Emoji တွေရဲ့ အမူအရာဟန်ပန် ရောထားတဲ့ Stickers တွေ Gboard မှာသုံးလို့ရတော့မယ်
Gboard ဆိုတာတော့ Android သမားတွေအတွက် Google ကတရားဝင်ထုတ်ပေးထားတဲ့ Virtual Keyboard တစ်ခုဖြစ်ပါတယ်။Gboard ကိုတစ်နှစ်နဲ့တစ်နှစ် ပိုမိုကောင်းမွန်လာအောင် လုပ်လာနေရာမှာ မနှစ်ကတော့ Emoji တွေအလိုက် Gif နဲ့ Stickers တွေကို ပြပေးတဲ့ လုပ်ဆောင်ချက်ကိုထည့်သွင်းပေးခဲ့ပါတယ်။



ခုတော့ Expression မတူတဲ့ Emoji နှစ်ခုကိုပေါင်းပြီး Stickers ထုတ်ပေးမဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေပြီဖြစ်ပါတယ်။ထွက်လာတဲ့ ပုံတွေကတော့ တော်တော်လေး ချစ်စရာကောင်းသလို၊ ရယ်စရာလည်းကောင်းတာကို တွေ့ရနိုင်ပါတယ်။ဒီ Features ကို Emoji တိုင်းအတွက်ရမှာမဟုတ်ပဲ ကန့်သတ်ထားတဲ့ Emoji တွေအတွက်သာ ရရှိမှာဖြစ်ပါတယ်။



တစ်ကယ်လို့ ကိုယ့်ဖုန်းမှာရှိတဲ့ Gboard က Beta Version9.0.2.290777105 ဆိုရင် Setting ထဲက Preference မှာ သွားရောက်ပြီး Emoji Browsing Suggestions entry under Preferences ကိုဖွင့်ပေးလိုက်ရင်ရပါပြီ။


Ref : Android Police