မြန်မာလူငယ်တွေရဲ့ အိပ်မက်တွေအကောင်အထည်ဖော်ရာမှာ တစ်ထောင့်တစ်နေရာကနေ အစဥ်အမြဲ ပံ့ပိုးပေးနေတဲ့ OPPO Myanmar
အခုနောက်ပိုင်း မြန်မာနိုင်ငံက လူငယ်တွေကြားမှာ street dance တွေ skate boarding တွေလို street styleဆန်တဲ့ အရာတွေ ခေတ်စားလာသလို လူငယ်တွေရဲ့ အစွမ်းအစတွေကို ဖော်ထုတ်လို့ရမယ့် ပြိုင်ပွဲတွေလည်း အသီးသီး ပေါ်ထွန်းလာခဲ့ပြီ ဖြစ်ပါတယ်။ ကိုယ်ကာယကို အားပြုပြီး ကစားရတဲ့ အားကစားနည်းမဟုတ်တဲ့ Esports ကစားနည်းတွေဖြစ်တဲ့ Dota 2၊ PUBG နဲ့ Mobile Legendsလို အားကစားနည်းတွေကလည်း နိုင်ငံတွင်း တော်တော် ခေတ်စားလာသလို နိုင်ငံတကာပြိုင်ပွဲတွေကိုပါ သွားရောက် ယှဥ်ပြိုင်နိုင်ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်လာနိုင်တဲ့အထိ အခွင့်အလမ်းများစွာ ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။
စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ မြန်မာလူငယ်တွေအနေနဲ့လည်း မိမိစိတ်အားထက်သန်ရာ အိပ်မက်များကို အကောင်အထည်ဖော်ဖို့အတွက် အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ပြီး အောင်မြင်ရန် ကြိုးစားနေကြသလို OPPO Myanmar ဟာဆိုရင်လည်း အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ မျိုးဆက်သစ် လူငယ်တွေကို အထောက်အပံ့ပေးတဲ့နေရာမှာ အမြဲတစ် ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါတယ်။ Music ပိုင်းမှာဆိုရင်လည်း လူငယ်တွေ နှစ်သက်တဲ့ Myanmar IDOL Season-4 ကို Official Smartphone Sponsor အဖြစ် ပါဝင်အားဖြည့်ပေးခဲ့သလို လူငယ်တွေကြားမှာ ခေတ်စားလာတဲ့ E-Sports အားကစားနည်းတွေထဲက တစ်မျိုးဖြစ်တဲ့ PUBG Mobile Myanmar Championship ပြိုင်ပွဲများကိုလည်း Title Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့ပါတယ်။

E-Sports လို အားကစားနည်းတွေက မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်ပေမယ့် တစ်ချို့သော extreme sports လို အားကစားနည်းတွေကတော့ ဒီနိုင်ငံမှာ ဖွံ့ဖြိုးဖို့လိုအပ်နေသေးတာကို တွေ့ရပါတယ်။ နိုင်ငံတကာမှာတော့ scuba diving၊ surfing၊ paragliding၊ BMX နဲ့ Sky diving လိုမျိုး extreme sports တွေက ခေတ်စားလာပါတယ်။ ဒါပေမယ့် သမာရိုးကျအားကစားနည်းတွေနဲ့ မတူညီတဲ့ ဒီလိုမျိုး Extreme Sports တွေကတော့ မြန်မာနိုင်ငံမှာ သိပ်ခေတ်မစားသေးပဲ street style ဆန်တဲ့ skateboarding လိုကစားနည်းတွေပဲ လူငယ်တွေကြားမှာ ကစားလာကြတာ တွေ့ရပါတယ်။

မျိူးဆက်သစ်လူငယ်တွေရဲ့ အိပ်မက်တွေကို အစဥ်အမြဲ အကောင်အထည်ဖော်ပေးလေ့ရှိတဲ့ OPPO Myanmar ကလည်း Parkour ကစားနည်းကို ရူးသွပ်ခုံမင်စွာ ကစားနေကြတဲ့ လူငယ်လေးတွေရဲ့ အခက်အခဲ အတားအဆီးတွေ စိန်ခေါ်မှုတွေ အိပ်မက်တွေ အကြောင်းကို ဖော်ထုတ်ပေးခဲ့ပါတယ်။ Parkour ကစားနည်းကို စိတ်အားထက်သန်မှုတွေနဲ့အတူ အခက်အခဲတွေကြားကနေ ကြိုးစားခဲ့မှုတွေနဲ့ စိန်ခေါ်မှုကိုနှစ်သက်တဲ့ လူငယ်တွေရဲ့ Parkour ကစားနည်းအပေါ် သူတို့ထားရှိတဲ့ အိပ်မက်တွေအကြောင်းကို တင်ဆက်ထားတဲ့ ဗီဒီယိုတစ်ခုကို OPPO Reno2 F စမတ်ဖုန်းနဲ့အတူ OPPO Myanmarရဲ့ Facebook Page မှာတင်ဆက်ထားပါတယ်။
အသေးစိတ်ကို အောက်ပါ link မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။