Emoji အသစ် 62 ခုပါဝင်လာမယ့် Android 11

Google အနေနဲ့ ဒီနှစ်ကုန်မှာ Android 11 ကိုထုတ်ပေးတော့မှာဖြစ်ပါတယ်။UI ပြောင်းလဲမှုတွေနဲ့အတူ တစ်ခခြားလုပ်ဆောင်ချက်အသစ်တွေ အပါအဝင် Emoji အသစ် ၆၂ လည်းပါဝင်လာမှာပါ။Emoji အသစ်တွေမှာ အသားရောင်မတူညီတဲ့ Emoji တွေအပြင် Gender  ပိုင်းဆိုင်ရာ အလေးပေးဖော်ပြပေးတဲ့ Emoji တွေလည်း ပါဝင်မှာပါ။

ဒီ Emoji Patch ကို Emoji 13.0 လို့အမည်ပေးထားပြီး Transgender Flag၊ အနောက်တိုင်းဝတ်စုံနဲ့ အမျိုးသားမျက်နှာ၊ အနောက်တိုင်းဝတ်စုံနဲ့ အမျိုးသမီးမျက်နှာ၊ နို့ဘူးနဲ့ ကလေးနို့တိုက်နေတဲ့ အမျိုးသား၊ သတို့သမီးဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား စသဖြင့်ပါဝင်လာပါတယ်။နောက်ထပ်အနေနဲ့ဆိုရင် ပိုလာဝက်ဝံ၊ ဘာဘယ်တီး စတာတွေလည်းပါဝင်လာမှာပါ။ဒီ Emoji 13.0 ကို နှစ်ကုန်ပိုင်းမှာ Android 11 နဲ့အတူ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Ref : Android Police

Previous
Previous

66W Fast Charging ပါဝင်လာမယ့် Mi 10 Pro

Next
Next

သူတို့စည်းမျဥ်းတွေကို လိုက်နာရင် Huawei ကို Europe မှာ 5G တပ်ဆင်ခွင့်ပေးမယ်လို့ EU ပြော