Corona Virus ကြောင့် China Apple Store တစ်ခုကို ယာယီ ပိတ်လိုက်တဲ့ Apple
ခုတော့ တရုတ်နိုင်ငံ တစ်ဝန်းလုံးမှာ အားလုံးစောင့်ကြည့်နေကြတဲ့ Corona Virus ကြောင့် လေကြောင်းလမ်းတွေပိတ် အကုန်လုံး ထိတ်လန့်နေကြပါတယ်။လေကြောင်းသွားလာရေးကို ပိိတ်လိုက်တဲ့အတွက် သွားလာရေးတွေလည်း အကုန်ခက်ခဲကုန်တာပါ။လောလောဆယ်တော့ Apple CEO Tim Cook ကတရုတ်ကို ခရီးသွားမဲ့ ဝန်ထမ်းတွေကို ကန့်သတ်လိုက်ပါပြီ။ဒါ့အပြင် တရုတ်ပြည်မတွင်းမှာရှိတဲ့ Apple Store တစ်ခုကိုပိတ်ထားပြီး ဆိုင်ဖွင့်ချိန်တွေကိုလည်း လျော့ချထားပါတယ်။

ရောဂါကူးစက်နေသူတွေထဲမှာ ဝန်ထမ်းတွေလည်း ပါဝင်နေနိုင်တာကြောင့် တစ်ခြား နည်းပညာ Company တွေဖြစ်တဲ့ Facebook, LG စတဲ့ Company တွေကပါ ဝန်ထမ်းတွေကို မသွားမဖြစ် အရေးကြီးတဲ့ ကိစ္စတွေကလွဲလို့ ခရီးသွားခွင့်ကို ပိတ်ပင်ထားပါတယ်။
Apple Hardware Products တွေကို အဓိကပံ့ပိုးပေးတဲ့ Foxconn ကလည်း Corona Virus ကြောင့် ကုန်ကစ္စည်း ထုတ်လုပ်မှုတွေ နှောင့်နှေးကုန်နိုင်တယ်ဆိုတာ အမှန်ဖြစ်ကြောင်းနဲ့ Apple Product အရောင်းဆိုင်တွေပိတ်ထားတာ ဖြစ်တာကြောင့် Hardware ထုတ်လုပ်မှုလည်း အကန့်အသန့်နဲ့ ထုတ်လုပ်နေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်ပြည်မကြီး အတွင်းမှာရှိတဲ့ Apple Store 4 ခုအနက် 1 ခုကိုလုံးဝပိတ်ထားပြီး ကျန်တဲ့ တစ်ဆင့်ပြန်ရောင်းနေတဲ့ ဆိုင်တော်တော်များများလည်း ဆိုင်တွေကိုပိတ်လိုက်ပြီလို့ Tim Cook ကထပ်ပြီး ပြောခဲ့ပါသေးတယ်။Corona Virus စတင်တဲ့နေရာ ဖြစ်တဲ့ Wuhan မြို့တစ်ဝိုက်မှာ ရောင်းအား လုံးဝကျဆင်းနေပြီလို့ သိရပါတယ်။တရုတ်အစိုးရရဲ့ နှစ်သစ်ကူးရုံးပိတ်ရက် တိုးပေးလိုက်တဲ့ ကြေငြာချက်နဲ့အတူ Apple အနေနဲ့ Hardware Production နဲ့ ဆိုင်ပြန်ဖွင့်မဲ့ရက်ကိုတော့ မသေချာသေးဘူးလို့ သိရပါတယ်။Company ရဲ့ဒီနှစ် Budjet ပိုင်းဆိုင်ရာတွေကိုတော့ ပြန်ပြီးတွက်ချက်သွားဦးမှာပါ။
Apple အနေနဲ့ တရုတ်နိုင်ငံ Wuhan ဧရိယာ အတွင်းမှာရှိတဲ့ ဝန်ထမ်းတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုတွေကိုပါ ပေးနေပြီး ဝန်ထမ်းတွေရဲ့ ကိုယ်အပူချိန် တိုင်းပေးတာတွေ၊ တုပ်ကွေးရောဂါ လက္ခဏာဖြစ်သလားဆိုတာကို စောင့်ကြည့်နေပြီး Apple Product ရောင်းဆိုင်တွေကိုလည်း ပိုးသတ်ဆေးတွေဖြန်းနေပါတယ်။
Ref : The Verge