Oppo ကထုတ်လုပ်မယ့် Smartwatch မှာ ECG Sensor ပါဝင်လာဖွယ်ရှိ

Smartwatch တွေအသည်းအသန် အပြိုင်အဆိုင်ဖြစ်နေတဲ့ အချိန်မှာ IT Company ကြီးတွေအနေနဲ့ စမတ်ဖုန်းတွေသာမက တစ်ခြား နည်းပညာအသုံးအဆောင် တွေကိုလည်း ထုတ်လုပ်ပါပြီ။ခုတော့ Smartwatch ပြိုင်ပွဲထဲကို Oppo ကလည်းစတင် ဝင်လာတော့မှာဖြစ်ပါတယ်။အရင်လတုန်းက Oppo အနေနဲ့ သူတို့ရဲ့ပထမဆုံး Smartwatch ကိုစတင် ထုတ်လုပ်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။သူ့ထက်အရင် နာမည်ရပြီးသား Brand တွေထဲမှာ Oppo အနေနဲ့ နာမည်ရဖို့အတွက် အကွက်ဆန်းတွေ ထုတ်သုံးပြီး Innovative ဖြစ်သင့်တယ်လို့ မြင်ပါတယ်။

နောက်ဆက်တွဲ ပေါက်ကြားလာတာကတော့ Oppo ရဲ့ smartwatch မှာ ECG(ElectroCardioGram) ပါဝင်လာမယ်ဆိုတာပါ။ECG ဆိုတာ လူ့နှလုံးကထွက်လာတဲ့   Electrical Signals တွေကိုဖမ်းယူတဲ့ Sensor ပါ။ဒီ Sensor ကိုသုံးပြီး ကိုယ့်နှလုံး တစ်မိနစ်အချက်ရေ ဘယ်လောက်ခုန်သလဲ၊  နှလုံးခုန်သံ ပုံမှန်ဖြစ်မဖြစ်ကိုလည်း စစ်ဆေးနိုင်ပါတယ်။နှလုံးရုတ်တရပ် မူမမှန်တာ၊ သွေးလည်ပတ်ပုံ နှေးတာတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။ပုံမှန် Smartwatch နဲ့ Band တွေမှာပါဝင်တဲ့ Optical Heart Rate Sensor တွေကတော့ နှလုံးခုန်နှုန်းနဲ့ သွေးထဲမှာ ပါဝင်တဲ့ Oxygen ပမာဏကိုသာ တိုင်းတာပေးနိုင်ပါတယ်။

ECG ကို Smartwatch မှာစတင် ထည့်သွင်းပေးတာကတော့ Apple ရဲ့ Apple Watch Series 4 မှာဖြစ်ပါတယ်။Samsung Galaxy Watch Active2, Withings ( ScanWatch),Amazfit Verge 2 တို့မှာလည်း ECG ပါဝင်ပြီးသားပါ။

Oppo Smartwatch ကို လေးထောင့်ပုံပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး အဝိုင်းပုံမထုတ်ရခြင်းကတော့ အဝိုင်းပုံလက်ပတ်ဟာ အလှအပသမားတွေ အတွက်သာ အဆင်ပြေပြီး Information တွေပြဖို့အတွက်ဆိုရင် လေးထောင့်ပုံကသာ ပိုအဆင်ပြေလို့ပါ။ဒါဆိုရင်တော့ Oppo Smartwatch ဟာအလှကြိုက်သူတွေထက် ပုံမှန်အသုံးပြုသူတွေကို ရည်ရွယ်ထုတ်လုပ်ထားပုံရပါတယ်။Oppo Smartwatch ကိုလာမယ့် Q1 Event အတွင်းမှာ Oppo Find X2 နဲ့အတူတူ မိတ်ဆက်သွားမှာပါ။

Ref : GSMARENA

Previous
Previous

မြန်မာလူငယ်တွေရဲ့ အိပ်မက်တွေအကောင်အထည်ဖော်ရာမှာ တစ်ထောင့်တစ်နေရာကနေ အစဥ်အမြဲ ပံ့ပိုးပေးနေတဲ့ OPPO Myanmar

Next
Next

Android အတွက် Facebook Dark Mode ရဖို့သိပ်မလိုတော့