2020 နှစ်ဝက်မတိုင်ခင် ထွက်လာဦးမယ့် Xiaomi Mi 10 Series

Xiaomi CEO Lei Jun ကိုယ်တိုင်ပြောကြားချက်အရ Xiaomi Mi 10 ကို 2020 ပထမ (၄) လပတ်အတွင်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။သတင်းပေါက်ကြားချက်တွေအရ Snapdragon 865 SoC ကိုသုံးပြီး February လအတွင်းထွက်မယ်လို့ ခန့်မှန်းထားတာ တော်တော်ဖြစ်နိုင်ဖို့ သေချာနေပါပြီ။

သတင်းသမားတွေ ပြောကြားချက်အရ Mi 10 ကို Samsung Galaxy S20 Series မိတ်ဆက်မဲ့  February 11 နေ့မှာပဲ တစ်ပြိုင်နက် မိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။မိတ်ဆက်ပွဲသာ အတူတူလုပ်ဖြစ်မယ်ဆိုရင် ဘယ်ဖုန်းက ပိုပြီး လူစိတ်ဝင်စားပိုများနိုင်လဲဆိုတာ ရင်ခုန်စွာစောင့်ကြည့်ရမှာပါ။Xiaomi အနေနဲ့လည်း Mi 10 နဲ့ Mi 10 Pro ဆိုပြီး Samsung Galaxy  S20 Series အပြိုင် ဖုန်း ၂ လုံးကိုမိတ်ဆက်သွားမှာပါ။

image : gsmarena

Xiaomi ဥက္ကဌ Lei Jun ကတော့ Xiaomi အနေနဲ့ Snapdragon သုံးထားတဲ့ ဖုန်းပေါင်းအလုံးရေ 427 သန်းကျော်ရောင်းချပြီးသွားပြီလို့ ဆိုပါတယ်။2020 မှာလည်း Xiaomi အနေနဲ့  5G အသုံးပြုနိုင်တဲ့ ဖုန်း ၁၀ ထိရောင်းချသွားဖို့ရှိတယ်လို့ သိရပါတယ်။

Mi 10 Series မှာ 108 Mp Camera Sensor, 66W Fast Charging စတာတွေ အပါအဝင် Metal +  Glass Body ကိုသုံးထားနိုင်တယ်လို့ သိရပါတယ်။Display ကို Dual Punch Hole၊ Screen Refresh Rate ကိုလည်း 120Hz ထည့်သွင်းနိုင်ချေရှိပြီး OLED Screen အဖြစ်မြင်ရနိုင်ပါတယ်။Ram တွေလည်း ပလုံစီနေအောင်ထည့် ပေးနိုင်ပါသေးတယ်။နောက်တစ်ခု မျှော်လင့်ရတာက P2P(Price to Performance) ကောင်းကောင်းလာဖို့ပါ။Xiaomi Flagship တွေအနေနဲ့ လူတိုင်းအသုံးပြုနိုင်မယ့် ဈေးသင့်သင့် ဖုန်းတွေဖြစ်လာဖို့လည်း မျှော်လင့်ရပါတယ်။Mi 9 Series တုန်းကလည်း သူနဲ့ပြိုင်ဖက်တွေနဲ့စာရင် ဈေးကအတော်လေးသင့်တော်နေတာကို တွေ့ရနိုင်ပါတယ်။Xiaomi အနေနဲ့ Mi 10 Series မှာလည်း ဒီအစဥ်အလာကို ဆက်ထိန်းမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Mi 10 Series တွေမှာ Android 10 Pre-installed ပါဝင်လာမှာဖြစ်သလို IP Rating ပါဝင်လာမယ်လို့လည်း သိထားရပါသေးတယ်။

Ref : Android Headlines

Previous
Previous

Emoji တွေရဲ့ အမူအရာဟန်ပန် ရောထားတဲ့ Stickers တွေ Gboard မှာသုံးလို့ရတော့မယ်

Next
Next

Apple ရဲ့ Safari မှာ User Browsing Behaviour တွေခိုးယူနေတာကို ထောက်ပြလိုက်တဲ့ Google