့ရာယခု iphone 11 series ကိုမိတ်ဆက်ပေးအပြီးစျေးကွက်မှာတစ်ဖန်ပြန်ဦးမော့နိုင်ခဲ့ပါတယ်။စမတ်ဖုန်းတင်သွင်းတဲ့အပြိုင်ကုမဏီတွေဖြစ်တဲ့ Samsung နဲ့ Huawei ကိုကျော်တက်ခဲ့ပြီး ဒီနှစ်မိတ်ဆက်ခဲ့တဲ့ iphone 11 ရဲ့ဝယ်လိုအားနဲ့စျေးနှုန်းဗျူဟာကအဓိကကျနေပါတယ်။ Canalys နဲ့ Strategy Analytics ရဲ့ reportမှာ Apple ဟာ 2019 ရဲ့နှစ်ကုန်ပိုင်းစျေ;ကွက်ကိုဦးဆောင်ထားနိုင်ခဲ့ပြီး Samsung နဲ့ Huawei ကတော့ ဒုတိယနဲ့တတိယနေရာမှာအသီးသီးရှိပြီး Xiaomi နဲ့ OPPO ကတော့ ထိပ်ဆုံးငါးနေရာမှာဝင်ခဲ့ပါတယ်။

Canalys ရဲ့ထုတ်ပြန်ချက်အရနှစ်ကုန်ပိုင်းမှာ Apple အနေနဲ့ တကမ္ဘာလုံးအတိုင်းအတာမှာစမတ်ဖုန်းပေါင်း ၇၈.၄ သန်းတင်ပို့ခဲ့ရပြီးစျေးကွက်ရဲ့ ၂၁.၃ရာခိုင်နှုန်းကိုရရှိခဲ့ပါတယ်။ စျေးသက်သက်သာသာနဲ့စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းကိုဝယ်ယူနိုင်တဲ့အတွက် Apple ကိုတော်တော်များများပြန်လည်စိတ်ဝင်စားလာတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဝယ်ယူသူတွေအတွက်စျေးသက်သာတဲ့ iphone မော်ဒယ်တွေဟာရွေးချယ်စရာတစ်ခုဖြစ်လာပြီးစွမ်းဆောင်ရည်အမြင့်ဆုံးမော်ဒယ်တွေကတော့စျေးအမြင့်ဆုံးအဖြစ်ဆက်လက်တည်ရှိနေတုန်းပါပဲ။ Apple က iphone 11 မော်ဒယ်ကို စျေးလျှော့လိုက်တာဟာပြိုင်ဘက်ကုမဏီတွေရဲ့ စားကျက်ဖြစ်တဲ့ mid range စမတ်ဖုန်းစျေးကွက်ကို ကိုင်လှုပ်လိုက်တာပါ။ယခင် Huawei ကအချိန်အတော်ကြာဦးဆောင်ခဲ့ပေမယ့် US က Ban လိုက်တဲ့ကိစ္စကြောင့် global market မှာသွားပါပြီ နလန်မထူနိုင်တော့ပါဘူး။

Author : Hein Htet ( Phase II )

Ref : gadgets360

Previous
Previous

သိရသမျှ Samsung ရဲ့ S series model သစ်အကြောင်း

Next
Next

2020 မှာ စောင့်ကြည့်ရမဲ့စိတ်ဝင်စားစရာနည်းပညာများ