Android အတွက် Facebook Dark Mode ရဖို့သိပ်မလိုတော့

Amoled Display တွေခေတ်စားလာတဲ့နောက်ပိုင်း App တော်တော်များများဟာ Dark  Mode တွေအပြိုင်အဆိုင်ထည့်လာကြပါတယ်။Power Comsumpution  အရရော User လိုအပ်ချက်အရရော ထည့်သွင်းလာတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ပိုကောင်းလာတဲ့ Display  တွေအတွက် ပိုကောင်းလာတဲ့ ပါဝါစားသက်သာသွားစေတာတော့ အမှန်ပါပဲ။ Social Media တော်တော်များများမှာ Dark Mode ရနေပြီဖြစ်ပေမယ့် ဇာတ်လိုက်ကျော် Facebook ကတော့ မနှစ်ကတည်းက ရမယ်ဆိုပြီး ညှော်လာတာ နှစ်ကူးလို့ ၂၀၂၀ ရောက်နေပြီး Android မှာတော့ မရသေးပါဘူး။

ခုတော့ Reddit မှာတက်လာတဲ့ သတင်းအရ Facebook က  User တွေကိုရွေးချယ်ပြီး Dark Mode ကိုစမ်းသုံးခွင်းပေးနေပြီလို့ သိရပါတယ်။အများဆုံးကတော့ Europe ဘက်က အသုံးပြုသူတွေ Dark Mode ကိုရရှိနေပြီး တစ်ချို့လည်း Dark Mode ရပြီး ချက်ချင်း ပြန်ပျောက်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။သေချာတာတစ်ခုကတော့ ဒီနှစ်  ၂၀၂၀ မကုန်ခင်တော့ Dark Mode ရရှိဖို့ သေချာပြီး Users တွေအကုန် ရမရတော့ မသေချာသေးပါဘူး။

အရင်တုန်းက Facebook ရဲ့ Watch Tab  မှာ Dark Mode ကို User အကုန်လုံးနီးပါးအတွက် Dark Mode ကိုစမ်းသပ်ပြီး ထုတ်ပေးခဲ့ပေမယ့် တစ်ချို့ Android ဖုန်းတွေမှာ App ရပ်သွားတဲ့ Error ရှိတာကြောင့် Dark Mode  ပြန်ဖြုတ်ထားခဲ့တာပါ။

Ref : Android Police

Previous
Previous

Oppo ကထုတ်လုပ်မယ့် Smartwatch မှာ ECG Sensor ပါဝင်လာဖွယ်ရှိ

Next
Next

Emoji တွေရဲ့ အမူအရာဟန်ပန် ရောထားတဲ့ Stickers တွေ Gboard မှာသုံးလို့ရတော့မယ်