2019 မှာ Facebook နဲ့ Messenger download ဆွဲနှုန်းကိုကျော်တက်သွားတဲ့ Tiktok

Tiktok ကတော့ အမေရိကန် စစ်တပ်နဲ့ရေတပ်ကလုံခြုံရေးအကြောင်းပြချက်နဲ့ပိတ်လိုက်လို့ ကြောက်စရာကောင်းတဲ့သတင်းနဲ့ ၂၀၁၉ ကိုနူတ်ဆက်ခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာလုံးအတိုင်းအတာမှာ သန်း ၇၀၀ ကျော် Download ဆွဲခဲ့ကြတဲ့ တရုတ်လူမှုကွန်ရက် app တစ်ခုအနေနဲ့ ၂၀၁၉ ဟာအအောင်မြင်ဆုံးနှစ်တစ်နှစ်ဆိုလဲမမှားပါဘူး။ Data Firm တစ်ခုဖြစ်တဲ့ Sensor Tower ရဲ့ ဖော်ပြချက်အရ Facebook နဲ့ Messenger ကိုကျော်တက်ပီး WhatsApp နောက် ဒုတိယနေရာမှာရပ်တည်ခဲ့ပါတယ်။ WhatsApp ကတော့ download ဆွဲနှုန်း သန်း ၈၀၀ ကျော်ရခဲ့တာပါ။Sensor Tower က ပထမ 45% သော download ဆွဲသူများဟာ India မှဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။နောက်ခံတီးလုံးနဲ့၁၅ စက္ကန့်စာ video များကိုဖန်တီးနိုင်ပြီး လူငယ်အများစုနဲ့ လူကြီးများပါကြိုက်နှစ်သက်တဲ့ တရုတ်လူမှုကွန်ရက် application ကို ByteDance ဆော့ဖ်ဝဲကကုမ္ပဏီကရေးဆွဲခဲ့တာပါ။

Tiktok ဟာလွန်ခဲ့လအနည်းငယ်တုန်းလဲစုံစမ်းစစ်ဆေးမှုများကို ခံခဲ့ရပါတယ်။ US အစိုးရကတော့ Huawei ကို နိုင်ငံလုံခြုံရေးဆိုင်ရာထိပါးမှုနဲ့သံသယရှိခဲ့ပြီးနောက် Tiktok နဲ့ ByteDance ကုမ္ပဏီကိုလဲအသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုဖောက်ဖျက်တယ်ဆိုပြီးစွပ်စွဲထားပါတယ်။

ဒီသံသယတွေနဲ့အတူ US က Huawei ကိစ္စနဲ့ပတ်သက်ပြီး  Tiktok ကို Blacklist ထဲတော့ မထည့်သေးပေမဲ့အမေရိကန်ရေတပ်နဲ့စစ်တပ်ကတော့ ပင်တဂွန်စစ် ဌာနချူပ်ရဲ့ ညွှန်ကြားမှုအောက်မှာ Tiktok ကိုပိတ်ပင်လိုက်ပါပြီ။

Author: Hein Htet (Phase II)

Ref : cnet , Sensor Tower

Previous
Previous

Resolution အမြင့်ဆုံးနဲ့ Screen Record ဖမ်းနိုင်မယ့် Android 11

Next
Next

Samsung ရဲ့မျိူးဆက်သစ်ခေါက်ချိုးဖုန်း Galaxy Bloom leak ထွက်ရှိလာ