realme မှမျိုးဆက်သစ်စမတ်ဖုန်း realme 5i နှင့် wireless Buds Air တို့ကိုတရားဝင်မိတ်ဆက်

realme 5i (4GB RAM + 64GB ROM) ကို ၂၂၉၉၀၀ နှင့် realme Buds Air ကို တော့ ၇၀၀၀၀ နဲ့ရောင်းပေးသွားမယ်လို့သိရပါတယ်။realme အနေနဲ့ “ Dare to Leap” ဆောင်ပုဒ်နဲ့အညီဆောင်ရွက်နေပြီး realme Myanmar မှကင်မရာလေးလုံးပါ realme 5 series Quad camera နဲ့ premium sound quality ခံစားနိုင်မည့် Music Accessory အသစ် realme Buds Air တို့ကို ရန်ကုန်မြို့ Lotte Hotel မှာတရားဝင်မိတ်ဆက်ပေးသွားပါတယ်။ realme 5i မှာတော့  (4GB RAM + 64GB ROM) တစ်မျိုးထဲကို ၂၂၉၉၀၀ ကျပ်နဲ့ ဇန်နဝါရီ (၂၅) နေ့တွင်ရောင်းချပေးမှာဖြစ်ပြီးအရောင်ကတော့ Aqua blue နဲ့ Forest Green နှစ်မျိူးဝယ်ယူနိုင်မှာပါ။ realme Buds Air ကိုတော့အားလုံးမမျှော်လင့်ထားတဲ့စျေးနှုန်း ၇၀၀၀၀ ကျပ်နဲ့ ဖေဖော်ဝါရီ ( ၁ ) ရက်နေ့မှာစတင်ရောင်းချပေးသွားမှာဖြစ်ပါ။ အရောင်အနေနဲ့ကတော့အဖြူရောင်ကိုစတင်ဝယ်ယူနိုင်မှာဖြစ်ပြီးနောက်ပိုင်းမှာတော့ Brand color အဝါရောင်ကိုပါဝယ်ယူနိုင်ပါတယ်။အသစ်မိတ်ဆက်ပေးလိုက်တဲ့ realme 5i မှာတော့ ကင်မရာပိုင်း ၊ ဘက်ထရီပိုင်း ၊ စွမ်းဆောင်ရည်ပိုင်းတို့မှာ ပိုကောင်းတဲ့ User experience နဲ့ စျေးနှုန်းမှာလည်းထိုက်တန်ရွေးချယ်မှုတစ်ခုဖြစ်လာမှာပါ။အရင် realme 5 series တွေမှာလူကြိုက်များခဲ့တဲ့119 degree ထိမြင်ကွင်းကျယ်ရိုက်နိုင်မည့် 8MP Ultra Wide-angle lens နဲ့ 12MP main camera, 2MP portraits lens၊ 2MP Ultra macro lens တို့ပါဝင်မှာပဲဖြစ်ပါတယ်။ အသုံးပြုသူတွေတောင်းဆိုလာတဲ့ ကြီးမားတဲ့ 5000 mAh Battery ကိုသုံးပေးထားပြီး Stand-by ထားရင်ရက်ပေါင်း ၃၀ နဲ့ ရုပ်ရှင်ကြည့်လျှင် နာရီ ၂၀၊ သီချင်းနားထောင်ရင်နာရီ၃၀ နဲ့ PUBG ပစ်ရင် ၉နာရီကျော်ထိအားအသုံးခံမှာပါ။ ဘက်ထရီပိုင်းလုံခြုံရေးအတွက် မီးဒဏ်ကာကွယ်မှုအဆင့် ၃ ဆင့်ပါဝင်မည်ဖြစ်သည်။စွမ်းဆောင်ရည်အပိုင်းအတွက် Snapdragon 665 chipset ကိုသုံးပေးထားပြီး ယခုဈေးတန်းမှာ ရွေးချယ်စရာကောင်းစေမည့် 4+64 GBနဲ့တွဲဖက်ပေးထားတာပါ။ Realme 5i မှာသေးသွယ်တဲ့ ကိုယ်ထည်ပိုင်းအတွက် နောက်ဆုံးပေါ်ဒီဇိုင်းဖန်တီးမှု Sunrise Design ကိုအသုံးပြုပေးထားပြီး ဖုန်းနောက်ကျော်ဘက် ဘယ်ဘက်အောက်ထောင့်မှ နေအလင်းရောင်ဖြာထွက်သလိုGlow နေမှာပါ။နောက်ကျောကာဗာရဲ့ထိတွေ့ခံစားမှုကောင်းဖို့ Anti-fingerprints Surfaceနည်းပညာကြောင့် လက်ဗွေရာ အလွယ်တကူထင်မှာမဟုတ်ပါဘူး။ realme 5iရဲ့မျက်နှာပြင်မှာ 20:9 ratio ကိုအခြေခံထားသောကြီးမားတဲ့ 6.5-inchအရွယ်အစားရှိပြီးပိုမိုသေးငယ်တဲ့ mini-drop notch ဒီဇိုင်းနှင့်အတူ HD+ ရုပ်ထွက်အရည်အသွေးကိုခံစားနိုင်မှာပါ။

အတူတူမိတ်ဆက်ပေးလိုက်တဲ့ Music Accessory ဖြစ်တဲ့ realme Buds Air ကတော့ True Wireless အမျိုးအစားBluetooth နားကြပ်ဖြစ်ပြီး မိမိသုံးတဲ့device နဲ့တစ်ခါချိတ်ဆက်ပြီးCharging Port (Casing) ကိုဖွင့်လိုက်ရုံဖြင့်နောက်တစ်ခါအလိုအလျောက်ချိတ်ဆက်ပေးမှာပါ။ Customerized R1 Chip ကြောင့် ဂိမ်းကစားရာမှာ Bluetooth နားကြပ်များမှာတွေ့တဲ့ ရုပ်နှင့်အသံတစ်ထပ်တည်းမကျတဲ့ Latency ကို51% အထိလျှော့ချပေးနိုင်မှာပါ။ realme Buds Air ရဲ့ Latency ပမာဏက 120ms သာရှိသည့်အချက်ကလည်း Bluetooth နားကြပ်ကောင်းကောင်းကြိုက်နှစ်သက်သူတွေ သဘောတွေ့စေမှာပါDual Channel Real-time Transmission ကြောင့် နားကြပ်၂ဘက်စလုံးကို ပြည့်ဝတဲ့အသံစနစ်ကိုပေးနိုင်မှာဖြစ်ပါတယ်။ realme Buds Air မှာ ပါဝင်တဲ့ Dual Mic Noise Cancellation စနစ်က ဖုန်းပြောတဲ့အချိန်မှာပြင်ပဆူညံသံများဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး 12mm Driver (Bass) အမျိုးအစားကြောင့် ပိုမိုပြည့်ဝသည့် Dynamic Bass Boost အရည်အသွေးကိုပါရရှိမှာပါ။

Ear-in detection ကနားမှာတပ်ထားပြီး သီးချင်းနားထောင်ချိန်တွင် နားကြပ်တစ်ဖက်ကို ချွတ်လိုက်ပါက သူ့အလိုအလျောက် သီချင်းကိုPause ပေးပြီး ပြန်တပ်လိုက်ရင်သူ့အလိုအလျောက်ပြန် Playနိုင်ပါတယ်။နားတစ်ဖက်ကို လက်ချောင်းဖြင့် Long Press ခပ်ကြာကြာဖိထားရင် Google Assistant (Voice Feature) ကို Voice Command နဲ့ဖုန်းခေါ်ဆိုစေခြင်း၊ ဖုန်းတွင်ထည့်ထားသည့် app များကိုဖွင့်ခိုင်းခြင်းစတာတွေကိုပါစေခိုင်းအသုံးပြုနိုင်မှာပါ၊၊ နားကြပ်တစ်ဘက်ဘက်ကို ၂ချက်အမြန်ထိလိုက်ရင် Play/Pause, ၃ချက်အမြန်ထိရင် Next Song ကိုကျော်နိုင်မှာပါ။ နားကြပ်နှစ်ဘက်ကို ဘယ်ညာ Long Press ဖိရင် Gaming Mode ထဲရောက်သွားပြီး ၃ချက်အမြန်ပြန်ထိရင်Gaming Mode ထဲမှ ပြန်ထွက်မှာပါ။ realme Buds Air ကို Single Playback အဖြစ်သုံးမယ်ဆို၃နာရီကြာအထိအသုံးပြုနိုင်ပြီး Charging Port နှင့်တွဲဖက်အသုံးပြုပါက၁၇နာရီအထိဘက်ထရီခံမှာပါ။ အလေးချိန်ကတော့ 4.2g ပဲရှိပြီး နားထဲတွင်သက်သောင့်သက်သာရှိမည့်ခံစားချက်ကိုပါရရှိမှာပါ။

Author: Hein Htet (PhaseII)

Previous
Previous

Apple ရဲ့ Safari မှာ User Browsing Behaviour တွေခိုးယူနေတာကို ထောက်ပြလိုက်တဲ့ Google

Next
Next

OnePlus ရဲ့ နောက်မော်ဒယ်သစ်စမတ်ဖုန်းမှာ Wireless Charging ပါဝင်လာနိုင်