နောက်ထွက်လာမည့် IOS ဗားရှင်းအသစ် 14 တွင် apple device အားလုံးကိုထောက်ပံ့ပေးလာနိုင်

Apple နဲ့ ပတ်သက်ပြီးနောက်ဆုံးထွက်လာတဲ့ rumor တွေကတော့ ‌IOS version အသစ် 14 ဟာ မနှစ်ကထွက်ရှိခဲ့တဲ့ IOS 13 support လုပ်ခဲ့တဲ့ device အားလုံးကိုပဲပြန်ပြီးတော့ support လုပ်မယ်ဆိုပြီးထွက်ရှိလာပါတယ်။ Apple အနေနဲ့ မော်ဒယ်အဟောင်းတွေဖြစ်တဲ့ 6,6s,6s plus,SE  မော်ဒယ်တွေကို IOS 14 မှာလွှတ်ချခဲ့ဖွယ်ရှိပါတယ်။ ဒီသတင်းသာအမှန်ဖြစ်ရင်တော့ မော်ဒယ်အဟောင်းဆက်ကိုင်နေတဲ့သူတွေအတွက်တော့ update လုပ်လို့ရနေဦးမှာဖြစ်ပြီး apple ရဲ့ software support လုပ်နိုင်စွမ်းအားကတော့ပြိုင်ဘက်တွေအားလုံးထက်နှာတစ်ဖျားသာသွားမှာပါ။ 2020 ထုတ် IPhone တွေကတော့သေချာပေါက် update လုပ်လို့ရနေဦးမှာအသိသာကြီးပါ။ iphone 6s နဲ့ SE သာ IOS 14 Update ဆက်ရနေမယ်ဆို iphone တစ်လုံးဟာ ၅ နှစ်အာမခံချက်ရှိတယ်ဆိုတဲ့သဘောတရားနဲ့တူတူပါပဲ။

Apple ရဲ့ battery replacement program နဲ့ Battery လဲပြီးပြန်သုံးထားတဲ့ device အဟောင်းတွေကို software update တစ်ခုတည်းအတွက်နဲ့ ဖုန်းအသစ်မလဲဘဲသုံးချင်တဲ့လူတွေအတွက်တော်တော်ဝမ်းသာစရာပါ။ Apple ကတော့ထုံးစံအတိုင်းပဲ IOS 14 ကို june လမှာလုပ်မဲ့ WWDC မှာချပြသွားဖွယ်ရှိပါတယ်

IphoneSoft ရဲ့ဖော်ပြချက်အရ IOS 14 support လုပ်မဲ့ rumor ထွက်လာတဲ့ apple products တွေကတော့အောက်ပါအတိုင်းပါ၊၊

1. iPhone 11 Pro
2. iPhone 11 Pro Max
3. iPhone 11
4. iPhone XS
5. iPhone XS Max
6. iPhone XR
7. iPhone X
8. iPhone 8
9. iPhone 8 Plus
10. iPhone 7
11. iPhone 7 Plus
12. iPhone 6s
13. iPhone 6s Plus
14. iPhone SE
15. iPod touch (7th Generation)

Ipad မော်ဒယ်တွေကတော့အောက်ပါအတိုင်းပါ

1. 12.9-inch iPad Pro 2016 and 2017
2. 12.9-inch iPad Pro 2018
3. 11-inch iPad Pro
4. 10.5-inch iPad Pro
5. 9.7-inch iPad Pro
6. iPad 7th Generation
7. iPad 6th Generation
8. iPad 5th Generation
9. iPad mini 2019
10. iPad Air 2019

Author : Hein Htet ( Phase II )

Ref : 360gadgets

Previous
Previous

Poco X2 ထွက်ရှိဖို့ အတည်ပြုလိုက်ပြီ။

Next
Next

မြန်မာလူငယ်တွေရဲ့ အိပ်မက်တွေအကောင်အထည်ဖော်ရာမှာ တစ်ထောင့်တစ်နေရာကနေ အစဥ်အမြဲ ပံ့ပိုးပေးနေတဲ့ OPPO Myanmar