66W Fast Charging ပါဝင်လာမယ့် Mi 10 Pro
Xiaomi အနေနဲ့ Mi 10 Series ကိုထုတ်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။၂၀၂၀ ရဲ့ပထမလေးလပတ်အတွင်း ထုတ်လုပ်သွားမှာဖြစ်လို့ အတော်လေးနီးစပ်နေပါပြီ။Mi 10 Series မှာ Mi 10 နဲ့ Mi 10 Pro ဆိုပြီး ဖုန်း ၂ လုံးပါဝင်မှာပါ။အားလုံးထင်နေကြတဲ့အတိုင်းပါပဲ Mi 10 Pro မှာတော့ Super Fast Charging ဖြစ်တဲ့ 66W fast Charging ပါဝင်လာတော့မှာပါ။Macbook မှာပါဝင်တဲ့ Charging Speed က 61W ပါ။

XDA Forum မှာပြောကြားထားချက်အရ Mi 10 နဲ့ Mi 10 Pro Code Base ဟာ MIUI v20.1.6 ဖြစ်ပြီး ဖုန်းမော်ဒယ်နာမည်နဲ့ Marketing Name ကိုဒီCode ထဲမှာ ထည့်သွင်းထားပါတယ်။Mi 10 အတွက် Code ကတော့ M2001J2C,Mi 10 Pro အတွက်ကတော့ M2001J1C ဖြစ်ပါတယ်။
တရားဝင်ထုတ်ပြန်ချက်တွေအရ Mi 10 Pro မှာ 66W Fast Charging သေချာပေါက်ပါဝင်မှာဖြစ်ပြီး 5G လည်းပါဝင်လာဖို့ ရှိနေပါတယ်။Xiaomi မှာ စမ်းသပ်နေဆဲ 100W Charging Technology ရှိနေပြီး Oppo ကလည်း 120W Charging Technology ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။တစ်ကယ်လက်တွေ့မှာတော့ Oppo က 65W Charging နဲ့ အမြန်ဆုံး နေရာကိုယူထားပြီး Mi 10 Pro သာ 66W Fast Charging နဲ့ထွက်လာရင် Charging အမြန်ဆုံးဖုန်းဖြစ်လာမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဖုန်း Battery Capacity ပိုပိုကြီးလာပြီး၊ Charging Speed 66W ထိရလာတာပဲ တော်တော်လေးကို အားရစရာကောင်းနေပြီး 100W တွေ၊ 120W တွေကိုလည်းရင်ခုန်စွာ စောင့်ကြည့်ရမှာပါ။
Ref : Android Authority