Apple ရဲ့ Safari မှာ User Browsing Behaviour တွေခိုးယူနေတာကို ထောက်ပြလိုက်တဲ့ Google
Google ရဲ့ Researcher တွေဟာ Apple Safari မှာ အသုံးပြုသူတွေရဲ့ Browsing Behaviour တွေကို ခိုးယူနေတဲ့ အားနည်းချက်တွေ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။Safari Browser မှာပါဝင်တဲ့ User Sensitive Data တွေကိုကာကွယ်ဖို့အတွက် ထည့်ထားတဲ့ Tool မှာအားနည်းချက်တွေရှိနေတာပါ။

Bloomberg ကထုတ်ပြန်ထားတဲ့ Report မှာတော့ Google ကအားနည်းချက်ကို ထုတ်ပြန်ပြီး မကြာခင်မှာပဲ Apple က အဆိုပါအားနည်းချက်ကို ချက်ချင်းပြင်သွားတယ်လို့ သိရပါတယ်။လေ့လာသူတွေပြောကြားချက်အရ Apple ရဲ့ Safari မှာ Intelligent Tracking Prevention လို့ခေါ်တဲ့ နည်းပညာကို Ads တွေအနေနဲ့ Users တွေရဲ့ Browsing Data တွေကိုမသိနိုင်အောင် ကာကွယ်ပေးဖို့ ရည်ရွယ်ထုတ်လုပ်ထားပေမယ့် သူကိုယ်တိုင်က Data တွေကိုပြန်ပြီး Track လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
Google Chrome မှ Software Engineer တစ်ယောက်ကတော့ Apple အနေနဲ့ Tracking လုပ်ဖို့အတွက် ပြန်ပြီး Tracking လုပ်သလိုဖြစ်နေတာ Privacy အတွက်သိပ်ပြီးအဆင်မပြေဘူးလို့ ပြောကြားခဲ့ပါတယ်။Apple ဘက်ကတော့ ခုလိုလုံခြုံရေးနဲ့ ပတ်သတ်ပြီး ဖြစ်ပျက်သွားတဲ့ အပေါ် ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသလို Twitter မှာလည်း Tweet တွေကိုပြန်လည် ဖြေကြားထားခြင်း မရှိသေးပါဘူး။
Ref : Firstpost