OnePlus ရဲ့ နောက်မော်ဒယ်သစ်စမတ်ဖုန်းမှာ Wireless Charging ပါဝင်လာနိုင်

Rumor များစွာထွက်ရှိနေတဲ့ OnePlus ရဲ့ မော်ဒယ်အသစ် OnePlus 8 ကတော့ ရှေ့မော်ဒယ်တွေမှာမပါဝင်ခဲ့ wireless charging နည်းပညာကိုထည့်သွင်းတော့မယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ရှေ့ကဖုန်းတွေမှာ wireless charging ကိုတမင်မထည့်ခဲ့တဲ့ One plus ကတော့နောက်ဆုံးမှာတော့ wireless charging နည်းပညာမှာ အဆင့်သင့်ဖြစ်နေပြီလို့ကောလဟာလတွေထွက်နေပါတယ်။ Charging like a pro ဆိုတဲ့ caption နဲ့ wireless charging pad ပေါ်မှာ ဖုန်းအားသွင်းနေတဲ့ပုံတွေဟာပြန့်နှံ့လာတာပါ။ဒီဖုန်းဟာ OnePlus 8 pro လဲမဟုတ်သေးသလို Rumor အဆင့်မှာပဲရှိပါသေးတယ်။

OnePlus က ရှေ့မော်ဒယ်တွေမှာစျေးအရမ်းကြီးသွားမှာစိုးလို့ wireless charging ကိုတမင်သက်သက်မထည့်ခဲ့တာလဲဖြစ်နိုင်ပါတယ်။ Oneplus 8 pro မှာ Wireless Charging ပါလာခဲ့မယ်ဆိုရင်တော့ premium specification နဲ့ပထမဆုံး Oneplus ရဲ့ Wireless charging ဖုန်းဖြစ်လာမှာပါ။
OnePlus 8 pro မှာ 6.65 လက်မ အရွယ်မျက်နှာပြင်အကွေးခုံးကို 120Hz refresh rate ရှိတဲ့ Fluid AMOLED Punch hole display,Snapdragon 865 နဲ့ 5G နည်းပညာပါဝင်လာမယ်လို့လဲ leak တွေထွက်ရှိထားပါတယ်။
OnePlus က Charging နည်းပညာမှာ ၂၀၁၆ ကတည်းက fast wired charging နည်းပညာကို Dash Charge နာမည်နဲ့မိတ်ဆက်ပေးခဲ့ပြီးတစ်နေ့လုံးစာကို တစ်နာရီခွဲနဲ့အားသွင်းနိုင်ပါတယ်။
Wireless solution တွေကတော့တဖြည်းဖြည်းနဲ့တိုးတက်လာပြီးအားသွင်းရင်ကြာတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ OnePlus ကတော့ wireless feature ပေါ်မှာကြိုးစားနေတာနှစ်ပေါင်းများစွာရှိနေပြီဖြစ်တဲ့အတွက် ထွက်လာရင်တော့ စိတ်ကျေနပ်စရာရလဒ်တစ်ခုယူဆောင်လာနိုင်မယ်လို့ထင်ပါတယ်။
Author: Hein Htet ( Phase II )
Ref : Gadgets360