Poco X2 ထွက်ရှိဖို့ အတည်ပြုလိုက်ပြီ။

Poco ရဲ့ မျိုးဆက်သစ်စမတ်ဖုန်းသစ် Poco X2  ကို India မှာနောက်အပတ်တနင်္လာနေ့( feb4 ) မှာကြေညာသွားမယ်လို့အတည်ပြုလိုက်ပါပြီ။

ချောမွေ့တဲ့အတွေ့အကြုံအတွက် 120 Hz refresh rate ပါဝင်မယ်လို့အတည်ပြုထားပါတယ်။120 Hz refresh rate ကိုတော်တော်လေး high-light လုပ်ထားတဲ့အတွက် ဒီနှစ်ထဲမှာ 120 Hz အပြေးပြိုင်ပွဲကြီးကတော့စိတ်ဝင်စားစရာပါပဲ။ နောက်မိတ်ဆက်မဲ့ Android ဖုန်းအသစ်တွေအနေနဲ့ ဖောချင်းသောချင်းသုံးလာနိုင်ပါတယ်။

redmi K30 ရဲ့ 4G version အဖြစ်ထွက်ရှိလာနိုင်ပါတယ်။ဒါပေမဲ့ အတည်ထွက်လာမှပဲအသေအချာသိရမှာပါ။side mounted မှာ finger print ပါဝင်လာဖို့ရှိပြီး power button နဲ့ တွဲဖက်ထားမယ်လို့ promo image တွေမှာလဲtease လုပ်ပြထားပါတယ်။ poco ရဲ့official website တွေမှာတော့ qualcomm snapdragon, liquid cooling,USB type C port နဲ့ 3.5 mm headphone jack တို့ပါဝင်လာနိုင်ပါတယ်။

Poco ကတော့ X2 မှာပါဝင်မဲ့ နည်းပညာအသစ်တွေကို တရားဝင်မိတ်ဆက်တဲ့ရက်မှပဲချပြသွားဖို့စီစဉ်ထားတဲ့ပုံပါပဲ။

တစ်ကယ်လို့ Poco X2 သာအမှန်တကယ် Redmi K30 ရဲ့ 4G version အနေနဲ့ထွက်လာခဲ့မယ်ဆိုရင် 6.67-inch full HD+ dual punch hole design မျက်နှာပြင်, Qualcomm Snapdragon 730G chipset နဲ့ နောက်ကျောဘက်ကင်မရာလေးလုံးတို့မျှော်လင့်လို့ရပါတယ်။ကောလဟာလအနေနဲ့ Ram 6GB, storage 64GB နဲ့ android version 10 တို့ပါဝင်မယ်လို့သိရပါတယ်။ဖုန်းဗူးခွံထဲမှာတော့ 4500 mAh battery ကိုလျှင်မြန်စွာအားသွင်းမဲ့ 27W fast charging တို့ပါဝင်လာနိုင်ပါတယ်။ ဖုန်းရဲ့ specအပြည့်အစုံနဲ့ စျေးနှုန်းကိုတော့ကြေညာမည့်နေ့ရောက်ရင်အပြည့်အစုံသိရမှာပါ။

Author: Hein Htet ( Phase II )

Ref : gadgets360

Previous
Previous

Corona Virus ကြောင့် China Apple Store တစ်ခုကို ယာယီ ပိတ်လိုက်တဲ့ Apple

Next
Next

နောက်ထွက်လာမည့် IOS ဗားရှင်းအသစ် 14 တွင် apple device အားလုံးကိုထောက်ပံ့ပေးလာနိုင်