သူတို့စည်းမျဥ်းတွေကို လိုက်နာရင် Huawei ကို Europe မှာ 5G တပ်ဆင်ခွင့်ပေးမယ်လို့ EU ပြော

European Commission အနေနဲ့  သူတို့ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို လိုက်နာနိုင်ရင် 5G Companies တွေကို Union Members တွေနဲ့ စီးပွားရေးလုပ်ခွင့်ပေးသွားမှာပါ။ချမှတ်ထားတဲ့ စည်းမျဥ်းတွေမှာ တစ်ကယ်လို့  Data ကျိုးပေါက်မှုတွေဖြစ်လာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုတာ  ပါဝင်ပြီး EU Toolbox လို့အမည်ပေးထားပါတယ်။Huawei,  ZTE အစရှိတဲ့ 5G Company တွေအနေနဲ့ Commission ကချမှတ်ထားတဲ့ စည်းမျဥ်းတွေနဲ့ လုံခြုံရေး သဘောတူချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် EU  အဖွဲ့ဝင် 27 နိုင်ငံကို 5G ကွန်ရက် ဖြန့်ကျက်ဖို့ ခွင့်ပြုချက်ရရှိမှာဖြစ်ပါတယ်။

European  Commissioner Margaritis Schinas ကတော့ "EU ရဲ့ အရေးကြီးတဲ့ Data  Infrastructures တွေနဲ့ တစ်ခြား Data လုံခြုံမှုတွေအတွက် အာမခံချက်ပေးနိုင်ဖို့ သေသေချာချာ ဆောင်ရွက်ပြီးမှသာ 5G Companies  တွေကိုဝင်ရောက်ခွင့်ပေးမယ်"  လို့ပြောကြားခဲ့ပါတယ်။စာမျက်နှာ ၃၀ ခန့်ရှိတဲ့ ဒီစည်းမျဥ်းတွေကို Eu ကနေ United  Kingdom မထွက်ခင်ကပဲ ချမှတ်ထားတာပါ။

ပိုစိတ်ဝင်စားဖို့ကောင်းတာက ဒီစည်းမျဥ်းတွေကို United State နဲ့ China တို့ဖြစ်နေတဲ့ Trade War ဖြစ်ပြီးမှချမှတ်ခဲ့တာဖြစ်ပြီး Huawei ကတော့ ခုလိုစည်းမျဥ်းတွေချမှတ်တာဟာ Eu အတွက်  ပိုလုံခြုံပြီး ပိုကောင်းတဲ့ 5G Connection ရဖို့အတွက်သာ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။IT ခေတ်အရ နိုင်ငံတွေအနေနဲ့ မိမိတို့နိုင်ငံ Information လုံခြုံရေးကို ဦးစားပေးလာတာပါ။

Ref : GSMARENA

Previous
Previous

Emoji အသစ် 62 ခုပါဝင်လာမယ့် Android 11

Next
Next

Corona Virus ကြောင့် China Apple Store တစ်ခုကို ယာယီ ပိတ်လိုက်တဲ့ Apple